နေပြည်တော်
သြဂုတ် ၆
တိုင်းဒေသကြီးနှင့်
ပြည်နယ်အလိုက် တည်ရှိသည့် ဆည်/ကန်များအနက် အချို့သော ဆည်/ကန် များမှာ မိုးရွာသွန်းမှု
အားကောင်း၍ သတ်မှတ်ကန်ရေပြည့် ပမာဏ ကျော်လွန်ကာ ရေပိုလွှဲများမှ ရေကျော်ကျလျက် ရှိသည်။
ထိုကဲ့သို့
ရေပိုလွှဲမှ ရေကျော်ကျခြင်းကြောင့် တစ်စုံတစ်ရာ စိုးရိမ်စရာမရှိ ကြောင်းနှင့် ရေပိုလွှဲမှ
ရေကျော်ကျခြင်းမှာ မူလ ဆည်/ကန်များ၏ ရေသိုလှောင်မှု ပမာဏဧရိယာ ပြည့်မီသွားခြင်းကြောင့်
ပိုလျှံသောရေကို ရေပိုလွှဲမှတစ်ဆင့် မူလ ချောင်းထဲသို့ ပြန်လည်ထုတ်လွှတ် စီးဝင်စေခြင်းသာ
ဖြစ်ကြောင်း ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေး ဦးစီးဌာနမှ သိရသည်။
ယမန်နေ့က
ရေပိုလွှဲမှ ရေကျော်ကျသည့် တမံ ၃၈ခုရှိခဲ့ပြီး ယနေ့တွင် မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့နယ်
တောင်ခရမ်း ရေလှောင်တမံနှင့် ရှမ်းပြည်နယ် မြောက်ပိုင်း နမ္မတူမြို့နယ် မုံရင်ရေလှောင်တမံတို့မှာ
သတ်မှတ်ကန်ရေပြည့်၍ ရေပိုလွှဲမှ ရေကျော်ကျလျက်ရှိကာ မွန်ပြည်နယ် သထုံမြို့နယ် ၀ါးပါးရေလှောင်တမံမှာ
ရေပိုလွှဲမှ ရေကျော်ကျမှု မရှိတော့သဖြင့် ရေပိုလွှဲမှ ရေကျော်ကျသည့် ဆည်/တမံ ၃၉ ခု ရှိပြီး
အဆိုပါ ဆည်/တမံ များအား ဖော်ပြအပ်ပါသည်။
No comments:
Post a Comment