မတ် ၁၆၊ ၂၀၁၇
မတ် ၁၂ ရက် ညနေ ၅
နာရီတွင် မောင်တောမြို့နယ် နယ်မြေ ၅ စဉ်တောင်ကျေးရွာနေ မာမတ်ရော်ဖီး၂၁နှစ်သည် ရေချိုးရန်
ပြင်ဆင်နေစဉ် ဖုန်းလာ၍ ရေမချိုးဘဲ ရွာထဲသို့ ထွက်သွားရာမှ ပြန်လည်ရောက်ရှိ မလာကြောင်း
သိရှိရသည်။ မာမတ်ရော်ဖီးသည် နယ်မြေလုံခြုံရေးတပ်ဖွဲ့ဝင်များအား
ကူညီဆောင်ရွက်ပေးသူဖြစ်ပြီး မသင့်မြတ် သူများက ဖမ်းဆီးထား နိုင်ကြောင်းသိရှိရသည်။ မာမတ်ရော်ဖီးနှင့်
ပတ်သက်၍ ငါးခူရနယ်မြေစခန်းမှ လူပျောက်စာရင်းသွင်းပြီး အမှုဖွင့်စစ်ဆေး လျက်ရှိကြောင်းသိရသည်။
(နိုင်ငံတော်အတိုင်ပင်ခံရုံးသတင်းထုတ်ပြန်ရေးကော်မတီ)
No comments:
Post a Comment