Saturday, September 2, 2017

အခုဖြစ်နေတဲ့အနေအထားအရ လုံခြုံရေးကို ဒီမှာအမြဲတမ်းထားစေချင် ပါတယ်၊ ကလေးတွေနဲ့ အမျိုးသမီးတွေအတွက် စိုးရိမ်ရတယ်







ကိုမောင်မြင့်
သတင်းအဖွဲ့
မောင်တော၊ ဘူးသီးတောင်နှင့် ရသေ့တောင်မြို့နယ်တို့တွင် သြဂုတ်လ ၂၅ ရက်မှစတင်ပြီး ARSA အစွန်းရောက် အကြမ်းဖက် သမားများ၏ အကြမ်းဖက်တိုက်ခိုက်မှုများကြောင့် လမ်းပန်းဆက်သွယ်ရေးများ ပြတ်တောက်ကာ တိုင်းရင်းသားကျေးရွာများရှိ ဒေသခံပြည်သူများ စားနပ်ရိက္ခာပြတ်တောက်မှုနှင့် ကျန်းမာရေးထိခိုက်မှုများ ကြုံတွေ့ခံစားလျက်ရှိရာ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနနှင့် ရခိုင်ပြည်နယ်အစိုးရအဖွဲ့တို့မှ မောင်တောမြို့နယ်အတွင်းရှိ လမ်းပန်းဆက်သွယ်ရေး ခက်ခဲသည့် တိုင်းရင်းသားများနေထိုင်သည့် ကျေးရွာများသို့သွားရောက်ကာ တွေ့ဆုံအားပေးနှစ်သိမ့် စကားပြောကြားပြီး စားနပ်ရိက္ခာ များနှင့် ဆေးဝါးများကို ကူညီထောက်ပံ့ပေးအပ်ခဲ့သည်။

အဆိုပါ သွားရောက်ထောက်ပံ့ခဲ့သည့် ခရီးစဉ်အတွင်း တိုင်းရင်းသားကျေးရွာများရှိ ဒေသခံပြည်သူများ လက်ရှိရင်ဆိုင်ကြုံတွေ့နေရ သည့် အခက်အခဲများနှင့် လိုအပ်ချက်များအား တွေ့ဆုံမေးမြန်းထားသည်များကို တင်ပြလိုက်ပါသည်-
မောင်စန်းဝင်း(မင်းကြီးကျေးရွာ)
ဒီမှာက ဆန်၊ ဆီ ရိက္ခာတွေ ပြတ်နေပြီ။ လက်ကျန်လေးနဲ့ ဖြစ်သလို စားနေရပါတယ်။ ကျွန်တော်တို့အားလုံး ဘုန်းကြီး ကျောင်းမှာစုပြီး နေနေပါတယ်။ ရွာက အိမ်ခြေ ၆ဝ မှာ လူဦးရေ က ၃ဝဝ လောက်ရှိပါတယ်။
ရဲတပ်ဖွဲ့ဝင်အင်အားက နည်းနေလို့ ဝက်ကျိန်းကျေးရွာ ရဲတပ်ဖွဲ့ဝင်တွေ အင်အားပေါင်းထားပါတယ်။ အနီးနားမှာက ဘဂ¯လီရွာတွေချည်းပဲရှိပါတယ်။ ရွာလုံခြုံရေးကိုတော့ နယ်ခြား စောင့်ရဲတပ်ဖွဲ့ဝင်တွေနဲ့ ရွာသားတွေပေါင်းပြီး ဆောင် ရွက်နေပါတယ်။ ဒီရွာကတော့ ထွက်ပြေးတိမ်းရှောင်တဲ့သူ မရှိပါဘူး။
ကိုညီညီအောင်(တမန်းသားကျေးရွာ)
တမန်းသားရွာရဲ့ ဘေးပတ်ပတ်လည်မှာ ဘင်္ဂါလီရွာတွေ ချည်းပဲ။ ကာကွယ်ရေးအတွက်ကတော့ ရဲတပ်ဖွဲ့ဝင်တွေနဲ့ ကျေးရွာသားတွေ ပူးပေါင်းပြီး ဆောင်ရွက်နေပါတယ်။ အဓိက ကတော့ လုံခြုံရေးပါ။ ကလေးတွေက ကျန်းမာရေးမကောင်းဘူး။ နေရတာက ဘုန်းကြီးကျောင်းထဲမှာ လူတွေစုပြီး နေနေရပါတယ်။ အနီးအနား တိုင်းရင်းသားကျေးရွာတွေကလည်း ဒီမှာလာပြီး စုနေကြပါတယ်။
ဦးရွှေ(အထက်တန်းကျောင်းအုပ်၊ တမန်းသားကျေးရွာ)
ကလေးတွေစာသင်ကြားနေတဲ့အချိန်မှာ ဒီအကြမ်းဖက်မှု က ဗြုန်းခနဲပေါ်လာတော့ ကျောင်းပိတ်ထားရပါတယ်။ သူတို့ မှာက အကြမ်းဖက်စခန်းရယ်လို့ သီးခြားမရှိပါဘူး။ သူတို့နေတဲ့ နေရာအားလုံးက အကြမ်းဖက်စခန်းတွေလို့ ယူဆရမှာပါ။ အနီး အနားမှာက ဘဂ¯လီရွာတွေချည်းပဲ။ အခုလည်း သူတို့အိမ် သူတို့ မီးရှို့ပြီး ထွက်ပြေးသွားကြတာပါ။

