Tuesday, December 4, 2018

စီမံကိန်း စိစစ်သုံးသပ် အကဲဖြတ်ရေးဆိုင်ရာ ပံ့ပိုးနိုင်ရေး အဆင့်မြင့် အလုပ်ရုံ ဆွေးနွေးပွဲ ကျင်းပ








နေပြည်တော် ဒီဇင်ဘာ ၎
စီမံကိန်း စိစစ်သုံးသပ် အကဲဖြတ်ရေးဆိုင်ရာ ပံ့ပိုးနိုင်ရေး အဆင့်မြင့်အလုပ်ရုံ ဆွေးနွေးပွဲတို့တွင်  ယနေ့ နံနက်ပိုင်းက နေပြည်တော်ရှိ စိုက်ပျိုးရေး မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၌ ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူ တက်ရောက် အမှာစကား ပြောကြားသည်။

ပြည်ထောင်စုဝန်ကြီးက ဆွေးနွေးပြောကြားရာ၌ ဝန်ကြီးဌာနအနေဖြင့် နိုင်ငံတော် ခွင့်ပြုငွေ၊ ပြည်ပချေးငွေ၊ အထောက်အပံ့ များဖြင့် လယ်ယာကဏ္ဍ ဖွံ့ဖြိုးမှုဆိုင်ရာ စီမံကိန်းများအား ဆောင်ရွက်ရာတွင် အဆိုပါ စီမံကိန်းလုပ်ငန်းများ ထိရောက်စွာ ဆောင်ရွက်နိုင်မှုကို သိရှိနိုင်ရန် စီမံကိန်း စိစစ်သုံးသပ် အကဲဖြတ်သည့် စနစ်တစ်ခု တည်ဆောက်ရန် လိုအပ်ကြောင်း၊ စီမံကိန်းများ မဆောင်ရွက်မီ၊ ဆောင်ရွက်ဆဲနှင့် ဆောင်ရွက်ပြီး လုပ်ငန်းများအား စောင့်ကြည့်လေ့လာ စိစစ်သုံးသပ်နိုင်ရန်နှင့် ယင်းစီမံကိန်းများမှ သုံးစွဲလိုက်သော အရင်းအမြစ်များနှင့် ထိုက်တန်သည့် မျှော်မှန်းရလာဒ်များ ရရှိခြင်း ရှိ/ မရှိ အား သိရှိနိုင်မည်ဖြစ်ရာ ဆွေးနွေးပွဲသို့ ပါဝင်တက်ရောက်လာကြသော ပညာရှင်များက မိမိတို့၏ အသိပညာ အတွေ့အကြုံများကို အခြေခံပြီး အကြံပြုချက်ကောင်းများ ပံ့ပိုးပေးကြစေလိုကြောင်း ပြောကြားသည်။
ထို့နောက် ဥရောပသမဂ္ဂမှ M&E ပညာရှင်များက ဝန်ကြီးဌာနအတွင်း အကောင်အထည် ဖော်ဆောင်ရွက်မှု အခြေအနေများ၊ တွေ့ရှိချက်များ၊ အားသာချက်နှင့် အားနည်းချက်များအား ဆွေးနွေးတင်ပြကြရာ ဆွေးနွေးပွဲ တက်ရောက်လာကြသူများက ပြန်လည်သုံးသပ် ညှိနှိုင်းဆွေးနွေးပြီး ဝန်ကြီးဌာန M&E စနစ် ပိုမိုအားကောင်းလာစေရေးအတွက် ဥရောပသမဂ္ဂမှ နည်းပညာနှင့် အထောက်အပံ့များ ဆက်လက် ပံ့ပိုပေးသွားရန် ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိသည်။
(သတင်းစဉ်)

No comments:

Post a Comment