ဇူလိုင် ၂၂၊ ၂၀၁၇
မျက်နှာဖုံးအနက်များ
ဝတ်ဆင်ထားသည့် အမည်မသိလူ ၁၅ ဦးခန့်သည် ဘူးသီးတောင်မြို့နယ် ငရန့်ချောင်း ကျေးရွာအုပ်စု
မောင်နှမကျေးရွာနေ အဒူဆူဝမ်း ၅၅ နှစ်၏ နေအိမ်အတွင်း ဇူလိုင် ၄ ရက် နံနက် ၁ နာရီတွင်
ဝင်ရောက်၍ အဒူဆူဝမ်းအား ဓားဖြင့်ထိုးပြီး ဖမ်းဆီးခေါ်ဆောင် သတ်ဖြတ်ခဲ့မှုသတင်းအား ထုတ်ပြန်ခဲ့ပြီးဖြစ်သည်။
လုံခြုံရေးတပ်ဖွဲ့ဝင်များသည်
ဇူလိုင် ၂၁ ရက် နံနက် ၅ နာရီတွင် အဒူဆူဝမ်း အသတ်ခံရမှုဖြစ်စဉ်မှ တရားခံများ ဖမ်းဆီးရမိရေးအတွက်
မောင်နှမကျေးရွာအတွင်း လှည့်ကင်းဆာင်ရွက်စဉ် ၎င်းကျေးရွာနေ မသင်္ကာသူ မာမောက်ဆွေ ယော့နူရ်
၂၅ နှစ်ပါ မသင်္ကာသူ ၉ ဦး အားထပ်မံဖမ်းဆီးရမိပြီး နယ်မြေစခန်း၌ စစ်ဆေးလျက်ရှိကြောင်း
သိရသည်။
(နိုင်ငံတော်အတိုင်ပင်ခံရုံးသတင်းထုတ်ပြန်ရေးကော်မတီ)
No comments:
Post a Comment