Monday, December 3, 2018

အမျိုးသားအောင်ပွဲနေ့ မြို့မကျောင်းသား ကျောင်းသူဟောင်းများ ဂါရဝပြု


ရန်ကုန် ဒီဇင်ဘာ ၂

(၉၈)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ ကျောက်စာတိုင်ဂါရဝပြုပွဲနှင့် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် အခမ်းအနားကို ယနေ့ နံနက် ၇ နာရီတွင် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ်ကျောက်စာတိုင်ရှိရာ ရန်ကုန်မြို့ ရွှေတိဂုံစေတီတော်ရင်ပြင် စနေထောင့်၌ ကျင်းပခဲ့သည်။ 

ဂါရဝပြုပွဲဖြစ်မြောက် ရေးအတွက် ကြီးမှူးကျင်းပသော ရန်ကုန်မြို့ မြို့မကျောင်းသား၊ ကျောင်းသူ ဟောင်းများ၊ အသင်းသားများက မြန်မာသက္ကရာဇ် ၁၂၈၂ ခု တန်ဆောင်မုန်း လပြည့်ကျော် ၈ ရက်တွင် စိုက်ထူခဲ့ သော အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် ကျောက်စာတိုင်ရှေ့တွင် ဆက်လက် ဆောင်ရွက်သွားမည့် အမျိုးသားရေး တာဝန်များကို ရွတ်ဆိုကာ ဂါရဝပြုကြပြီး အမှတ်တရ စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံများ ရိုက်ကူးခဲ့ကြသည်။ နှစ်စဉ် မြို့မ ကျောင်းသား ကျောင်းသူဟောင်းများ အသင်းမှ အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် အခမ်းအနားကို ရန်ကုန်မြို့ ဒဂုံမြို့နယ် စကားဝါလမ်းရှိ အသင်းရုံးရှိရာ မြတ်မွန် ရတနာခန်းမ၌ကျင်းပရာ မြို့မ ကျောင်း သား ကျောင်းသူဟောင်းများအသင်း ဥက္ကဋ္ဌ ဦးသန်းဝင်းက အမှာစကား ပြောကြားသည်။ ဆက်လက်၍ အမျိုးသားအောင်ပွဲနေ့အကြောင်း ဟောပြောပွဲများကို ဦးနန္ဒကျော်စွာ၊ ဦးခင်မောင်သိန်း၊ ရဲဘော် ဘခက်တို့က ဟောပြောကြပြီး အထက (၂)၊ အထက(၃) ဒဂုံ ကျောင်းသား၊ ကျောင်းသူများက ဖျော်ဖြေပွဲများ ကျင်းပခဲ့ကြောင်း သိရသည်။

အေကေလင်း၊ ဓာတ်ပုံ-ဗလစိုး

No comments:

Post a Comment