ရန်ကုန် ဇူလိုင်
၃
ပုဂ္ဂလိကပိုင် ပြုလုပ်ရေး ကော်မရှင်၏ ခွင့်ပြုမိန့်ဖြင့်
ပုဂ္ဂလိကသို့ အပြီးအပိုင် ရောင်းချပြီးသော ရုပ်ရှင်ရုံများအနက် မူလစာချုပ်ပါ စည်းကမ်း
သတ်မှတ်ချက်များ အတိုင်း လုပ်ငန်းလုပ်ကိုင်ခြင်း မရှိသေးသော ရုပ်ရှင်ရုံများကို စည်းကမ်း
သတ်မှတ်ချက် များအတိုင်း လိုက်နာ ဆောင်ရွက်ရေးနှင့် ဒစ်ဂျစ်တယ်စနစ် ပြုပြင်ပြောင်းလဲရေး
ညှိနှိုင်းဆွေးနွေးပွဲကို ယနေ့ ညနေ (၃)နာရီခွဲတွင် ရန်ကုန်မြို့ ဗဟန်းမြို့နယ် ရွှေတောင်ကြားလမ်းရှိ
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ရုပ်ရှင်မြှင့်တင်ရေးဌာနခွဲ အစည်းအဝေးခန်းမ၌
ကျင်းပသည်။
ဆွေးနွေးပွဲတွင် ပြန်ကြားရေးဝန်ကြီးဌာန
ဒုတိယ ဝန်ကြီး ဦးပိုက်ထွေးက မြန်မာ့ရုပ်ရှင်လုပ်ငန်း ဖွံ့ဖြိုး တိုးတက်ရေးတွင် ရုပ်ရှင်ရုံများသည်
အဓိကအခန်းကဏ္ဍ မှပါဝင်လျက်ရှိကြောင်း၊ ယခုအခါ နိုင်ငံတော်အစိုးရက ပုဂ္ဂလိကလုပ်ငန်းရှင်များသို့
အပြီးအပိုင်ရောင်းချခဲ့သော ရုပ်ရှင်ရုံများတွင် အချို့လုပ်ငန်းရှင်များအနေဖြင့် ရောင်းချ
ခဲ့စဉ်က မူလစာချုပ်ပါ စည်းကမ်း ချက် များအတိုင်း လိုက်နာဆောင်ရွက်ခြင်း မရှိသေးသည်ကို
တွေ့ရှိရ ကြောင်း၊ သို့ဖြစ်၍ ယနေ့ အစည်း အဝေး ခေါ်ယူရခြင်း ဖြစ်ကြောင်း။
မိမိတို့ ပြန်ကြားရေးဝန်ကြီးဌာနအနေဖြင့်
စာချုပ်ပါ စည်းကမ်းချက်များနှင့်အညီ လိုက်နာဆောင်ရွက်သွား ကြရန် အလေးအနက် ထား တိုက်တွန်းပြောကြားလိုကြောင်း၊
တချို့ရုပ်ရှင်ရုံများတွင် ဖလင်စနစ်မှ ဒစ်ဂျစ်တယ်
စနစ်သို့အမြန်ဆုံး အကောင်အထည်ဖော်ဆောင်ရွက် သွားရန်လိုကြောင်း၊ ဆောင်ရွက်ရမည့်
အစီအမံများကို ဝန်ကြီးဌာနသို့ ယနေ့မှတစ်လ အတွင်းတင်ပြရန်နှင့် ခြောက်လအတွင်းအကောင်အထည်ဖော်
ဆောင်ရွက်သွားရန် ဖြစ်ပါကြောင်း၊ ထိုသို့ဆောင်ရွက်ခြင်း မပြုနိုင်ပါက စာချုပ်ပါ စည်းမျဉ်းစည်းကမ်းနှင့်အညီ
ဆက်လက်ဆောင်ရွက် သွားမည်ဖြစ်ကြောင်း ဆွေးနွေးမှာကြားသည်။
ထို့နောက် ရုပ်ရှင်မြှင့်တင်ရေးဌာနခွဲ
ညွှန်ကြားရေးမှူး ဦးသိန်းနိုင်က လက်ရှိဆောင်ရွက်ရမည့် လုပ်ငန်း အခြေအနေများ ကို ဆွေးနွေးတင်ပြပြီး
တက်ရောက်လာ ကြသော ပုဂ္ဂလိကလုပ်ငန်းရှင်များက ရုပ်ရှင်ရုံများ တည်ဆောက်ရေးနှင့် ဒစ်ဂျစ်တယ်
စနစ် ပြောင်းလဲရေးနှင့် စပ်လျဉ်း၍ ဆွေးနွေးကြသည်။
ယင်းနောက် ဒုတိယဝန်ကြီး ဦးပိုက်ထွေးက
နိဂုံးချုပ် အမှာစကားပြောကြားရာတွင် ဝယ်ယူသူလုပ်ငန်းရှင် အားလုံးက သိရှိနားလည်လိုက်နာ
ဆောင်ရွက်မည်ဖြစ် ကြောင်းသိရှိရသဖြင့် ဝမ်းသာပါကြောင်း၊ စာချုပ်ပါ အတိုင်း မပျက်မကွက်လိုက်
နာဆောင်ရွက်ကြစေလို ကြောင်း၊ မိမိတို့အနေဖြင့် မည်သူ့ကိုမျှ ထိခိုက်နစ်နာစေလိုခြင်း
မရှိပါကြောင်း၊ လုပ်ငန်းတာ ဝန်များ အောင်မြင်စွာ ဆောင်ရွက်နိုင်ရေးကိုသာ ဦးတည်ဆောင်ရွက်
ခြင်းဖြစ်ကြောင်း ပြောကြားသည်။
ဆွေးနွေးပွဲသို့ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ
အပြီးအပိုင် ဝယ်ယူထားသည့် ပုဂ္ဂလိက လုပ်ငန်းရှင် ၁၂ ဦး တက်ရောက် ခဲ့ကြောင်း သိရှိရသည်။
No comments:
Post a Comment