နေပြည်တော် မေ ၎
ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး
ဒေါက်တာဖေမြင့်သည် ဂျပန်နိုင်ငံ၊ ပြည်ထဲရေးနှင့် ဆက်သွယ်ရေး ၀န်ကြီးဌာန ဒုတိယ၀န်ကြီး
H.E. Mr. Manaba SAKAI နှင့် အဖွဲ့အား ယနေ့မွန်းလွဲ ၂ နာရီတွင် ပြန်ကြားရေးဝန်ကြီးဌာန
ဧည့်ခန်းမ၌ လက်ခံ တွေ့ဆုံသည်။
တွေ့ဆုံစဉ် ဂျပန်နိုင်ငံ
NHK သတင်းဌာနနှင့် မြန်မာနိုင်ငံ ရွှေသံလွင်မီဒီယာတို့
ပူးပေါင်း၍ တည်ထောင်မည့် ကုမ္ပဏီကို ဇွန် ၂၆ ရက်တွင် ဖွင့်လှစ်မည့်ကိစ္စ၊ မြန်မာ့ရုပ်မြင်သံကြားနှင့်
ဂျပန်ရုပ်သံလွှင့် မီဒီယာများအကြား ပူးပေါင်း ဆောင်ရွက်နိုင်မည့် အခြေအနေများနှင့် ပူးပေါင်း
ထုတ်လုပ်လိုသည့် အစီအစဉ်များ၊ ဂျပန်နိုင်ငံ ပြည်ထဲရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန (MIC)နှင့်
NHK သတင်းဌာန၏ ဖွဲ့စည်းပုံနှင့် လုပ်ငန်းဆောင်ရွက်မှု အခြေအနေများ၊ ဂျပန်နိုင်ငံမှ ရုပ်သံမီဒီယာများနှင့်
စိတ်ဝင်စားဖွယ် ရုပ်သံအစီအစဉ်များ ထုတ်လွှင့်နိုင်ရေးနှင့် ပြန်ကြားရေးဝန်ကြီးဌာနနှင့်
ဂျပန်နိုင်ငံ National Institute of
Information and Communications Technology –NICT တို့အကြား ဆောင်ရွက်ဆဲ ဘာသာပြန်စက်နှင့်
ပတ်သက်၍ ဆက်လက် ဆောင်ရွက်နိုင်ရေး အခြေအနေများအား ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးကြ
သည်။
တွေ့ဆုံပွဲသို့ ပြန်ကြားရေးဝန်ကြီးဌာန
ဒုတိယ၀န်ကြီး ဦးအောင်လှထွန်းနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သိရှိရသည်။
(သတင်းစဉ်)

No comments:
Post a Comment