နေပြည်တော်
ဇူလိုင် ၂၁
ကုလသမဂ္ဂ၏
မြန်မာနိုင်ငံလူ့အခွင့်အရေးအခြေအနေ ဆိုင်ရာ အထူးအစီရင်ခံစာတင်သွင်းသူ မစ္စယန်ဟီလီအား
ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်သည် ယနေ့ နံနက် ၉ နာရီတွင်
လည်းကောင်း၊ ပြည်ထောင်စုရှေ့နေချုပ် ဦးထွန်းထွန်းဦးသည် နံနက် ၈နာရီတွင်လည်းကောင်း၊
လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခံရမှုများ ပြန်လည်စိစစ်ရေးဗဟိုကော်မတီ အတွင်းရေးမှူး
ဗိုလ်ချုပ်အောင်စိုးသည် နံနက် ၁၀ နာရီ တွင်လည်းကောင်း သီးခြားစီလက်ခံတွေ့ဆုံကြသည်။
ပြည်ထောင်စုဝန်ကြီး
ဒေါက်တာဖေမြင့်နှင့်တွေ့ဆုံစဉ် သတင်းမီဒီယာဆိုင်ရာ ကိစ္စရပ်များနှင့်စပ်လျဉ်း၍လည်း ကောင်း၊
ပြည်ထောင်စုရှေ့နေချုပ် ဦးထွန်းထွန်းဦးနှင့် တွေ့ဆုံစဉ် တရားစီရင်ရေးကဏ္ဍ တိုးတက်ပြောင်းလဲရေး
အတွက် ပြည်ထောင်စုရှေ့နေချုပ်ရုံးအနေဖြင့် ဥပဒေနှင့် အညီဖြစ်ရေး၊ မှန်ကန်တရားမျှတမှုရှိရေး၊
နှောင့်နှေး ကြန့်ကြာမှု မရှိစေရေးတို့အတွက် ဆောင်ရွက်လျက်ရှိသည့် အခြေအနေများနှင့်
တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် တရားဥပဒေစိုးမိုးရေးဌာနနှင့် တရားမျှတမှုဆိုင်ရာ လုပ်ငန်းများ
ပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့ခွဲများ ဖွဲ့စည်း ဆောင်ရွက် လျက်ရှိသည့် အခြေအနေများနှင့်စပ်လျဉ်း၍
လည်းကောင်း၊လယ်ယာမြေနှင့် အခြားမြေများသိမ်းဆည်း ခံရမှုများ ပြန်လည်စိစစ်ရေးဗဟိုကော်မတီ
အတွင်းရေးမှူး ဗိုလ်ချုပ်အောင်စိုးနှင့်တွေ့ဆုံစဉ် သိမ်းဆည်းလယ်ယာ မြေများနှင့် အခြားမြေများ
မူလပိုင်ရှင်ထံ ပြန်လည်လွှဲ ပြောင်းပေးအပ်နိုင်ရေး ဆောင်ရွက်လျက်ရှိသည့် အခြေ အနေများနှင့်
စပ်လျဉ်း၍လည်းကောင်း ဆွေးနွေးခဲ့ကြောင်း သိရသည်။
(သတင်းစဉ်)
No comments:
Post a Comment