Friday, April 28, 2017

ချောက်မြို့နယ်အမှတ်(၁၃)ခြေလျင်တပ်ရင်းမှ တန်ဖိုးသင့်အာဟာပြည့်ထမင်းနှင့်ဟင်းလျှာများရောင်းချ


ချောက်      ဧပြီ        ၂၈
 
မကွေးတိုင်းဒေသကြီး၊ ချောက်မြို့နယ်တွင် အမှတ်(၁၃)ခြေလျင်တပ်ရင်းမှ တန်ဖိုးသင့် အာဟာရပြည့်ထမင်းနှင့် ဟင်းလျှာများကို ချောက်မြို့ပေါ်ရှိ လူစည်ကားရာ နေရာများတွင် ကားများနှင့် နယ်လှည့်ရောင်းချခြင်းကို ဧပြီလ ၂၈ ရက် နံနက်(၈) နာရီအချိန်ကပြုလုပ်ခဲ့သည်။


ပြည်သူများအတွက်ထမင်းဖြုတစ်ပွဲ ၁၀၀ ကျပ်နှုန်း၊ အသားဟင်းလျှာတစ်ပွဲ ၃၀၀ ကျပ်နှုန်း၊ အရံဟင်းရည်တစ်ပွဲလျှင် ၂၀၀ ကျပ်နှုန်းဖြင့် ရောင်းချပေးလျက်ရှိပြီး လူတစ်ဦးလျှင်ငွေ ၆၀၀ ကျပ်ဖြင့်တစ်နပ်စာ စားသုံးနိုင်သည့်အတွက် ဈေးနှုန်းချိုသာတန်ဖိုးသင့်ပြီး လုပ်သားပြည်သူများ အတွက် ငွေကြေးကုန်ကျမှု သက်သာပြီး၊ ကောင်းမွန်စွာ ချက်ပြုတ်၍ လွယ်ကူစွာ စားသုံးနိုင်ရန် ရည်ရွယ်၍ နယ်လှည့်ရောင်းချပေးလျက်ရှိကြောင်း သတင်းရရှိသည်။
ကျော်မိုး ( ပြန်/ဆက်)

No comments:

Post a Comment