(၂၁-၇-၂၀၁၇ ရက်နေ့၊ နေပြည်တော်)
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊
ပြည်ထောင်စု ဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်သည် ကုလသမဂ္ဂ၏ မြန်မာနိုင်ငံ လူ့အခွင့်အရေးအခြေအနေဆိုင်ရာ
အထူးအစီရင်ခံစာတင်သွင်းသူ Ms. Yanghee Lee အား ယနေ့ (၁၁၃၀) နာရီအချိန်တွင် နေပြည်တော်ရှိ
နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမတွင် လက်ခံတွေ့ဆုံခဲ့သည်။
ထိုသို့တွေ့ဆုံစဉ် မြန်မာနိုင်ငံရှိ
လူ့အခွင့်အရေးအခြေအနေများအား ကာကွယ်တိုးမြှင့်ရေးကိစ္စများ၊ ရခိုင်ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေးအတွက်
ဆောင်ရွက်နေသည့် အခြေအနေ၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် တိုးတက်မှုအခြေအနေများအား ဆွေးနွေးခဲ့ကြကြောင်းသိရှိရပါသည်။
No comments:
Post a Comment