နေပြည်တော်၊ နိုဝင်ဘာလ ၂၉ ရက်
ပြည်သူ့လွှတ်တော်၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်
ကျေးလက်လူမှုဘဝ ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီအတွင်းရေးမှူး ဦးမောင်မောင်ဦးသည် အမေရိကန်သံရုံးမှ
ဒုတိယအတွင်းဝန် Ms.Sarah Grebowski အား ယနေ့ မွန်းလွဲ ၁ နာရီ အချိန်တွင် နေပြည်တော်ရှိ
လွှတ်တော်ရေးရာ ဆောင် အဆောင်အမှတ် (I-10) ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။
တွေ့ဆုံရာတွင် ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးဆိုင်ရာကိစ္စရပ်များ၊
လွှတ်တော်တွင်း ဆောင်ရွက်နေသော ဥပဒေပြုရေးဆိုင်ရာ ကိစ္စရပ်များ နှင့်စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ
ဆွေးနွေးခဲ့ ကြသည်။
(သတင်းစဉ်)
No comments:
Post a Comment