နေပြည်တော် မေ ၎
ရခိုင်ပြည်နယ်
တည်ငြိမ်အေးချမ်းမှုနှင့် တိုးတက်ရေး အကောင်အထည်ဖော်ရေး ဗဟိုကော်မတီ လုပ်ငန်းညှိနှိုင်း
အစည်းအဝေး အမှတ်စဉ် (၂/၂၀၁၈)ကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ နိုင်ငံတော်သမ္မတအိမ်တော်
အစည်းအဝေးခန်းမ၌ ကျင်းပရာ ဗဟိုကော်မတီဥက္ကဋ္ဌ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်
တက်ရောက်၍ အမှာစကား ပြောကြားသည်။
အစည်းအဝေးသို့ ဗဟိုကော်မတီ
ဒုတိယဥက္ကဋ္ဌများ ဖြစ်ကြသည့် နယ်စပ်ရေးရာ ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး
ရဲအောင်၊ ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးညီပု၊ ဗဟိုကော်မတီအဖွဲ့ဝင်များ ဖြစ်ကြသည့် ကာကွယ်ရေးဝန်ကြီးဌာန
ပြည်ထောင်စု ဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး စိန်ဝင်း၊
နိုင်ငံတော်အတိုင်ပင်ခံရုံး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေ၊
ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်၊ ပြည်ထောင်စုအစိုးရအဖွဲ့ရုံး
ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်း၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဌာန
သူရဦးအောင်ကို၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး
ဒေါက်တာအောင်သူ၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး
ဦးအုန်းဝင်း၊ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်၊ အလုပ်သမား၊
လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေ၊
စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ချို၊ စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး
ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်၊ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး
ဒေါက်တာ မျိုးသိမ်းကြီး၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး၊
ဆောက်လုပ်ရေး ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဟန်ဇော်၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်
ပြန်လည် နေရာချထားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေး၊ တိုင်းရင်းသား
လူမျိုးများရေးရာ ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး နိုင်သက်လွင်၊ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်
ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်၊ ပြည်ထောင်စုရှေ့နေချုပ် ဦးထွန်းထွန်းဦး၊
ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်စိုး၊ နယ်စပ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး
ဗိုလ်ချုပ်သန်းထွဋ်၊ နိုင်ငံတော် အတိုင်ပင်ခံရုံး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးခင်မောင်တင်၊
ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယ ဝန်ကြီးဦးသာဦး၊ စီမံကိန်းနှင့် ဘဏ္ဍာရေး
ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
အစည်းအဝေးတွင် ရခိုင်ပြည်နယ်
တည်ငြိမ်အေးချမ်းမှုနှင့် ဖွံ့ဖြိုးမှု တိုးတက်ရေး အကောင်အထည်ဖော်ရေး ဗဟိုကော်မတီဥက္ကဋ္ဌ၊
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က အစိုးရသစ် တာဝန် လွှဲပြောင်းရယူစဉ်ကပင်
စနစ်တကျ ဆောင်ရွက်နိုင်ရန် မျှော်မှန်း၍ မိမိတို့ဗဟိုကော်မတီကို ဖွဲ့စည်းဆောင်ရွက်ခဲ့ခြင်း
ဖြစ်ကြောင်း၊ ဖြစ်ပေါ်လာသည့် အခြေအနေများပေါ် မူတည်၍ ဗဟိုကော်မတီ၏ လုပ်ငန်းများကို ချဲ့ထွင်
ဆောင်ရွက်ရသည်များလည်း ရှိလာခဲ့ကြောင်း၊ ရခိုင်ပြည်နယ် အခြေအနေနှင့် နိုင်ငံတကာ အခြေအနေ
ပြောင်းလဲမှုများ ရှိလာခဲ့သော်လည်း ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး
လုပ်ငန်းစဉ်များကို စဉ်ဆက်မပြတ် အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် ပုံမှန်တိုးတက်မှုများ
