ရန်ကုန် ဇူလိုင် ၁၉
၂၀၁၇ ခုနှစ် နှစ်
(၇၀) ပြည့် အာဇာနည်နေ့အခမ်းအနားကို ယနေ့နံနက် ၈ နာရီက ရန်ကုန်မြို့ ဗဟန်းမြို့နယ်ရှိ
အာဇာနည်ဗိမာန်၌ကျင်းပရာ အာဇာနည်ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏ သမီးဖြစ်သူ နိုင်ငံတော်၏
အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တက်ရောက်၍
ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ အာဇာနည်ခေါင်းဆောင်ကြီး များ၏ အထိမ်းအမှတ်ဂူဗိမာန်၌
လွမ်းသူ့ပန်းခွေချ ဂါရ၀ပြုပြီး မေတ္တာပို့သအမျှပေးဝေသည်။
နှစ်(၇၀)ပြည့် အာဇာနည်နေ့အခမ်းအနားသို့
နှစ်(၇၀)ပြည့် အာဇာနည်နေ့ အခမ်းအနားကျင်းပရေး ဗဟိုကော်မတီ နာယက ဒုတိယသမ္မတဦးမြင့်ဆွေ၊
ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့်၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်း၊ ပြည်ထောင်စုတရားသူကြီးချုပ်
ဦးထွန်းထွန်းဦး၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊
ပြည်သူ့လွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးတီခွန်မြတ်၊ အမျိုးသားလွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးအေးသာအောင်၊
နှစ်(၇၀)ပြည့် အာဇာနည်နေ့ကျင်းပရေး ဗဟိုကော်မတီဥက္ကဋ္ဌ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန
ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကို၊ ပြည်ထောင်စုဝန်ကြီးများ၊ နှစ်(၇၀)ပြည့် အာဇာနည်နေ့
ကျင်းပရေးဗဟိုကော်မတီ ဒုတိယဥက္ကဋ္ဌ ရန်ကုန်တိုင်း ဒေသကြီးဝန်ကြီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ
တပ်မတော် အရာရှိကြီးများ၊ ရန်ကုန်တိုင်း စစ်ဌာနချုပ်တိုင်းမှူး၊ ဒုတိယ၀န်ကြီးများ၊
ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော်တို့မှ လွှတ်တော်ကိုယ်စားလှယ် များ၊ နှစ်(၇၀)ပြည့်
အာဇာနည်နေ့ကျင်းပရေးဗဟိုကော်မတီနှင့် လုပ်ငန်းကော်မတီဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊
အာဇာနည်ခေါင်းဆောင်ကြီးများ၏ မိသားစုဝင်များနှင့် ဖိတ်ကြားထားသူများတက်ရောက်ကြသည်။
ရှေးဦးစွာ အာဇာနည်ခေါင်းဆောင်ကြီး
ဗိုလ်ချုပ်အောင်ဆန်း၏ သမီးဖြစ်သူ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊
နှစ်(၇၀)ပြည့် အာဇာနည်နေ့ အခမ်းအနားကျင်းပရေး ဗဟိုကော်မတီနာယကဒုတိယသမ္မတ ဦးမြင့်ဆွေ၊
ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့်၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်း၊ ပြည်ထောင်စု
တရားသူကြီးချုပ် ဦးထွန်းထွန်းဦး၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး
မင်းအောင်လှိုင်တို့သည် အာဇာနည်ဗိမာန် နားနေဆောင်ခန်းမ၌ အာဇာနည်ခေါင်းဆောင်ကြီးများ၏
မိသားစုဝင်များအား ရင်းရင်းနှီးနှီးတွေ့ဆုံ နှုတ်ဆက်သည်။
ထို့နောက် ဒုတိယသမ္မတ
ဦးမြင့်ဆွေ၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့်၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်း၊
ပြည်ထောင်စုတရားသူကြီးချုပ် ဦးထွန်းထွန်းဦး၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး
မင်းအောင်လှိုင်နှင့် ပြည်ထောင်စုဝန်ကြီးများသည် ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ အာဇာနည်ခေါင်းဆောင်ကြီးများ၏
အထိမ်းအမှတ်ဂူဗိမာန်၌ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၏ လွမ်းသူ့ပန်းခွေချ အလေးပြုကြသည်။
ယင်းအချိန်တွင် ပြည်ထောင်စုသမ္မတ
