Monday, December 12, 2016

တိုက်နယ်ဆေးရုံရှေ့ ကွန်ကရစ်ခင်းခြင်းလုပ်ငန်း ဆောင်ရွက်နေမှု ကွင်းဆင်းကြည့်ရှု


ဟင်္သာတ ဒီဇင်ဘာ ၁၂
ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတမြို့နယ် ဓမ္ဘီတိုက်နယ်ဆေးရုံရှေ့လမ်းမကြီးအား အများပြည်သူသွားလာမှု လွယ်ကူ အစဉ်ပြေစေရန်အတွက် ဟင်္သာတမြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ် ခွင့်ပြုရန်ပုံငွေဖြင့် ကွန်ကရစ်ခင်းခြင်း လုပ်ငန်းများ ဆောင်ရွက်နေမှုကို ယမန်နေ့ နံနက်ပိုင်းက တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ်ဦးကျော်စိုး၊ ဒုတိယ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ဟုန်သန်းနှင့် တာဝန်ရှိသူများက ကွင်းဆင်း ကြည့်ရှု စစ်ဆေးခဲ့သည်။

တိုက်နယ်ဆေးရုံရှေ့လမ်းမကြီးအား အရှည် သုည/ ၄ ဒသမ ၄ မိုင်၊ လမ်းအကျယ် ၁၂ ပေနှင့် အမြင့် ခြောက် လက်မထုအား ခွင့်ပြုရန်ပုံငွေကျပ်သန်း ၅၉ ဒသမ ၈၆၆ဖြင့်  တင်ဒါအောင်မြင်သည့် ဟင်္သာရှေ့ဆောင် ကုမ္ပဏီက တာဝန်ယူ ခင်းကျင်းလျက်ရှိရာ လမ်းအရည်အသွေး ကောင်းမွန်စေရန်နှင့် သတ်မှတ်ချိန်အတွင်း ပြီးစီးရေး တို့ကို တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ်ဦးကျော်စိုးက ဖြည့်စွက်မှာကြားပြီး ကွန်ကရစ်ခင်းခြင်း လုပ်ငန်းများ ဆောင်ရွက် နေမှုကို လှည့်လည်ကြည့်ရှုခဲ့သည်။
အဆိုပါ လမ်းမကြီး ပြီးစီးသွားပါက  ဓမ္ဘီတိုက်နယ်အတွင်းရှိ ကျေးရွာနေပြည်သူများ ကျန်းမာရေးနှင့် ဒေသထွက်ကုန်များ ကူးသန်း ရောင်းဝယ်မှုများအတွက် ပိုမိုအစဉ်ပြေလာမည့် လမ်းမကြီး ဖြစ်လာမည်ဖြစ်ကြောင်း ဟင်္သာတမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးသန့်ဇော်လွင်က ပြောသည်။

ခရိုင်ပြန်/ဆက်(ဟင်္သာတ)

1 comment:

  1. အဲ့ဒိလမ်းက Warranty တွေကောပေးထားတာရှိလားဗျ။ အခုကောအဲ့ဒိလမ်းကို ထပ်ပြီးစစ်ဆေးကြတာကောရှိရဲ့လား။ခင်းတာမှ နှစ်ဘယ်လောက်မကြာသေးဘူး။အက်ကွဲကြောင်းတွေကကော တောက်လျှောက်ပဲ။ အရည်အသွေးကလည်း ညံ့လိုက်တာလွန်ရော

    ReplyDelete