Friday, August 3, 2018

ရင်ခွင်မဲ့ကလေးများလျော့ချရေးနှင့်ကာကွယ်စောင့်ရှောက်ရေးအသင်းဖွဲ့စည်းနိုင်ရေး ညှိနှိုင်းဆွေးနွေး




 
ပုသိမ် သြဂုတ် ၃

ရင်ခွင်မဲ့ကလေးများ လျော့ချရေးနှင့် ကာကွယ်စောင့်ရှောက်ရေးအသင်း ဗဟိုအလုပ်မှုဆောင်အဖွဲ့ ဥက္ကဋ္ဌ ဒေါ်မေယဉ်ထွန်း၊ အထွေထွေအတွင်းရေးမှူး ပါမောက္ခ ဒေါက်တာမြသီတာ၊ အဖွဲ့ဝင်များဖြစ်သော ဒေါ်ခိုင်နွယ်ဦးနှင့် ဒေါက်တာခင်သန်းအေးတို့ ပါဝင်သော အဖွဲ့သည် သြဂုတ်လ ၃ ရက် နေ့လယ်ပိုင်းက ဧရာဝတီတိုင်းဒေသကြီး အစိုးရ အဖွဲ့ရုံးအစည်းအဝေးခန်းမ(၁)၌ တိုင်းဒေသကြီးအတွင်း ရင်ခွင်မဲ့ကလေးများ လျော့ချရေးနှင့် ကာကွယ် စောင့်ရှောက်ရေး အသင်းဖွဲ့စည်းနိုင်ရေး ညှိနှိုင်း ဆွေးနွေးပွဲ ပြုလုပ်သည်။


ဆွေးနွေးပွဲတွင်အဖွဲ့ ဥက္ကဋ္ဌ ဒေါ်မေယဉ်ထွန်းက အမျိုးသမီးများနှင့် ကလေးသူငယ်များ၏ အခွင့်အရေးများကို ကာကွယ်စောင့်ရှောက်မှု ပေးနိုင်ရန်အတွက် အသင်းဝင်အဖြစ် လျှောက်ထားနိုင်သည့် အခြေအနေများနှင့် တိုင်းဒေသကြီး/ ပြည်နယ်နှင့် ခရိုင်များတွင် အသင်းများဖွဲ့စည်း ဆောင်ရွက်မည့် အခြေအနေများအား လည်းကောင်း၊ ရင်ခွင်မဲ့ကလေးငယ်များ လျော့ချရေးနှင့် ကာကွယ်စောင့်ရှောက်ရေးအသင်း အထွေထွေအတွင်းရေးမှူး ပါမောက္ခ ဒေါက်တာမြသီတာမှ ရင်ခွင်မဲ့ကလေးများ ဖြစ်ပေါ်လာမှုအား လျော့ချရန် ရင်ခွင်မဲ့ကလေးများ ကာကွယ် စောင့်ရှောက်မှုနှင့် တစ်ကိုယ်ရေ မိခင်များ လျော့ချနိုင်ရေးအတွက် ကာကွယ် စောင့်ရှောက်ရေး လုပ်ငန်းစဉ်များကို အသေးစိတ် ရှင်းလင်း ပြောကြားခဲ့သည်။

ဆွေးနွေးပွဲသို့ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ၀န်ကြီးချုပ်၏ဇနီး ဒေါ်ခင်နှင်းညို၊ လူမှုရေးဝန်ကြီး ဒေါက်တာ လှမြတ်သွေး နှင့် တိုင်းအဆင့်ဌာနဆိုင်ရာ အကြီးအကဲများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ခရိုင်ပြန်/ဆက်

No comments:

Post a Comment