Friday, September 1, 2017

[ARSA အစွန်းရောက် အကြမ်းဖက်သမား သတင်း -၂၃]





အကြမ်းဖက်မှုမလိုလားသူ အစ္စလာမ် ဘာသာဝင်ရွာသားများက ARSA အစွန်းရောက် အကြမ်းဖက်သမား (၇)ဦးကို ဖမ်းဆီး၍ ရဲလက်အပ်နှံ
စက်တင်ဘာ ၁၊ ၂၀၁၇
မောင်တောဒေသတွင် အကြမ်းဖက်လုပ်ရပ်များလုပ်ဆောင်နေသော ARSA အစွန်း ရောက် အကြမ်းဖက်သမားများကို အစ္စလာမ်ဘာသာဝင်ရွာသူရွာသားများက ဝိုင်းဝန်းဖမ်းဆီး၍ ရဲတပ်ဖွဲ့ထံ အပ်နှံခြင်းများဆောင်ရွက်လျက်ရှိသည်။
သြဂုတ် ၃၁ရက်နေ့လည် ၁၂ နာရီ ၅၀ မိနစ်တွင် မောင်တောမြို့နယ်ရှိ ကျေးရွာသား (၆၀)ဦးခန့်သည် ရော်ဖီအဏ္ဏဝါ(၂၈)နှစ် (ဖ)သော်ဇူဟူးဆောင်း အားမသင်္ကာသဖြင့် ဖမ်းဆီးထား ခဲ့ပြီး မင်္ဂလာကြီး ချောင်းဝကင်းစခန်း သို့လာရောက် အကြောင်းကြားခဲ့သည်။

အလားတူ ညနေ ၄ နာရီခွဲတွင် ဟာမီဒူလာ (၂၀)နှစ် (ဖ)ဖေရောင်ပါ ကျား ၄ ဦးနှင့် မိချောင်း တက်ရွာမှ အဏ္ဏဝါဖိုက်ဆဲ (၂၂)နှစ် (ဖ)အဒူရာမောက်၊ ပေါင်း ၅ ဦးတို့အား မသင်္ကာသဖြင့် ဖမ်းဆီးထားကြောင်း ဖုန်းဖြင့် ထပ်မံအကြောင်းကြားခဲ့ သည်။ ထိုကဲ့သို့အကြောင်းကြားမှုကြောင့် ရဲတပ်ဖွဲ့ဝင်များသည် ဖမ်းဆီးထားသူ ၆ ဦးအား သွားရောက်ခေါ်ဆောင်စစ်ဆေးခဲ့ရာ အကြမ်းဖက်ဖြစ်စဉ်များတွင် ပါဝင်ခဲ့ကြောင်း စစ်ဆေးသိရှိ ရသည်။
ထို့အပြင် နေ့လည် ၁၁ နာရီခွဲတွင် ဘူးသီးတောင်မြို့နယ်စိမ်းညှင်းပြာ ကျေးရွာအုပ်စုရှိ ပြင်ရှည်အလယ် ရွာနေ အဒူတာလစ်(၂၂)နှစ် (ဖ)အာမောက်ဒူလ္လာ သည် မေယုတောင်ကျော် လမ်းအတိုင်း ဖြတ်ကျော်ဝင်ရောက်လာသဖြင့် ကျေးရွာတာဝန်ရှိသူများမှဝိုင်းဝန်း ဖမ်းဆီးကာ ကင်းချောင်း ရဲကင်းစခန်း သို့ လာရောက်အပ်နှံခဲ့သည်။
အဆိုပါဖမ်းဆီးရမိသူ ၇ ဦးအား ဥပဒေအရ အရေးယူရန် အတွက် စစ်ဆေးဆောင်ရွက်လျက် ရှိကြောင်းသိရသည်။
(သတင်းထုတ်ပြန်ရေးကော်မတီ)

No comments:

Post a Comment