နေပြည်တော် ဒီဇင်ဘာ ၎
နယ်စပ်ရေးရာဝန်ကြီးဌာန၊
နယ်စပ်ဒေသနှင့် တိုင်းရင်းသား လူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနနှင့်
Terra People Association (TPA) တို့အကြား နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးပွဲ အခမ်းအနားအား
ယနေ့ ၁၁ နာရီတွင် နယ်စပ်ရေးရာဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပရာ နယ်စပ်ရေးရာဝန်ကြီးဌာန၊
ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရဲအောင်၊ ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များ၊
Terra People Association မှ Country Representative, Ms. SHIBATA Kyoko နှင့် တာဝန်ရှိသူများ
တက်ရောက်ခဲ့ကြသည်။
အခမ်းအနားတွင်
ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရဲအောင်က အမှာစကားပြောကြားပြီး Terra
People Association မှ Country Representative, Ms. SHIBATA Kyoko မှ နားလည်မှုစာချွန်လွှာ
လက်မှတ်ရေးထိုးခြင်းနှင့် စပ်လျဉ်း၍ ရှင်းလင်း ပြောကြားသည်။
ထို့နောက်
နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်
ဦးရဲနိုင်နှင့် Terra People Association မှ Country Representative, Ms. SHIBATA Kyoko တို့က နားလည်မှုစာချွန်လွှာအား
လက်မှတ်ရေးထိုးခဲ့ကြသည်။
ယနေ့
လက်မှတ်ရေးထိုးသည့် နားလည်မှုစာချွန်လွှာအနေဖြင့် အပြန်အလှန် ဆက်နွယ်အကျိုးပြု လူမှုအဖွဲ့အစည်း
ဖန်တီး ဖော်ဆောင်ခြင်း စီမံကိန်းအား ရှမ်းပြည်နယ် (တောင်ပိုင်း) တောင်ကြီးမြို့နယ်၊
ညောင်ရွှေမြို့နယ်၊ ဆီဆိုင်မြို့နယ်၊ ဟိုပုံးမြို့နယ်၊ ပင်လောင်းမြို့နယ်၊ ကျောက်တလုံးကြီးမြို့နယ်၊
နောင်တရားမြို့နယ်နှင့် ချင်းပြည်နယ် မင်းတပ်မြို့နယ်၊ မတူပီမြို့နယ်နှင့် ထန်တလန်
မြို့နယ်တို့တွင် အမေရိကန်ဒေါ်လာ (၃,၀၀၄,၂၀၀) ဖြင့် ၂၀၁၈ ခုနှစ်မှ ၂၀၂၂ ခုနှစ်အထိ စီမံကိန်းကာလ
(၄) နှစ်ဖြင့် အကောင် အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
(သတင်းစဉ်)

No comments:
Post a Comment