နေပြည်တော် ဇူလိုင် ၁၈
ကျောင်းနေအရွယ် ကလေးများ အားလုံးသင်ယူမှု အခွင့်အလမ်း ရရှိရေးနှင့်
အခြေခံပညာ ကျောင်းသား ကျောင်းသူ အားလုံး သင်ယူတတ်ွမောက်မှု အရည်အသွေး ကောင်းမွန်ရေး
ကြိုးစား အားထုတ် ဆောင်ရွက် ပေးကြရမည်ဖြစ်ကြောင်း၊ ယမန်နေ့ ညနေ ၄နာရီခွဲတွင် နေပြည်တော်
အမှတ်(၆) အခြေခံပညာ အထက်တန်းကျောင်း အစည်းအဝေး ခန်းမ၌ ကျင်းပသည့် အခြေခံပညာ ဦးစီးဌာန
ကျောင်းသုံးဖတ် စာအုပ်များနှင့် ကျောင်း ဖွံ့ဖြိုးမှု ဆိုင်ရာ ဖြည့်ဆည်းနိုင်ရေး လုပ်ငန်း
ညှိနှိုင်း အစည်းအဝေးတွင် ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက
ပြောကြားသည်။
ဆက်လက်၍ ကျောင်းထွက်သူ ပပျောက်စေရေးအတွက် မိဘများ၊ ဒေသခံပြည်သူ
လူထုများနှင့် မိဘဆရာ အသင်းတို့နှင့် ပူးပေါင်း ဆောင်ရွက်ပေးကြစေလိုကြောင်း၊ ကျောင်းအလိုက်
လိုအပ်ချက် များကို မြို့နယ် ပညာရေးမှူးများက စနစ်တကျ စာရင်းပြုစုပြီး အဆင့်ဆင့် သို့တင်ပြဆောင်ရွက်
ကြစေလိုကြောင်း၊ တင်ပြလာသော ဦးစားပေး အစဉ်အလိုက် ဖြည့်ဆည်း ဆောင်ရွက်ပေးမည် ဖြစ်ကြောင်း၊
မြေပြင်တွင်တွေ့ရှိရသော လက်တွေ့အခြေအနေမှန်ကို တင်ပြ ကြစေလိုကြောင်း၊ မြို့နယ် ပညာရေးမှူးများ၊
ကျောင်းအုပ်ကြီးများ၊ ဆရာဆရာမများ အရည် အသွေးမြှင့်သင်တန်းများ ဖွင့်လှစ် သင်ကြားလေ့ကျင့်ပေးမည်
ဖြစ်ကြောင်းဖြင့် ဆွေးနွေး မှာကြားသည်။
ထို့နောက် အစည်းအဝေး တက်ရောက်လာကြသော တိုင်းဒေသကြီး၊ ပြည်နယ်၊
ခရိုင်၊ မြို့နယ် ပညာရေးမှူးများနှင့် တာဝန်ရှိသူများက တက္ကသိုလ်ဝင် စာမေးပွဲ အောင်ချက်မြင့်မားရေး၊
အထက် တန်းပြ ဆရာဆရာမများ ခန့်အပ်ဖြည့်ဆည်းပေးရေး၊ စာရင်းဇယားများ စနစ်တကျ ကောက်ယူ ရေး၊
အကဲဖြတ် အစီရင်ခံစာများကို အလေးထား ဆောင်ရွက်ရေး၊ ကျောင်းဝတ်စုံ အခမဲ့ ထောက်ပံ့ရေး၊
ရွှေ့ပြောင်းမိသားစုများမှ ကျောင်းသားကျောင်းသူများ တက္ကသိုလ် စာမေးပွဲ ဝင်ရောက်ဖြေဆိုနိုင်ရေး၊
သက်လွန်ကလေးများ မူလတန်း ပညာသင်ယူပြီးမြောက်ရေး၊ မိုင်းလား မြို့နယ် Grade 1 ကျောင်းသားကျောင်းသူများအတွက်
ပြဌာန်းစာအုပ်များ ဖြည့်ဆည်း ပေးရေး စသည် တို့ကို တင်ပြ ဆွေးနွေးမေးမြန်းကြသည်။
အလားတူ ပြည်ထောင်စုဝန်ကြီးသည် ဇူလိုင် ၁၆ ရြက်တွင် မြစ်ကြီးနားတက္ကသိုလ်
ဗဟိုခန်းမ၌ မြစ်ကြီးနားတက္ကသိုလ်၊ နည်းပညာတက္ကသိုလ်၊ ကွန်ပျူတာ တက္ကသိုလ်၊ ပညာရေး ကောလိပ်နှင့်
အစိုးရစက်မှု အထက် တန်းကျောင်းများမှ၊ ပါမောက္ခချုပ်၊ ဒုတိယ ပါမောက္ခ ချုပ်များ၊ ကျောင်း အုပ်ကြီးများ၊ ဆရာ ဆရာမများနှင့်
တွေ့ဆုံ ၍လိုအပ်သည်များအား ညှိနှိုင်း ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။
(သတင်းစဉ်)
No comments:
Post a Comment