နေပြည်တော် မတ် ၆
ပထမအကြိမ် ပြည်ထောင်စု လွှတ်တော် (၁၂)ကြိမ်မြောက် ပုံမှန် အစည်းအဝေး (၂၂)ရက်မြောက်နေ့
ကို ယနေ့နံနက် ၁ဝနာရီတွင် နေပြည် တော်ရှိ လွှတ်တော်အဆောက်အအုံ၌ ဆက်လက်ကျင်းပသည်။
အစည်းအဝေးတွင် ၂ဝ၁၅- ၂ဝ၁၆ ဘဏ္ဍာနှစ် အမျိုးသားစီမံကိန်း ဥပဒေကြမ်း၏ မူနှင့်အခြေခံသဘော
အပါအဝင် စီမံကိန်းလုပ်ငန်းများ နှင့်စပ်လျဉ်း၍ သက်ဆိုင်ရာ ပြည် ထောင်စုဝန်ကြီးဌာနများက
တင်ပြ ကြရာတွင် လျှပ်စစ်စွမ်းအားဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဦးခင် မောင်စိုးက
ဘဏ္ဍာရေးနှစ်များ အလိုက် တိုင်းဒေသကြီးနှင့် ပြည်နယ် များတွင် လျှပ်စစ်မီးပေးနိုင်ရေး
အတွက် အကုန်အကျခံ သုံးစွဲလျက် ရှိသည့် အခြေအနေနှင့် စီမံကိန်း ဆိုင်ရာများကိုလည်းကောင်း၊
လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန ‘ဒုတိယဝန်ကြီး ဦးဝင်း မြင့်က မိုးပွင့်စီမံချက်နှင့်
ပတ်သက် သည့် စီမံကိန်းဆိုင်ရာများကိုလည်း ကောင်း၊ စွမ်းအင်ဝန်ကြီးဌာန ဒုတိယ ဝန်ကြီး
ဦးမြင့်ဇော်က မြန်မာနိုင်ငံ အတွင်း ပြည်ပမှတင်သွင်းလာသည့် စက်သုံးဆီအရည်အသွေး ကောင်းမွန်
ရေးနှင့် အရည်အသွေးစစ်ဆေးရေး ဆိုင်ရာ လုပ်ငန်းများကို လည်း ကောင်း။
စက်မှုဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးမျိုးအောင်က ဆောင်ရွက် လျက်ရှိသည့် စက်ရုံဆိုင်ရာ
လုပ်ငန်းများ၊ ကုန်ကြမ်းပစ္စည်း ထုတ်လုပ်မှု၊ ပြည်တွင်း ပြည်ပ ဈေးကွက်ရှာဖွေမှုဆိုင်ရာ
လုပ်ငန်း အခြေအနေများကို လည်းကောင်း၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ် ရေးဝန်ကြီးဌာန
ဒုတိယဝန်ကြီး ဒေါက်တာပွင့်ဆန်းက နှစ်အလိုက် ကုန်သွယ်ရေးဆိုင်ရာပမာဏ၊ ပို့ကုန် သွင်းကုန်ဆိုင်ရာ
တိုးတက်မှု အခြေ အနေများကို လည်းကောင်း။
အားကစားဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးဇော်ဝင်းက အားကစား ဖွံ့ဖြိုးတိုးတက်ရေးအတွက်
ဆောင် ရွက်သွားမည့် ကိစ္စရပ်များကိုလည်း ကောင်း၊ ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာဇော်မင်း
အောင်က ပညာရေးကဏ္ဍဆိုင်ရာ ဖွံ့ဖြိုးတိုးတက် လာစေရေးအတွက် ဝန်ကြီးဌာန၏ စီမံဆောင်ရွက်ချက်
များကို လည်းကောင်း၊ ဆောက်လုပ် ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးစိုးတင့်က ဆောက်လုပ်ရေးဆိုင်ရာ
စီမံကိန်းများနှင့်စပ်လျဉ်း၍ လည်း ကောင်း၊ အလုပ်သမား၊ အလုပ်အကိုင် နှင့် လူမှုဖူလုံရေးဝန်ကြီးဌာန
ဒုတိယ ဝန်ကြီး ဦးထင်အောင်က အလုပ် သမား အခွင့်အရေးဆိုင်ရာများနှင့် စပ်လျဉ်း၍လည်းကောင်း။
ရထားပို့ဆောင်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမြင့်သိန်းက ရထား လမ်းဖောက်လုပ်မှုဆိုင်ရာများတွင်
ဝန်ကြီးဌာန၏ ဆောင်ရွက်ချက်များ ကိုလည်းကောင်း၊ ဟိုတယ်နှင့် ခရီး သွားလာရေးလုပ်ငန်း
ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာတင်ရွှေက နှစ်အလိုက် ခရီးသွားလုပ်ငန်းအတွက် တိုးတက်ရရှိလာသည့်
ဝင်ငွေပိုင်း ဆိုင်ရာများကိုလည်းကောင်း၊ အမျိုး သားစီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုး
တိုးတက်မှုဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာကံဇော်က နှစ်အလိုက် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ
တိုးတက်မှု အခြေအနေများကို လည်းကောင်း ရှင်းလင်းတင်ပြကြ သည်။

No comments:
Post a Comment