ဟင်္သာတ မတ် ၁၆
ဧရာဝတီတိုင်းဒေသကြီး
ဟင်္သာတမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနနှင့် မန်းဒ(မြန်မာ)ကုမ္ပဏီတို့ ပူးပေါင်းအကောင်အထည်ဖော်
ဆောင်ရွက်သည့် မတ်ပဲစံပြကွက် ရိတ်သိမ်းပွဲကို မတ်လ ၁၆ ရက် နံနက် ၈ နာရီက သပြုပင်ကျေးရွာအုပ်စု၊
ပုဇွန်တောင်ကျေးရွာ တောင်သူဦးမောင်မောင်ဌေး၏ စံပြလယ်မြေကွက်တွင် ပြုလုပ်ခဲ့သည်။
အဆိုပါမတ်ပဲစံပြကွက်ရိတ်သိမ်းပွဲသို့
ဟင်္သာတခရိုင်စိုက်ပျိုးရေးဦးစီးမှူးဦးစန်းဝင်း၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသန်းနိုင်၊
မြို့နယ် စိုက်ပျိုးရေး ဦးစီးမှူးဦးမျိုးမင်းလွင်ဦးနှင့် ၀န်ထမ်းများ၊ ဌာနဆိုင်ရာများ၊
မန်းဒ(မြန်မာ)မှ တာဝန်ခံနှင့်ဝန်ထမ်းများ၊ သပြုပင်ကျေးရွာ အုပ်စုအုပ်ချုပ်ရေးမှူးနှင့်
တောင်သူများ တက်ရောက်ကြပြီး မတ်ပဲတစ်ဧကစံပြကွက်သစ်ကို ရိတ်သိမ်းခဲ့ရာတွင် မတ်ပဲတစ်ဧက
အထွက်နှုန်း (၂၁.၈၈) တင်း ထွက်ရှိခဲ့သည်။
မတ်ပဲသည်
နိုင်ငံခြားသို့တင်ပို့သည့် သီးနှံဖြစ်သည့်အတွက် ဓာတုဓာတ်ကြွင်းများလျှော့ချရေးနှင့်
မတ်ပဲအရည်အသွေး ကောင်းမွန် ရေးအတွက် သဘာဝသစ်သီးများမှ ထုတ်လုပ်ဖော်စပ်သော မန်းဒ(မြန်မာ)
အပင်အားဆေးသုံးစွဲခြင်း နည်းစနစ်များနှင့် တောင်သူ များ လက်တွေ့အသုံးချခြင်းဖြင့်
(GAP) စနစ်ကောင်းများ ရရှိစေရန် အတွက် စိုက်ပျိုးရေးဦးစီးဌာနနှင့် မန်းဒ(မြန်မာ) ကုမ္ပဏီတို့
ပူးပေါင်းပြီး မတ်ပဲစံပြကွက်ကို အကောင်အထည်ဖော် ဆောင်ရွက်ခြင်းဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး
ဦးမျိုးမင်းလွင်ဦးထံမှ သိရှိရပါသည်။
ခရိုင်ပြန်/ဆက်
No comments:
Post a Comment