မြောင်းမြ ဇန်နဝါရီ ၂၀
ဧရာဝတီတိုင်းဒေသကြီးတွင်
တည်ဆောက်နေသည့် မြောင်းမြတံတားအသစ် တည်ဆောက်မှု လုပ်ငန်းသည် ၈၃ ရာခိုင်နှုန်း ဆောင်ရွက်ပြီးစီးနေပြီ
ဖြစ်၍ ဧပြီလဆန်းပိုင်းမှ စတင်၍ ယာဉ်များ ဖြတ်သန်းသွားလာ နိုင်တော့မည်ဖြစ်ကြောင်း ဆောက်လုပ်ရေး ဝန်ကြီးဌာနမှ
သိရသည်။
မြောင်းမြတံတားအသစ်မှာ
လပွတ္တာ-မြောင်းမြ-အိမ်မဲ-ကျောင်းကုန်း-ကျုံပျော်လမ်းပေါ်၌ တည်ရှိကာ ပင်မတံတား အပိုင်းအား
Steel Truss Deck Type အမျိုးအစားဖြင့် တည်ဆောက်ထားပြီးချဉ်းကပ် တံတားနှစ်ခုအား
P.C Composite Girder ဖြင့် တည်ဆောက်ထားကြောင်း သိရသည်။ တံတား၏ အောက်ထည်မှာ သံကူကွန်ကရစ်
အမျိုးအစားဖြစ် ကြောင်းလည်း သိရသည်။ တံတား၏အရှည်မှာ ၈၃၀ မီတာရှိပြီး တံတားအကျယ်မှာ
၃၄ ပေ ရှိကာ မြောင်းမြဘက် ကမ်းအခြမ်းရှိ ချဉ်းကပ် တံတားနှင့် ပုသိမ်ဘက်ကမ်းအခြမ်းရှိ
ချဉ်းကပ် တံတားအရှည်ကို ၂၇၀ မီတာ အရှည်စီ တည်ဆောက် ထားကြောင်း သိရသည်။
ယာဉ်သွားလမ်းအကျယ်
၂၈ ပေရှိသည့် နှစ်လမ်း သွားဖြစ်ကာ ရေလမ်းကင်းလွတ်ခွင့် အမြင့်မှာ ရေအမြင့်ဆုံးနေရာ၌
၁၄ မီတာရှိကြောင်း သိရသည်။ ရေလမ်းကင်းလွတ်ခွင့် အကျယ်မှာ ၁၃၀ မီတာရှိပြီး တံတားခံနိုင်ဝန်မှာ
ယာဉ်တစ်စီးချင်း ၇၅ တန်ရှိကာ တစ်ဖက်လျှင် ၃ ပေ အကျယ်အဝန်း ရှိ လူသွားလမ်းပလက်ဖောင်း
အသွား၊ အပြန် ပါရှိကြောင်း တံတားကြီး အား တာဝန်ယူတည်ဆောက် ခဲ့သည့် တည်ဆောက်ရေးအဖွဲ့(၁)မှ
သိရသည်။
ယခင်က မြောင်းမြကြိုးတံတားအဟောင်းမှာ
ခံနိုင်ရည်ကျဆင်းလာသဖြင့် တံတားအသစ်ကို မူလ ကြိုးတံတားအဟောင်း၏ ရေစုန်ဘက်အခြမ်းတွင်
၄၆ ပေခွာ၍ ၂၀၁၇ ခုနှစ်မေ ၁ ရက်တွင် စတင် တည်ဆောက်နေခြင်းဖြစ်ကာ တည်ဆောက်နေခိုက် ၂၀၁၈
ခုနှစ်ဧပြီ ၁ ရက်တွင် မတော်တဆကျိုးကျ ပျက်စီးခဲ့ရခြင်းလည်းဖြစ်သည်။ ထိုအချိန်မှစတင်၍
ပြည်သူလူထုသွားလာမှု လွယ်ကူအဆင်ပြေစေ ရန်အတွက် နိုင်ငံတော်အစိုးရက အကုန်ကျခံကာ ယနေ့အချိန်ထိ
ဇက်ဖြင့် အခမဲ့ပို့ဆောင်ပေးလျက်ရှိပြီး ယခုအခါ မြောင်းမြတံတားအသစ်ကို အမြန်ပြီးစီးရန်
လိုအပ်သော ကြောင့် လုပ်ငန်းများ အရှိန် အဟုန်မြှင့် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
“တံတားခံနိုင်ဝန်က
ယာဉ်တစ်စီးချင်းကို ၇၅ တန် အသုံးပြုခွင့် သတ်မှတ်ထားပေမယ့် ဒေသဖွံ့ဖြိုးရေး အတွက် မဖြစ်မနေ
သယ်ဆောင်ရမယ့် အရေးကြီး ပစ္စည်းများကိုတော့ သယ်ဆောင်ဖြတ်သန်းခွင့်ပေး ပါ့မယ်။ ပြည်သူလူထုအတွက်လည်း
(ယာဉ်+ကုန်) တန် ၆၀ ကိုသယ်ဆောင်ပြီးတော့ တံတားပေါ် ကနေ ဖြတ်သန်းသွားလာခွင့်ပြုပေးမှာ
ဖြစ်ပါတယ်” ဟု တံတားဦးစီးဌာန တည်ဆောက်ရေးအဖွဲ့ (၁) မှ ညွှန်ကြားရေးမှူး(မြို့ပြ) ဦးမျိုးဝင်းက
ပြောကြားသည်။
ပွင့်သစ္စာ
ဓာတ်ပုံ - စိုးမြင့်အောင်
ဓာတ်ပုံ - စိုးမြင့်အောင်

No comments:
Post a Comment