နေပြည်တော်၊ သြဂုတ် ၉
ပြန်ကြားရေးဝန်ကြီးဌာန
ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်သည် မြန်မာနိုင်ငံဆိုင်ရာ ဗြိတိန် သံအမတ်ကြီး H.
E. Mr. Daniel Patrick Chugg အား ယနေ့နံနက် ၁၀ နာရီတွင် ပြန်ကြားရေး ဝန်ကြီးဌာန
ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။
တွေ့ဆုံစဉ်
ရခိုင်ပြည်နယ် မောင်တောဒေသသို့ ပြည်တွင်း/ပြည်ပ သတင်းမီဒီယာများ စေလွှတ်ပေးနေမှု၊
အဆိုပါဒေသ တည်ငြိမ်အေးချမ်းမှုနှင့် ဖွံ့ဖြိုးတိုးတက်မှု ရှိစေရေး
ဆောင်ရွက်နေမှုများနှင့် ပတ်သက်၍ သတင်းထုတ်ပြန်မှု၊ မြန်မာနိုင်ငံ၏ လက်ရှိမီဒီယာ
အခင်းအကျင်းနှင့် လုပ်ဆောင်နေမှု အခြေအနေ၊ မြန်မာနိုင်ငံ၏ သတင်းမီဒီယာ လွတ်လပ်ခွင့်
အခြေအနေစသည့် ကိစ္စရပ်များနှင့် စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြသည်။
(သတင်းစဉ်)

No comments:
Post a Comment