နေပြည်တော်၊ သြဂုတ် ၉
ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးတီခွန်မြတ်သည်
မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်ကြီး H.E. Mr. Scot Marciel အား ယနေ့မွန်းလွဲ
၃ နာရီတွင် နေပြည်တော်ရှိ လွှတ်တော် အဆောက်အအုံ၊ ပြည်သူ့လွှတ်တော်ဆောင် ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။
ထိုသို့တွေ့ဆုံစဉ် အမေရိကန်-မြန်မာ နှစ်နိုင်ငံချစ်ကြည်
ရင်းနှီးမှု ပိုမိုတည်ဆောက်ရေး၊ ဒီမိုကရေစီ စနစ် ပိုမိုခိုင်မာ အားကောင်းရေး၊ ပြည်တွင်းငြိမ်းချမ်းရေး
လုပ်ငန်းစဉ်များ၊ စီးပွားရေး ရင်းနှီးမြှုပ်နှံမှုနှင့် ကုန်သွယ်မှု တိုးမြှင့်ဆောင်ရွက်ရေး၊
နှစ်နိုင်ငံ လွှတ်တော်များ၏ ဘတ်ဂျက်စိစစ်ရေး၊ အပြန်အလှန် ထိန်းကျောင်းရေး၊ ဥပဒေပြုရေးဆိုင်ရာ
ကိစ္စရပ်များနှင့် စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ အမြင်ချင်း ဖလှယ် ဆွေးနွေးခဲ့ကြကြောင်း
သိရသည်။
(သတင်းစဉ်)

No comments:
Post a Comment