Thursday, November 29, 2018

အမျိုးသားညွှန်ကိန်း မူဘောင်တစ်ရပ်ဖွံဖြိုးလာစေရေး ဒုတိယအကြိမ် ဆွေးနွေးပွဲကျင်းပ



နေပြည်တော် နိုဝင်ဘာ ၂၉

မြန်မာနိုင်ငံ၏ ရေရှည်တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီသော ဖွံ့ဖြိုးတိုးတက်မှုစီမံကိန်း (Myanmar Sustainable Development Plan)အား တိုင်းတာမည့် အမျိုးသားညွှန်ကိန်း မူဘောင်ဖော်ဆောင်ရေး ဆွေးနွေးပွဲကို ယနေ့နံနက် ၉ နာရီခွဲတွင် နေပြည်တော်ရှိ Park Royal ဟိုတယ်၌ ကျင်းပသည်။


ဆွေးနွေးပွဲတွင် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီးဦးဆက်အောင်က အမှာ စကားပြောကြားသည်။

ယင်းနောက် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ဗဟိုစာရင်းအင်းအဖွဲ့ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာဝါ၀ါမောင်နှင့် UNDP မှ Deputy Country Director Ms. Dawn Del Rio တို့က နှုတ်ခွန်းဆက်စကားပြောကြားကြသည်။

ယနေ့ဆွေးနွေးပွဲကို မြန်မာနိုင်ငံ၏ ရေရှည်တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီသော ဖွံ့ဖြိုးတိုးတက်မှုစီမံကိန်း အကောင်အထည်ဖော်သည့် ကာလတစ်လျှောက်လုံးနှင့် အကောင်အထည်ဖော်ပြီး နောက်ပိုင်းကာလထိ စီမံကိန်း၏ ထိရောက်မှု၊ စွမ်းရည်ပြည့်ဝမှု၊ ရေရှည်တည်တံ့မှုနှင့် သက်ရောက်မှုတို့ကို မျက်ခြေ မပြတ်သိရှိ တိုင်းတာနိုင်ရန်အတွက် အမျိုးသားညွှန်ကိန်း မူဘောင်တစ်ခု ပေါ်ပေါက်လာစေရန် ရည်ရွယ်၍ ကျင်းပခြင်း ဖြစ်ကြောင်း သိရသည်။

မျိုးမြင့်၊ ဟန်လင်းနိုင်
ဓာတ်ပုံ- အေးသန်း

No comments:

Post a Comment