စစ်တွေ ဒီဇင်ဘာ ၂၁
ရခိုင်ပြည်နယ် ၀န်ကြီးချုပ် ဦးညီပုနှင့် ပြည်နယ်အစိုးရ အဖွဲ့ဝင်များအား
မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံရုံးမှ အတွင်းဝန် Mr. Yusuke.Matsuoka နှင့် အဖွဲ့သည်
ယမန်နေ့မွန်းလွဲ ၁နာရီက ပြည်နယ်အစိုးရ အဖွဲ့ရုံးဝန်ကြီးချုပ် ဧည့်ခန်းမ၌ လာရောက် တွေ့ဆုံသည်။
တွေ့ဆုံစဉ် ဂျပန်သံရုံးမှ အတွင်းဝန် Mr. Yusuke.Matsuoka က
ရခိုင်ပြည်နယ်ဖွံ့ဖြိုး တိုးတက်ရေးအတွက် ကျောင်း၊ အဆောက်အဦ၊ လျှပ်စစ်၊ လမ်းပန်းဆက်သွယ်ရေး
လိုအပ်ချက်များ ကူညီဆောင်ရွက်ပေးနေမှုကို ဆွေးနွေးပြီး ရခိုင်ပြည်နယ်မြောက်ပိုင်းဒေသ
ဖွံ့ဖြိုးတိုးတက်ရေး အတွက် ဆက်လက်ကူညီ ဆောင်ရွက်ပေးမည့် အစီအစဉ်များအား အစိုးရက တိုက်ရိုက်ဖြစ်စေ၊
နိုင်ငံတကာ အဖွဲ့အစည်းများမှ တစ်ဆင့်ဖြစ်စေ ဆက်သွယ်ပြီး ပါဝင်ကူညီပေးသွားမည် ဖြစ်ကြောင်း
ပြောကြားသည်။
ထိုနောက် ပြည်နယ် ၀န်ကြီးချုပ်နှင့် ပြည်နယ် ၀န်ကြီးများက ရခိုင်ပြည်နယ်
ဖွံ့ဖြိုးတိုးတက်ရေး အတွက် ဆောင်ရွက်နေမှုနှင့် ဆက်လက် ဆောင်ရွက်မည့် အခြေအနေများကို
ဆွေးနွေးခဲ့ကြသည်။
ရခိုင်ပြည်နယ်တွင် ဂျပန်နိုင်ငံ၏ အကူအညီနှင့် ကျောင်းပေါင်း ၈၀
ဆောက်လုပ် လှူဒါန်းရန် လျာထားပြီး လက်ရှိမှာ ၁၆ ကျောင်းကို ဆောက်လုပ်နေပြီဖြစ်ကြောင်း
သိရသည်။
တင်ထွန်း(ပြန်/ဆက်)
No comments:
Post a Comment