ရန်ကုန်
ဇူလိုင် ၁၇
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဒုတိယသမ္မတ
ဦးဟင်နရီဗန်ထီးယူသည် အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့၌ကျင်းပမည့် ရေသယံဇာတနှင့်
ဘေးအန္တရာယ်များဆိုင်ရာ တတိယအကြိမ် ကုလသမဂ္ဂ အထူးအစည်းအဝေးသို့ တက်ရောက် ရန်အတွက် ကိုရီးယားသမ္မတနိုင်ငံ
ဆိုးလ်မြို့သို့ ယနေ့ည ၁၁ နာရီ ၁၅ မိနစ်က လေကြောင်းခရီးဖြင့်ထွက်ခွာရာ ရန်ကုန်တိုင်းဒေသကြီး
ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၊ ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုး၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ မြန်မာ
နိုင်ငံဆိုင်ရာ အမေရိကန်သံရုံးမှ သံရုံးဒုတိယအကြီးအကဲ Mr. John R. Groch နှင့် တာဝန်ရှိသူများက
ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်၌ ပို့ဆောင်နှုတ်ဆက် ကြသည်။
ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူနှင့်အတူ
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးနှင့်
တာဝန်ရှိသူများ လိုက်ပါသွားကြပြီး ကိုရီးယားသမ္မတနိုင်ငံ ဆိုးလ်မြို့မှတစ်ဆင့် နယူးယောက်မြို့သို့
ဆက်လက် ထွက်ခွာမည် ဖြစ်ကြောင်း သိရသည်။
(သတင်းစဉ်)
No comments:
Post a Comment