ရှိနေကြောင်း၊ နေရပ်စွန့်ခွာ သွားသူများ ပြန်လည်လက်ခံရေး၊ ပြန်လည် နေရာချထားရေးတို့ကို
ဆောင်ရွက်ရာတွင် မြန်မာ- ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ သဘောတူညီချက်များကို အခြေခံ၍ အကောင်
အထည်ဖော် ဆောင်ရွက်သွားရန် ဖြစ်ကြောင်း၊ တစ်ချိန်တည်းတွင် လုံခြုံရေး၊ ကျန်းမာရေး၊
ပညာရေးနှင့် အသက်မွေးဝမ်းကျောင်း စသည်အားဖြင့် ဆက်စပ် ဆောင်ရွက်ရမည့် ကိစ္စရပ်များလည်း
ရှိလာခဲ့ကြောင်း၊ ဗဟိုကော်မတီအနေဖြင့် မူလမျှော်မှန်းချက်များ အောင်မြင်စေရန် ကြိုးပမ်း
ဆောင်ရွက်ရာတွင် အခြေအနေအရ ဖြစ်ပေါ်လာသည့် လုပ်ငန်းများကိုလည်း သက်ဆိုင်ရာ ဝန်ကြီးဌာနများက
ပြန်လည် စိစစ်ပြီး ဦးစားပေး ခွဲခြားကာ ဆောင်ရွက်သွားရန် ဖြစ်ကြောင်း၊ ရခိုင်ပြည်နယ်
ရေရှည်တည်ငြိမ် အေးချမ်းမှုနှင့် ဖွံ့ဖြိုးတိုးတက်မှုတို့မှာ ပဋိပက္ခများ ရေရှည် ကင်းဝေးစေမည့်
ဖြေရှင်းချက် ဖြစ်သဖြင့် ဗဟိုကော်မတီ၏ လုပ်ငန်းစဉ်များကို ပိုမို၍ကြိုးပမ်းအားထုတ်
လုပ်ကိုင်ကြရန် လိုအပ်ကြောင်း၊ ပြန်လည်ထူထောင် တည်ဆောက်ရေး လုပ်ငန်းများတွင် အရည်အသွေး
စစ်ဆေးမှုများကို အလေးထား ဆောင်ရွက်သွားရန် ဖြစ်ကြောင်းဖြင့် အဖွင့်အမှာစကား ပြောကြားသည်။
ထို့နောက် ရခိုင်ပြည်နယ်
တည်ငြိမ်အေးချမ်းမှုနှင့် ဖွံ့ဖြိုးမှု တိုးတက်ရေး အကောင် အထည်ဖော်ရေး ဗဟိုကော်မတီ အတွင်းရေးမှူး
ဒုတိယဝန်ကြီး ဗိုလ်ချုပ်သန်းထွဋ်က ယခင်အစည်းအဝေး ဆုံးဖြတ်ချက်များအပေါ် အကောင်အထည်ဖော်
ဆောင်ရွက်ပြီးစီးမှုနှင့် ဆက်လက် ဆောင်ရွက်သွားမည့် လုပ်ငန်းစဉ်များကို ရှင်းလင်းတင်ပြသည်။
ဆက်လက်၍ ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းမှုနှင့်
ဖွံ့ဖြိုးမှု တိုးတက်ရေး အကောင် အထည်ဖော်ရေး ဗဟိုကော်မတီ ဒုတိယဥက္ကဋ္ဌ ရခိုင်ပြည်နယ် ဝန်ကြီးချုပ်
ဦးညီပုက ရခိုင်ပြည်နယ်၏ လက်ရှိအခြေအနေများနှင့် ပြန်လည် လက်ခံရေးအတွက် ဆောင်ရွက်နေမှုများကို
လည်းကောင်း၊ ကုလသမဂ္ဂ အဖွဲ့အစည်းများ၊ နိုင်ငံတကာ အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ရေး
လုပ်ငန်းကော်မတီ ဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေ က ရခိုင်ပြည်နယ်ဆိုင်ရာ ကိစ္စရပ်များအပေါ်
နိုင်ငံတကာနှင့် စပ်လျဉ်းသည့် အခြေအနေများကို လည်းကောင်း၊ ရခိုင်ပြည်နယ် တည်ငြိမ် အေးချမ်းမှုနှင့်
ဖွံ့ဖြိုးမှုတိုးတက်ရေး အကောင်အထည်ဖော်ရေး ဗဟိုကော်မတီ ဒုတိယဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး
ဒုတိယဗိုလ်ချုပ်ကြီး ရဲအောင်က နိုင်ငံတော် အတိုင်ပင်ခံရုံး ဝန်ကြီးဌာနနှင့် ပြည်ထောင်စုအစိုးရ
အဖွဲ့ရုံးတို့မှ ဗဟိုကော်မတီသို့ လွှဲပြောင်း ပေးပို့ထားသည့် အမှုတွဲများနှင့် စပ်လျဉ်း၍
လည်းကောင်း ရှင်းလင်း တင်ပြကြသည်။
ယင်းနောက် လူဝင်မှုကြီးကြပ်ရေးနှင့်
နိုင်ငံသားစိစစ်ရေး လုပ်ငန်းကော်မတီ ဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ
လုပ်ငန်းများ၊ နိုင်ငံသား စိစစ်ရေးဆိုင်ရာ လုပ်ငန်းများနှင့် စပ်လျဉ်း၍ လည်းကောင်း၊
ဒေသတွင်း ပြန်လည် နေရာချထားရေးနှင့် လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းကော်မတီ
ဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ကော်မတီ၏ လုပ်ငန်းများနှင့် UEHRD လုပ်ငန်းများ
ဆောင်ရွက်ထားရှိမှုနှင့် စပ်လျဉ်း၍ လည်းကောင်း ရှင်းလင်း တင်ပြကြသည်။
ထို့နောက် တက်ရောက်လာကြသူများက
ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းမှုနှင့် ဖွံ့ဖြိုးမှု တိုးတက်ရေး အကောင်အထည်ဖော် ဆောင်ရွက်ရေး
လုပ်ငန်းများနှင့် အထွေထွေ ကိစ္စရပ်များကို ဝိုင်းဝန်း အကြံပြုဆွေးနွေး တင်ပြကြသည်။
ယင်းနောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်
ဒေါ်အောင်ဆန်းစုကြည်က နိဂုံးချုပ် အမှာစကား ပြောကြားပြီး အစည်းအဝေးကို ရုပ်သိမ်းလိုက်သည်။
(သတင်းစဉ်)

No comments:
Post a Comment