မြန်မာနိုင်ငံတော်အလံကို ၀မ်းနည်းခြင်း အထိမ်းအမှတ်အဖြစ် တိုင်ဝက်သို့ လျှော့ချလွှင့်ထူကာ
ဂုဏ်ပြုတပ်ဖွဲ့ဝင်များက သေနတ်မြှောက်အလေးပြုခြင်း၊ စစ်ခရာအဖွဲ့က ကျဆုံးရဲဘော်အလေးပြု
ခရာမှုတ်၍ အလေးပြုကြကာ ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ အာဇာနည်ခေါင်းဆောင်ကြီးများ အားရည်စူး၍
နှစ်မိနစ် ငြိမ်သက်စွာဖြင့် မေတ္တာပို့သအမျှပေးဝေကြသည်။
ထို့နောက် ဗိုလ်ချုပ်အောင်ဆန်း၏သားဖြစ်သူ ဦးအောင်ဆန်းဦးကိုယ်စား
ဦးလှဖေ၊ သမီးဖြစ်သူ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အပါအ၀င်
အာဇာနည်ခေါင်းဆောင်ကြီးများ၏ မိသားစုဝင်များက အထိမ်းအမှတ် ဂူဗိမာန်၌ လွမ်းသူ့ပန်းခွေနှင့်
ပန်းခြင်းများချကာ အလေးပြုကြပြီး ဂါရ၀ပြုမေတ္တာပို့သ အမျှပေးဝေကြ သည်။
ယင်းနောက် နှစ် (၇၀)ပြည့်
အာဇာနည်နေ့ကျင်းပရေး ဗဟိုကော်မတီ ဒုတိယဥက္ကဋ္ဌ ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ်နှင့် တိုင်းဒေသကြီးဝန်ကြီးများ၊
တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌနှင့် ဒုတိယဥက္ကဋ္ဌ လွှတ်တော် ကိုယ်စားလှယ်များ၊ နိုင်ငံရေးပါတီများမှ
ကိုယ်စားလှယ်များက ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ အာဇာနည် ခေါင်းဆောင်ကြီးများ၏ ဂူဗိမာန်၌
လွမ်းသူ့ပန်းခွေချအလေးပြုကြသည်။
ဆက်လက်၍ မြန်မာနိုင်ငံ
စစ်မှုထမ်းဟောင်းအဖွဲ့၊ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့၊ မြန်မာနိုင်ငံ ကြက်ခြေနီအသင်း၊
မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး၊ မြန်မာနိုင်ငံ ဂီတအစည်းအရုံး၊ မြန်မာနိုင်ငံ သဘင်ပညာရှင်များအစည်းအရုံး၊
မြန်မာနိုင်ငံ ပန်းချီ၊ ပန်းပုအစည်းအရုံး၊ မြန်မာနိုင်ငံ စာပေထုတ်ဝေသူနှင့် ဖြန့်ချိသူများအသင်း၊
မြန်မာနိုင်ငံ စာရေးဆရာအသင်း၊ မြန်မာနိုင်ငံ သတင်းစာဆရာအသင်း၊ မြန်မာနိုင်ငံ အမျိုးသမီးရေးရာအဖွဲ့ချုပ် ၊ မြန်မာနိုင်ငံ
မိခင်နှင့်ကလေး စောင့်ရှောက်ရေး အသင်းတို့အပါအ၀င် လူမှုရေးအသင်းအဖွဲ့များမှ ကိုယ်စားလှယ်များက
ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ အာဇာနည်ခေါင်းဆောင်ကြီးများ၏ ဂူဗိမာန်၌ လွမ်းသူ့ပန်းခွေချအလေးပြုကြသည်။
ထို့နောက် မြန်မာနိုင်ငံဆိုင်ရာ
နိုင်ငံခြားသံရုံးများ၊ ဥရောပသမဂ္ဂနှင့် ကုလသမဂ္ဂလက်အောက်ခံအဖွဲ့အစည်းများမှ သံအမတ်ကြီးများ၊
သံရုံးယာယီ တာဝန်ခံများနှင့် ကိုယ်စားလှယ်များက ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ အာဇာနည်
ခေါင်းဆောင်ကြီးများ၏ ဂူဗိမာန်၌ လွမ်းသူ့ပန်းခွေချအလေးပြုကြသည်။
ယင်းနောက် ပြည်သူများက
ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ အာဇာနည်ခေါင်းဆောင်ကြီးများ၏ ကျေးဇူးတရားကို အောက်မေ့သတိရခြင်း
အထိမ်းအမှတ် အဖြစ် အာဇာနည်ဗိမာန်သို့ လာရောက်ဂါရ၀ပြုကြသည်။
ယခုနှစ် ၂၀၁၇ ခုနှစ်
နှစ် (၇၀)ပြည့် အာဇာနည်နေ့တွင် အာဇာနည်နေ့ အခမ်းအနားကျင်းပရာ အာဇာနည်ဗိမာန်၌ ဗိုလ်ချုပ်အောင်ဆန်း၏
အဆိုအမိန့်နှင့် မိန့်ခွန်းများ၊ မြန်မာ့လွတ်လပ်ရေးအတွက် သက်စွန့်ကြိုးပမ်းဆောင်ရွက်ခဲ့သော
ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ အာဇာနည်ခေါင်းဆောင်ကြီးများ၏ သမိုင်းမှတ်တမ်းများနှင့် သမိုင်းဝင်ဓာတ်ပုံများကို
ပြည်သူများ လေ့လာကြည့်ရှုနိုင်ရန် Graphic Board များကို စီစဉ်ပြသထားသည်။
(သတင်းစဉ်)
No comments:
Post a Comment