ရန်ကုန် ဒီဇင်ဘာ၂၄
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊
ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးသည် ယမန်နေ့ မွန်းလွဲပိုင်းက ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တွင်
ဝန်ထမ်းအိမ်ရာများ တည်ဆောက်မည့် ရန်ကုန်တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေး ဦးစီးဌာန ဝန်းအတွင်းရှိမြေနေရာ၊
အားကစားနှင့်ကာယပညာဦးစီးဌာန၊ ကျိုက္ကဆံကွင်းဝင်းအတွင်းရှိမြေနေရာနှင့် နား၊ နှာခေါင်း၊ လည်ချောင်း၊ ဦးခေါင်းနှင့် လည်ပင်းခွဲစိတ်
အထူးကုဆေးရုံကြီးဝင်းအတွင်းရှိ မြေနေရာများအား သွားရောက်ကြည့်ရှုသည်။
ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနသည်
၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တွင် တည်ဆောက်ဆဲဆေးရုံများနှင့် မဖြစ်မနေ တည်ဆောက်ရမည့် ဆေးရုံများမှလွဲ၍
ဆေးရုံအသစ်တည်ဆောက်ခြင်းအား ခေတ္တရပ်ဆိုင်းထားကာ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ
ဦးစီးဌာနများမှ ဝန်ထမ်းများနေထိုင်ရန်အတွက် ဝန်ထမ်းအိမ်ရာ တိုက်ခန်းများအား ဦးစားပေး
အစီအစဉ်အတိုင်း တည်ဆောက်ပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
(သတင်းစဉ်)
No comments:
Post a Comment