Thursday, November 29, 2018

မြန်မာ-လာအို နှစ်နိုင်ငံ အစည်းအဝေးသို့ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင် အဖွဲ့ဝင် ဦးဇော်ဝင်းနှင့်အဖွဲ့ တက်ရောက်


 
နေပြည်တော် နိုဝင်ဘာ ၂၈
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ အဂတိလိုက်စားမှု တိုက်ဖျက် ရေးကော်မရှင် (ACC)နှင့် လာအိုနိုင်ငံအစိုးရ စစ်ဆေးရေးနှင့် အဂတိ လိုက်စားမှု တိုက်ဖျက်ရေး အာဏာပိုင်အဖွဲ့ (SIAA) တို့ အကြား
အောက်တိုဘာ ၁၅ ရက်တွင် လက်မှတ်ရေးထိုးခဲ့သည့် နားလည်မှု စာချွန်လွှာ(MoU) အရ အဂတိလိုက်စားမှု တားဆီး ကာကွယ်ရေးနှင့် တိုက်ဖျက်ရေးနှင့်စပ်လျဉ်းသည့် အတွေ့ အကြုံဖလှယ်ရေးဆိုင်ရာ နှစ်နိုင်ငံအစည်းအဝေးကို နိုဝင်ဘာ ၁ဝ ရက်မှ ၂၃ ရက်အထိ လာအိုနိုင်ငံတွင် ကျင်းပခဲ့ရာ မြန်မာနိုင်ငံ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်အဖွဲ့ဝင် ဦးဇော်ဝင်း၊ ဦးအောင်သန်းမြင့်နှင့် အဖွဲ့ တက်ရောက်ခဲ့ပြီး လာအိုနိုင်ငံ SIAA မှ ဒုတိယဥက္ကဋ္ဌ Mr. Sinay Mianglavanh နှင့် အဖွဲ့ တက်ရောက်သည်။
အစည်းအဝေးတွင် မြန်မာနိုင်ငံ ACC နှင့် လာအိုနိုင်ငံ SIAA တို့မှ ဆောင်ရွက်လျက်ရှိသည့် အဂတိလိုက်စားမှု တားဆီး ကာကွယ်ရေးနှင့် တိုက်ဖျက်ရေးလုပ်ငန်းများ၊ တာဝန်နှင့် လုပ်ပိုင်ခွင့်များ၊ ဥပဒေမူဘောင်နှင့် အဖွဲ့အစည်းဆိုင်ရာ ဖွံ့ဖြိုး တိုးတက်ရေးလုပ်ငန်းများ၊ နိုင်ငံတကာပူးပေါင်းဆောင်ရွက်ရေး လုပ်ငန်းများ၊ ရှေ့ဆက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များနှင့် စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ အပြန်အလှန် ဆွေးနွေးပြောကြား သည်။
ယင်းနေ့ ညနေပိုင်းတွင် လာအိုနိုင်ငံ၏ ဒုတိယဝန်ကြီးချုပ် နှင့် SIAA ၏ ဥက္ကဋ္ဌ H.E. Dr. Bounthang Chitmany အား ဂါရဝပြု တွေ့ဆုံဆွေးနွေးသည်။
ကော်မရှင်အဖွဲ့ဝင် ဦးဇော်ဝင်းနှင့် အဖွဲ့သည် နိုဝင်ဘာ ၂၂ ရက်တွင် လာအိုနိုင်ငံ ဗီယန်ကျင်းပြည်နယ်သို့ သွားရောက်၍ မြို့တော်ဝန် Mr. Vidong Xayyasone နှင့် တွေ့ဆုံပြီး ပြည်နယ်အစိုးရမှ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် အဂတိလိုက်စားမှု တားဆီး ကာကွယ်ရေးနှင့် တိုက်ဖျက် ရေး လုပ်ငန်းများနှင့် စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

သတင်းစဉ်

No comments:

Post a Comment