နေပြည်တော်
ဇူလိုင် ၁၈
ပြည်ထောင်စုဝန်ကြီးများနှင့်
တာဝန်ရှိသူများသည် မြန်မာနိုင်ငံလူ့အခွင့်အရေး အခြေအနေဆိုင်ရာ အထူးအစီရင်ခံစာတင်သွင်းသူ
မစ္စယန်ဟီလီအား ယနေ့တွင် သီးခြားစီ လက်ခံတွေ့ဆုံကြသည်။
အလုပ်သမား၊
လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေသည်
ယနေ့နံနက် ၉ နာရီတွင် လည်းကောင်း၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန
အမြဲတမ်း အတွင်းဝန် ဦးစိုးအောင်သည် နံနက် ၁၀ နာရီတွင်လည်းကောင်း၊ ပညာရေးဝန်ကြီး ဌာန
ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးသည် နံနက် ၁၁ နာရီတွင် လည်း ကောင်း၊ နယ်စပ်ရေးရာဝန်ကြီးဌာန
ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရဲအောင် သည် မွန်းလွဲ ၂ နာရီခွဲတွင်လည်းကောင်း
မစ္စယန်ဟီလီအား သီးခြားစီလက်ခံတွေ့ဆုံ ကြသည်။
ပြည်ထောင်စုဝန်ကြီး
ဦးသိန်းဆွေနှင့် တွေ့ဆုံစဉ် ရခိုင်ပြည်နယ်အတွင်း နိုင်ငံသားစိစစ်ရေးလုပ်ငန်း ဆောင်ရွက်နေမှု အခြေအနေ များ၊
နိုင်ငံအတွင်း ကလေး လုပ်သားပပျောက်ရေး၊ အဓမ္မစေခိုင်းမှု ပပျောက်ရေး စီမံဆောင်ရွက်မှုနှင့်
အသိပညာ ပေးလုပ် ငန်းဆောင်ရွက်မှု အခြေအနေများနှင့်စပ်လျဉ်း၍လည်းကောင်း၊ အမြဲတမ်း အတွင်းဝန်
ဦးစိုးအောင်နှင့် တွေ့ဆုံစဉ် မိုရာမုန်တိုင်း ဒဏ်ခံစားခဲ့ရသည့်
ဒေသများအတွင်း ထောက်ပံ့ရေးလုပ်ငန်းများနှင့် ပြန်လည်ထူထောင်ရေး လုပ်ငန်း ဆိုင်ရာ ကိစ္စရပ်များ၊
အမျိုးသမီးများ အကြမ်းဖက်မှုမှ အကာအကွယ်ပေးနိုင်ရေး စီမံဆောင်ရွက်ထားသည့် အစီအမံများနှင့်
တနိုင်းဒေသတွင် ပဋိပက္ခကြောင့် ရွှေ့ပြောင်းလာသည့် ပြည်သူများကို ကူညီစောင့်ရှောက်ပေးနိုင်မှု
အခြေအနေများနှင့် စပ်လျဉ်း၍လည်းကောင်း၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးနှင့်
တွေ့ဆုံစဉ် သင်ယူမှုအခွင့်အလမ်း မြင့်မားရေးနှင့် အခမဲ့အခြေခံပညာရေး အကောင်အထည်ဖော်
ဆောင်ရွက်နေမှု၊ လူတိုင်းအကျုံးဝင်ပညာရေးနှင့် အခြေခံစာတတ်မြောက်ရေး လုပ်ငန်းဆောင်ရွက်နေမှု၊
ကျောင်းပြင်ပမူလတန်းပညာရေးနှင့် ရွှေ့ပြောင်းလုပ်သား မိသားစုများ၏ ကလေးများ ပညာဆက်လက်သင်ယူနိုင်ရေး
ဆောင် ရွက်နေမှု၊ တက္ကသိုလ်ပညာ သင်ယူမှု အခွင့်အလမ်းများနှင့် ဘဝတစ်သက်တာသင်ယူမှု အခွင့်
အလမ်းဆိုင်ရာ ကိစ္စရပ်များနှင့် စပ်လျဉ်း၍ လည်းကောင်း၊ ပြည်ထောင်စုဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး
ရဲအောင်နှင့်တွေ့ဆုံစဉ် ရခိုင်ပြည်နယ်ဒေသအတွင်း ပညာရေး၊ ကျန်းမာရေး၊ လမ်းပန်းဆက်သွယ်ရေး
အခြေခံအဆောက်အဦဆိုင်ရာ လုပ်ငန်းစဉ်များ၊ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုး တိုးတက်ရေးလုပ်ငန်းစဉ်များနှင့်
စပ်လျဉ်း၍လည်း ကောင်း ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
(သတင်းစဉ်)
No comments:
Post a Comment