မန္တလေး
မတ် ၁၄
မြန်မာ့ထွက်ကုန်
ဝါးပေါ်တွင် မြန်မာ့ရိုးရာလက်မူပညာရပ်ဖြင့် ပေါင်းဖက်၍ စွန့်ဦးတီထွင် ဖန်တီးထုတ်လုပ်နေသည့်
ဝါးပေါ်တွင် ဓါတ်ပုံ၊ စကတ်၊ ကရေကချာ၊ ပန်းချီပုံတင်ခြင်း၊ ဝါးဖြင့် လူသုံးကုန်ပစ္စည်းများပြုလုပ်ပုံဖော်၍
မန္တလေးမြို့တွင် အရောင်းပြခန်း ဖွင့်လှစ်နိုင်ရန် စီစဉ်နေပြီး နိုင်ငံခြားဈေးကွက်သို့
ဆက်လက်ထိုးဖောက်နိုင်ရန်ကြိုးစားဆောင်ရွက်နေကြောင်း ဘိုးသိကြားမင်း အနုပညာဖန်တီး ထုတ်လုပ်ရေးလုပ်ငန်းမှ
ဆရာ ဝင်းမော်ငြိမ်းကပြောသည်။
ယခုနှစ်
ဇန်နဝါရီလမှစ၍ ဝါးဖြင့်ပြုလုပ်သော မီးအိမ်များကို ဈေးကွက်သို့စတင်ဖြန့်ချိနေပြီး ပြည်တွင်းအနေဖြင့်မော်လမြိုင်၊
ရန်ကုန်၊ နေပြည်တော်စသည့်မြို့များမှ မှာယူခြင်းများရှိကာ မီးအိမ်တစ်ခုလျှင် ၁၂၀၀၀
ကျပ်ဖြင့် ပြုလုပ်ပေးလျက်ရှိပြီးယိုဒယား၊ ကူမင်း စသည့်မြို့များမှလည်းလာရောက်ချိတ်ဆက်ခြင်းများလည်းရှိကြောင်းသိရသည်။
"ဓာတ်ပုံပညာ၊
ပန်းချီပညာ၊ပုံနှိပ်ပညာ အနှစ် နှစ်ဆယ်အတွေ့အကြုံနဲ့ရင်းလိုက်တာပါ၊ အခုတော့ စွန့်ဦးတီထွင်အောင်မြင်သွားပြီး
ဝါးပေါ်မှာဓါတ်ပုံတွေကိုတင်တာ တခြားပုံနိုပ်လုပ်ငန်းတွေနဲ့ မတူဘူး ဆေးအသစ်တွေနဲ့ အမျိုးမျိုး
စမ်းသပ်ပြီးတော့ အဆင့်တွေတော်တော် များများလုပ်ရတယ် အောင်မြင်သွားတော့ဝမ်းသာစရာ ကောင်းပါတယ်"ဟု
၎င်းကဆက်လက်ပြောကြားသည်။
လက်ရှိတွင်
အမရပူရမြို့နယ်တွင်အရောင်းပြခန်းဖွင့်လှစ်နိုင်ရန် စီစဉ်နေပြီးယင်းပြခန်းကိုလည် ဝါးဖြင့်
မြန်မာ့ရိုရားရှေးဟောင်း ပညာများနှင့် ကမ္ဘာ့နည်းပညာများ ပေါင်းစပ်ကာ ပြုလုပ်မည်ဖြစ်ပြီး
၎င်းစွန့်ဦးတီထွင်ထားသော ဝါးဖြင့်ပြုလုပ်သည့် ပစ္စည်း အမျိုးအစား ၁၅ မျိုးကို ပြသမည်ဖြစ်ကာ
နေ့စဉ်လူမူအသုံးအဆောင်ဖြစ်သော အခန်းအတွင်းအလှဆင်ပစ္စည်းများ၊ ခုံးစက်တီ ဘီရိုကုတင် စသည့်
အနုပညာပစ္စည်းများကို ခင်းကျင်းရောင်းချပြသသွားနိုင်ရန်ကြိုးပမ်းနေကြောင်း သိရသည်။
ဝါးပေါ်မှာ
ဓာတ်ပုံတစ်ပုံချင်စီ တင်ရင်ကုန်ကျစရိတ်က တစ်သောင်းနီးပါးလောက် ဖြစ်သွားမယ်၊ ဒါကြောင့်
၁၀ ခုနှင့်အထက်ဆိုရင်တော့ တစ်ခုကို ၃၅၀၀ကျပ်လောက်နဲ့ သင့်လျော်အောင်လုပ်ပေးမယ်လို စိတ်ကူးထားပါတယ်"
ဟု ဘိုးသိကြားမင်း အနုပညာဖန်တီးထုတ်လုပ်ရေးလုပ်ငန်း ဆရာဝင်းမော်ငြိမ်းက ပြောသည်။
လက်ရှိအသုံးပြုနေသည့်
ဝါးအမျိုးအစားမှာ နှီးအဖြစ် တင်းဝါး၊ မီးအိမ်ကိုပြုလုပ်သည့် ဝါးအမျိုးအစားမှာ ဝါးပိုးသက်ရင့်ဝါးဖြစ်ပြီး၍
ကြက်သောင်းဝါးကို ကြားညှပ်အသုံးပြုပြီး ဝါးကုန်ကြမ်းများကို သပိတ်ကျင်းမြို့၊ မေမြို့၊
တပ်ကုန်း၊ပင်လောင်း စသည့် မြို့များမှ ရရှိပြီး ဝါးအမျိုးအစား မျိုးစိတ်အားဖြင့် ၁၅၀၀ကျော်ရှိသော်လည်း
လက်ရှိတွင် တကယ်အသုံးတည့်သည့် ဝါးအမျိုးအစားမှာ ၁၅မျိုးရှိကြောင်း သိရသည်။
မင်းထက်အောင်(မန်းကိုယ်ပွား)
No comments:
Post a Comment