ကျွန်တော်တို့ ဒီမှာ ဆရာ၊ ဆရာမတွေနဲ့ ကျန်းမာရေးဝန်ထမ်း တွေ ၆ဝ လောက်ရှိပါတယ်။ ဝန်ထမ်းတွေအတွက် စားဝတ်နေရေး ကိုလည်း ရှိတဲ့ရိက္ခာတွေစုပေါင်းပြီး စားနေရပါတယ်။ အနေကြာ လာရင် ကျန်းမာရေးလည်း စိုးရိမ်ရပါတယ်။ အဓိကကတော့ လုံခြုံရေးကို လုပ်ပေးစေချင်ပါတယ်။ စဖြစ်တုန်းက ဒီမှာရှိတဲ့ ရဲကင်းကို အကြမ်းဖက်သမားအင်အား ၅ဝဝ နဲ့ လာဝိုင်းပါတယ်။ လုံခြုံရေးတပ်ဖွဲ့ဝင်တွေ သတိဝီရိယနဲ့ ပြန်တွန်းလှန်လို့ သူတို့ ရဲစခန်းကို သိမ်းလို့မရသွားပါဘူး။ ရွာသားတွေစုပြီးနေတဲ့ ဘုန်းကြီးကျောင်းနားကို မိုင်းလာပြီး ထောင်ပါတယ်။ မိုင်းထောင် ပြီး အရိပ်အယောင်ပြတယ်။ ဒီကအပြင်ဘက်ကို မထွက်ကြဘူး။ လွန်ခဲ့တဲ့သုံးရက်က တပ်မတော်က ရောက်လာလို့ အသက်ရှူ ချောင်သွားပါတယ်။ အကြမ်းဖက်သမားတွေက အပြင်ကရော အနီးအနားကျေးရွာတွေကရော ပါလာကြပါတယ်။
ကိုမောင်မြင့်(တရိန်းကျေးရွာ)
အခုဖြစ်နေတဲ့အနေအထားအရ လုံခြုံရေးကို ဒီမှာအမြဲတမ်း ထားစေချင်ပါတယ်။ ဒီမှာက ကလေးတွေ၊ အမျိုးသမီးတွေချည်းပဲ။ ဖြစ်လာရင် ယောက်ျားတွေက တိမ်းရှောင်လို့ရပါတယ်။ ကလေး တွေနဲ့ အမျိုးသမီးတွေအတွက် စိုးရိမ်ရတယ်။ စားစရာကလည်း ဘယ်မှသွားလို့မရတော့ ရှိတာနဲ့ပဲ စားနေရပါတယ်။ ကျန်းမာ ရေးကတော့ ဒီမှာရှိတဲ့ ဆေးဝါးနဲ့ပဲ သုံးနေရပါတယ်။ လုံခြုံရေး ကတော့ တပ်မတော်ရှိနေတော့ စိတ်ချရတယ်။ တပ်တွေ နောက်တစ်နေရာ ရွှေ့သွားမှာစိုးရိမ်မိတယ်။ ဒီကိစ္စမအေးမချင်း တပ်တွေ ဒီနေရာမှာ ရှိနေစေချင်ပါတယ်။ တပ်အရွှေ့အပြောင်း လုပ်တဲ့အချိန် အကြမ်းဖက်သမားတွေ ကြားကဝင်ပြီး အကြမ်း ဖက်မှုတွေလုပ်သွားမှာ စိုးရိမ်မိပါတယ်။
ဒေါ်မညွန့်စိန်(ရန်အောင်မြင်ကျေးရွာ)
ဒီရွာမှာက ရခိုင်နဲ့ မြိုတိုင်းရင်းသားတွေ နေကြပါတယ်။ စားဖို့က အခက်အခဲရှိပါတယ်။ ကျန်းမာရေးမကောင်းတဲ့ သူတွေ လည်းရှိပါတယ်။ လုံခြုံရေးတော့ရှိပါတယ်။ အပြင်တော့ မထွက် ရဲဘူး။ နေ့ဆိုအိမ်ထဲမှာပဲ ပုန်းနေကြတယ်။ ညဘက်ဆို ဘုန်းကြီး ကျောင်းမှာစုပြီး သွားအိပ်ကြရပါတယ်။ ဒီမှာ ကျန်းမာရေး ဝန်ထမ်းဆရာမ ရှိတော့ ရှိတဲ့ဆေးဝါးနဲ့တော့ ကုသပေးနေ ပါတယ်။
ဦးမောင်သန်းတန်(ကျောက်ပန္ဒူကျေးရွာ)
ဒီရွာနဲ့အနီးအနားကစခန်းကို အကြမ်းဖက်သမားတွေ မီးရှို့လိုက်ကြတယ်။ အခု ရွာသားတွေ စုပြီးနေနေရပါတယ်။ ထွက်ပြေးစရာလည်း မရှိဘူး။ ဒီနားမှာ သူတို့တွေရှိနေရင် မနေ ရဲကြဘူး။
နောက်ထပ်ပြဿနာဖြစ်ရင်တော့ ဒီမှာနေလို့ မရနိုင် တော့ဘူး။ စားဖို့ကလည်း ရှိတဲ့လူကရှိ၊ မရှိတဲ့လူကမရှိ၊ အားလုံး ဝေငှပြီး စားနေရပါတယ်။

No comments:

Post a Comment