Monday, August 28, 2017

အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်း ဂျပန် - မြန်မာ လွှတ်တော်ချင်း ချစ်ကြည်ရင်းနှီးရေးအသင်း အထွေထွေအတွင်းရေးမှူး၊ ဂျပန်အောက်လွှတ်တော်အမတ် H.E. Mr. Kozo YAMAMOTO နှင့်အဖွဲ့အား လက်ခံတွေ့ဆုံ

နေပြည်တော် ဩဂုတ် ၂၈
အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်းသည် ဂျပန်-မြန်မာလွှတ်တော်ချင်း ချစ်ကြည်ရင်းနှီးရေးအသင်း အထွေထွေအတွင်းရေးမှူး၊ ဂျပန်အောက်လွှတ်တော် အမတ် H.E. Mr. Kozo YAMAMOTO နှင့် အဖွဲ့အား ယနေ့မွန်းလွဲ ၂ နာရီတွင်   နေပြည်တော်ရှိ အမျိုးသားလွှတ်တော် ဧည့်ခန်းမဆောင်၌ လက်ခံတွေ့ဆုံသည်။

တွေ့ဆုံစဉ်  လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ကိစ္စရပ်များ၊ နှစ်နိုင်ငံ လွှတ်တော်ချင်း ချစ်ကြည်ရေး မြှင့်တင်ပြီး နှစ်နိုင်ငံချစ်ကြည်ရေး ပိုမိုခိုင်မြဲစေရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြ သည်။
တွေ့ဆုံပွဲသို့ အမျိုးသားလွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးအေးသာအောင်၊ အမျိုးသားလွှတ်တော် မြန်မာ - ဂျပန် လွှတ်တော်ချင်း ချစ်ကြည်ရင်းနှီးရေးအသင်း အဖွဲ့ဝင်များနှင့်  အမျိုးသားလွှတ်တော်ရုံးမှ တာဝန်ရှိသူများ တက်ရောက် ကြသည်။

(သတင်းစဉ်)

No comments:

Post a Comment