Wednesday, August 30, 2017

သန်းခေါင်စာရင်း အစီရင်ခံစာ ထုတ်ပြန်မှုနှင့် ရခိုင်ပြည်နယ်အတွင်း နိုင်ငံသား စိစစ်ရေးဆိုင်ရာ လုပ်ငန်းများ ဆောင်ရွက်မှုများ ဆွေးနွေး


နေပြည်တော် ဩဂုတ် ၃၀

အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေ သည် ရန်ကုန်မြို့ရှိ ကုလသမဂ္ဂ ဖွံ့ဖြိုးရေးနှင့် လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ ဌာနေ ညှိနှိုင်းရေးမှူးရုံးမှ ညှိနှိုင်းရေးမှူး Ms. Renata Dessallien အား ယနေ့မွန်းလွဲ (၃) နာရီတွင် နေပြည်တော်ရှိ အဆိုပါ ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။


တွေ့ဆုံစဉ် ၂၀၁၄ ခုနှစ်၊ လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း အစီရင်ခံစာ အချက်အလက်များ ထုတ်ပြန်ခဲ့မှုနှင့် ဆက်လက်ထုတ်ပြန်နိုင်ရေး ဆောင်ရွက်နေမှု အခြေအနေများ၊ ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေး ကော်မရှင်ဥက္ကဋ္ဌ ဒေါက်တာ ကိုဖီအာနန်၏ ကြားဖြတ်အစီရင်ခံစာအပေါ် အကောင်အထည်ဖော် ဆောင်ရွက်မှု နှင့် အပြီးသတ် အစီရင်ခံစာအပေါ် ဆက်လက် ဆောင်ရွက်မည့် အစီအစဉ်၊ ရခိုင်ပြည်နယ်အတွင်း လက်ရှိ ဖြစ်ပေါ်နေမှုနှင့် လုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေး ဆောင်ရွက်နေမှု အခြေအနေများ၊ နိုင်ငံသားစိစစ်ရေး လုပ်ငန်းများ ဆက်လက် ဆောင်ရွက်မည့် အစီအစဉ်များနှင့် ကုလသမဂ္ဂ ဖွံ့ဖြိုးရေးနှင့် လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ အကူအညီပေးရေး တို့နှင့် စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြောင်း သတင်းရရှိသည်။

(သတင်းစဉ်)

No comments:

Post a Comment