Friday, September 1, 2017

[ARSA အစွန်းရောက် အကြမ်းဖက်သမား သတင်း -၂၂]





ARSA အစွန်းရောက်အကြမ်းဖက် သမားများ၏ အကြမ်းဖက်တိုက်ခိုက်မှု ဖြစ်စဉ်များ သိရှိရန် ပြည်တွင်း ပြည်ပမီဒီယာများ ပါဝင်သော သတင်းအဖွဲ့ မောင်တောမြို့၌ ဆက်လက်သတင်းရယူ
စက်တင်ဘာ ၁၊၂၀၁၇
ပြည်တွင်း ပြည်ပ မီဒီယာများပါဝင်သော သတင်းအဖွဲ့သည်သြဂုတ် ၃၁ ရက် နံနက်ပိုင်း တွင် မောင်တောမြို့ မြို့မတောင်ရပ်ကွက်သို့ ရောက်ရှိပြီး မောင်နီကျေးရွာနှင့် မြို့မတောင် ရပ်ကွက် အခြေအနေတို့နှင့် စပ်လျဉ်း၍ ရပ်ကွက်/ကျေးရွာ တာဝန်ရှိသူများနှင့် တွေ့ဆုံ မေးမြန်းသတင်း ရယူကြသည်။

မြို့မတောင်ရပ်ကွက်နှင့် မောင်နီကျေးရွာတို့တွင် အစ္စလာမ်ဘာသာဝင်များ နေထိုင်ကြ ပြီး ယင်းနယ်မြေရှိ အစ္စလာမ်ဘာသာဝင်များ က အစွမ်းရောက်အကြမ်းဖက်မှုများကို ရှုတ်ချ ကြောင်း၊ တည်ငြိမ် အေးချမ်းမှုကိုသာ လိုလားကြောင်း၊ အကြမ်းဖက်မှု ဖြစ်စဉ်များကို ခရိုင် / မြို့နယ် တာဝန်ရှိသူများနှင့် အမြဲလက်တွဲဆောင်ရွက်လျက်ရှိကြောင်း၊ ၎င်းတို့ရပ်ကွက်/ ကျေးရွာအတွင်း အနေအစားမပျက် ပုံမှန်အတိုင်း သွားလာလှုပ်ရှား ဆောင်ရွက်လျက်ရှိကြောင်း ရှင်းလင်းပြောကြားကြသည်။
ထို့နောက် သတင်းအဖွဲ့သည် ကိုင်းကြီး (နတလ) ကျေးရွာကို ရောက်ရှိပြီး အောက်တိုဘာ ၃ ရက်က ARSA အစွန်းရောက် အကြမ်းဖက်သမားများ၏ သတ်ဖြတ်မှုကြောင့် မြိုတိုင်းရင်းသား ၇ ဦးသေဆုံးပြီး ၁ ဦးပျောက်ဆုံးနေသည့် ဖြစ်စဉ်နှင့် ပတ်သက်၍ ကျန်ရစ်သူ မိသားစုဝင်များနှင့် တွေ့ဆုံမေးမြန်း သတင်း ရယူကြသည်။















ဆက်လက်၍ မြို့သူကြီးကျေးရွာသို့ ရောက်ရှိပြီး အစွန်းရောက်အကြမ်းဖက် သမားများ မီးရှို့ဖျက်ဆီးသွားခဲ့သဖြင့် မီးလောင်ပျက်စီးသွားခဲ့သော နေအိမ်အပျက် အစီးများကို ဓာတ်ပုံ မှတ်တမ်း ရယူကြသည်။
မွန်းလွဲပိုင်းတွင် ဘူးသီးတောင်ပြည်သူ့ဆေးရုံသို့ရောက်ရှိပြီး သြဂုတ် ၂၆ ရက်က ARSA အစွန်းရောက် အကြမ်းဖက်သမားများ၏ ပစ်ခတ်မှုကြောင့် ဟိန္ဒူ ဘာသာဝင် ၆ ဦးသေဆုံးမှု ဖြစ်စဉ်မှ ဒဏ်ရာဖြင့် လွတ်မြောက်လာသူ ဟိန္ဒူဘာသာဝင် အမျိုးသမီးတစ်ဦးအား တွေ့ဆုံ မေးမြန်းသတင်းရယူခဲ့ကြပြီး အမြန်ရေယာဉ်ဖြင့် ထွက်ခွာလာရာ ညနေပိုင်းတွင်စစ်တွေမြို့သို့ ပြန်လည်ရောက်ရှိကြသည်။
ARSA အစွန်းရောက် အကြမ်းဖက်သမားများ၏ အကြမ်းဖက်တိုက်ခိုက်မှု လုပ်ရပ်များ သိရှိနိုင်ရန် ရခိုင်ပြည်နယ်တွင် ရောက်ရှိနေသည့် ပြည်တွင်းပြည်ပ မီဒီယာများ ပါဝင်သော သတင်းအဖွဲ့သည် စက်တင်ဘာ ၁ ရက် နံနက်ပိုင်းတွင် စစ်တွေမြို့ရှိ သက္ကေပြင် ကယ်ဆယ်ရေး စခန်းနှင့် အကြမ်းဖက်မှုဖြစ်စဉ်များကြောင့် နေရပ်စွန့်ခွာတိမ်းရှောင်လာကြသော တိုင်းရင်းသား များ ခေတ္တခိုလှုံနေထိုင်သည့် မဟာဇေယျသိဒ္ဓိအဓိဌာန် သိမ်တော်ကြီး ဘုန်းကြီးကျောင်းတို့ကို သွားရောက်ပြီး သတင်းရယူကြသည်။
သက္ကေပြင် ကယ်ဆယ်ရေးစခန်းမှာ ၂၀၁၂ ခုနှစ် အကြမ်းဖက်မှုဖြစ်စဉ် ဖြစ်ပွားပြီးနောက် ဖွင့်လှစ်ထားသည့် ကယ်ဆယ်ရေးစခန်းဖြစ်ပြီး အစ္စလာမ်ဘာသာဝင်များ နေထိုင်လျက်ရှိ သည်။
မဟာဇေယျသိဒ္ဓိအဓိဌာန်သိမ်တော်ကြီး ဘုန်းတော်ကြီးကျောင်းတွင် အကြမ်းဖက်မှု ဖြစ်စဉ်များကြောင့် မောင်တောမြို့တောင်ပိုင်း တိုင်းရင်းသား ကျေးရွာများမှ နေရပ်စွန့်ခွာ တိမ်းရှောင်လာကြသည့် အမျိုးသမီးများနှင့် ကလေးများ စုစုပေါင်းလူဦးရေ ၃၄၈ ဦး ခေတ္တခိုလှုံ နေထိုင်လျက်ရှိကြောင်း သိရသည်။
ARSA အစွန်းရောက် အကြမ်းဖက်သမားများ၏ အကြမ်းဖက်တိုက်ခိုက်မှု လုပ်ရပ်များ သိရှိနိုင်ရန် မောင်တောဒေသသို့ လာရောက် သတင်း ရယူသွားကြသည့် ပြည်တွင်းပြည်ပ မီဒီယာအဖွဲ့များသည် ညနေပိုင်းတွင် စစ်တွေမြို့မှ ရန်ကုန်မြို့သို့ ပြန်လည် ထွက်ခွာသွားကြသည်။
(သတင်းထုတ်ပြန်ရေးကော်မတီ)

No comments:

Post a Comment