နေပြည်တော်
ဒီဇင်ဘာ ၈
နိုင်ငံတော်၏ အတိုင်ပင်ခံ
ပုဂ္ဂိုလ် နိုင်ငံခြားရေး ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်အောင်ဆန်း စုကြည်သည် ဘင်္ဂလားဒေ့ရှ်နိုင်ငံအခြေစိုက်
ဘင်္ဂလား ပင်လယ်အော် ဒေသတွင်း ကဏ္ဍစုံ နည်းပညာနှင့် စီးပွားရေး ပူးပေါင်း
ဆောင်ရွက်မှုဆိုင်ရာ ဦးဆောင် ဦးရွက်ပြုမှု အစီအစဉ် (ဘင်းမ်စတက်)၏
အတွင်းရေးမှူးချုပ် မစ္စတာ ဆူမစ်နာ ကန်ဒလာ အား
ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ နိုင်ငံခြားရေး ၀န်ကြီးဌာန၌ လက်ခံ
တွေ့ဆုံသည်။
တွေ့ဆုံစဉ်
မြန်မာနိုင်ငံနှင့် ဘင်းမ်စတက် အဖွဲ့အကြား ပူးပေါင်း ဆောင်ရွက်ရေးနှင့်
ဘင်းမ်စတက်အဖွဲ့၏ အနာဂတ် ပူးပေါင်း ဆောင်ရွက်မှု ဆိုင်ရာ ကိစ္စရပ်များကို
ဆွေးနွေးခဲ့ကြသည်။
တွေ့ဆုံပွဲသို့
ဒုတိယ၀န်ကြီး ဦးကျော်တင်နှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။


No comments:
Post a Comment