Tuesday, December 4, 2018

ရန်ကုန်တက္ကသိုလ်ဝင်ခွင့်ရရှိပြီး ကျောင်းအပ်နှံရန် နောက်ကျနေ သူများ ကို လက်ခံဆောင်ရွက်ပေးနေ


ရန်ကုန် ဒီဇင်ဘာ ၃
ရန်ကုန်တက္ကသိုလ်ဝင်ခွင့်ရရှိပြီး အကြောင်းအမျိုးမျိုးကြောင့် ကျောင်း အပ်နှံရန် နောက်ကျနေသူများ၏ ကျောင်းအပ်နှံမှုကို လက်ခံဆောင် ရွက်ပေးလျက်ရှိကြောင်း ရန်ကုန်တက္ကသိုလ် ကျောင်းသား ရေးရာ ဌာနမှ သိရသည်။

၂ဝ၁၈-၂ဝ၁၉ ပညာသင်နှစ်၌ ရန်ကုန်တက္ကသိုလ်တွင် ဖွင့်လှစ် သင်ကြားနေသော ဘာသာရပ် အသီးသီး၏ ပထမနှစ် သင်တန်း များသို့ ဝင်ရောက်ခွင့်ရရှိသူဦးရေမှာ ၁၉၆၂ ဦး ဖြစ်ပြီး ကျောင်းအပ် လက်ခံချိန်တွင် ကျောင်းသား ကျောင်းသူ ပေါင်း ၁၃၈၉ ဦး လာရောက် အပ်နှံခဲ့ပြီးဖြစ်ကြောင်း သိရသည်။ ရန်ကုန်တက္ကသိုလ် ဝင်ခွင့်ရရှိပြီး အကြောင်းအမျိုးမျိုးကြောင့် ကျောင်းအပ်နှံရန် နောက်ကျ နေသူများအနေဖြင့် ရန်ကုန် တက္ကသိုလ်ကိုယ်စားပြုပညာရေးအဖွဲ့ထံ နောက်ကျ ရသော အကျိုး အကြောင်း ခိုင်လုံစွာ တင်ပြလာသည့် ဝင်ခွင့် ရရှိသူများ ကို ကျောင်းအပ်နှံမှု လက်ခံ ဆောင်ရွက်ပေးနေခြင်း ဖြစ်သည်။
ထို့ပြင် ၂ဝ၁၇-၂ဝ၁၈ ပညာသင်နှစ်၌ ကျရှုံးခဲ့သော ပထမနှစ်ကျောင်း သား ကျောင်းသူများ၏ ကျောင်း အပ်နှံမှုကို လည်း လက်ခံဆောင် ရွက်ပေး လျက်ရှိသည်။
ယနေ့တွင် ရန်ကုန်တက္ကသိုလ်၌ သင်ကြားနေသော ဘာသာရပ်များ အနက် ဘာသာရပ် ၂၅ ခု၏ ပထမနှစ်သင်တန်း များကို ရန်ကုန် တက္ကသိုလ်(လှိုင်နယ်မြေ)တွင် လည်းကောင်း၊ ငါးလုပ်ငန်းဆိုင်ရာ ဘာသာရပ်ကို ရန်ကုန်တက္ကသိုလ် ဘွဲ့နှင်း သဘင်နောက်ကျောရှိ မစ္ဆဗေဒဌာနတွင် လည်းကောင်း စတင် ဖွင့်လှစ်သင်ကြားလျက် ရှိကြောင်း သိရသည်။
ရန်ကုန်တက္ကသိုလ်၌ ဘွဲ့ကြို(ရိုးရိုး/ဂုဏ်ထူးတန်း) သင်တန်းများ၊ ဘွဲ့လွန်နှင့် ပါရဂူသင်တန်းများကို ဖွင့်လှစ်ပို့ချပေး လျက်ရှိသည်။
ထင်ပေါ်ဝင်း(ကမာရွတ်)

No comments:

Post a Comment