နေပြည်တော် ဇူလိုင်
၂၆
တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး
မင်းအောင်လှိုင် ဦးဆောင်သော မြန်မာ့တပ်မတော် ချစ်ကြည်ရေး ကိုယ်စားလှယ် အဖွဲ့သည် အိန္ဒိယသမ္မတနိုင်ငံ
တပ်မတော် (ကြည်း၊ရေ၊လေ)ပူးတွဲစစ်ဦးစီး ချုပ်နှင့် အိန္ဒိယေ လတပ်ဦးစီးချုပ် Air Chief
Marshal Arup Raha, PVSM,AVSM, VM ၏ ဖိတ်ကြား ချက်အရ အိန္ဒိယသမ္မတနိုင်ငံသို့ ချစ်ကြည်ရေးခရီး
သွားရောက်ရန် ယနေ့နံနက်ပိုင်းတွင် ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်မှ ထွက်ခွာကြသည်။
တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဦးဆောင်သော
အဖွဲ့အား ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူးဗိုလ်ချုပ် ထွန်းထွန်းနောင်နှင့် တပ်မတော်အရာရှိကြီးများ၊
မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယ သံအမတ်ကြီး H.E.Mr.
Gautam Mukhopadhaya နှင့် မြန်မာနိုင်ငံဆိုင်ရာ
အိန္ဒိယ ရေတပ်စစ်သံမှူး Capt: Navy Manish
Bhandari တို့က လေဆိပ်တွင် ပို့ဆောင် နှုတ်ဆက်ကြသည်။
တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဦးဆောင်သော
မြန်မာ့တပ်မတော်ချစ်ကြည်ရေး ကိုယ်စားလှယ်အဖွဲ့တွင် အဖွဲ့ဝင်များအဖြစ် တပ်မတော် ကာကွယ်ရေး
ဦးစီးချုပ်၏ဇနီး ဒေါ်ကြူကြူလှနှင့် ကာကွယ်ရေးဦးစီးရုံး (ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး
မြင့်စိုး၊ ဒုတိယဗိုလ်ချုပ်ကြီး ခင်ဇော်ဦး၊ ဒုတိယဗိုလ်ချုပ်ကြီး မြထွန်းဦး၊ စစ်ဦးစီးအရာရှိချုပ်(ရေ)ဗိုလ်ချုပ်
တင်အောင်စန်း၊ စစ်ဦးစီးအရာရှိချုပ် (လေ)ဗိုလ်မှူးချုပ် မောင်မောင်ကျော်တို့ လိုက်ပါသွားကြသည်။
ချစ်ကြည်ရေးခရီးစဉ်တွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်သည်
အိန္ဒိယသမ္မတနိုင်ငံ အစိုးရ၊ တပ်မတော်မှ တာဝန်ရှိသူ များနှင့်တွေ့ ဆုံ၍ နှစ်နိုင်ငံနှင့်တပ်မတော်နှစ်ရပ်အကြား
ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင် ရွက်ရေး ကိစ္စရပ်များ အား ဆွေးနွေး မည်ဖြစ်ပြီး အကြီးစား စက်မှု၊ လက်မှုလုပ်ငန်းများနှင့် ထင်ရှားသော
နေရာများကို လေ့လာကြည့်ရှုမည်ဖြစ်သည်။
မြန်မာနိုင်ငံနှင့်အိန္ဒိယသမ္မတနိုင်ငံ
နှစ်နိုင်ငံသံတမန်နှင့် စစ်ဘက်ဆိုင်ရာ ဆက်ဆံရေးသည် ၁၉၄၈ ခုနှစ် ဇန်နဝါရီ ၄ ရက်တွင်
စတင်ခဲ့ပြီး နှစ်နိုင်ငံသံတမန်နှင့်စစ်ဘက်ဆိုင်ရာ ဆက်ဆံမှု ၆၇ နှစ်ကျော်ရှိပြီဖြစ်သည်။
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ အဆိုပါ
ချစ်ကြည်ရေး ခရီးစဉ်သည် မြန်မာ့ တပ်မတော်အကြီးအကဲ တစ်ဦးအနေဖြင့် အိန္ဒိယသမ္မတ နိုင်ငံသို့
ဒုတိယအကြိမ်မြောက်သွားရောက် သော ချစ်ကြည်ရေးခရီး စဉ်ဖြစ်ကြောင်း သိရသည်။
(မြ၀တီ)
No comments:
Post a Comment