Sunday, March 22, 2015

ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်း လားရှိုးပြည်သူ့ဆေးရုံကြီးနှင့် ကောက်ကွေ့ ဆည်မှမြို့တိုးချဲ့ ရေပေး ဝေမည့် လုပ်ငန်းများအားကြည့်ရှုစစ်ဆေး


နေပြည်တော် မတ် ၂၂
လားရှိုးမြို့၌ရောက်ရှိသော ဒုတိယသမ္မတဒေါက်တာစိုင်းမောက်ခမ်းသည် ယနေ့ နံနက်ပိုင်းတွင် လားရှိုးပြည်သူ့ ဆေးရုံကြီးသို့သွားရောက်ပြီး ဆေးရုံအုပ်ကြီး၊ ဆရာဝန်  များ၊ သူနာပြုများ၊  ၀န်ထမ်းများနှင့်တွေ့ဆုံသည်။

တွေ့ဆုံရာတွင် ဆေးရုံအုပ်ကြီးဒေါက်တာဒီပါတ်က ဖျားနာကုသတိုးချဲ့လူနာ ဆောင်၊ ၀န်ထမ်းအိမ်ရာများ၊ ဆေးရုံ အုပ်ကြီးနေအိမ်နှင့် လေးခန်းတွဲလေးထပ် ၀န်ထမ်း အိမ်ရာ၊ ခြောက်ခန်းတွဲလေးထပ် ၀န်ထမ်းအိမ်ရာနှင့် ဖျားနာ ကုသဆောင်သစ် တည် ဆောက်နေမှု၊ ၀န်ထမ်းအိမ်ရာသစ်တွင် တိုးချဲ့ဆောင်ရွက်မည့်လုပ်ငန်းများ၊ JICA နှင့် ပူးပေါင်း ဆောင်ရွက်မည့်လုပ်ငန်းများ၊ ဆေးရုံကြီးအဆင့်မြှင့်တင် ခြင်းလုပ်ငန်းစီမံချက် များကို ရှင်းလင်း တင်ပြသည်။
တင်ပြချက်များအပေါ် ဒုတိယသမ္မတက ဆေးရုံအဆောက်အဦများနှင့် ပတ်သက်ပြီး ဆေးရုံဝင်းတစ်ခုလုံး၏ Master Plan ဖြင့်  ရေရှည်စီမံကိန်းများချမှတ် ဆောင်ရွက်သွားကြရန်လိုကြောင်း၊ အဆောက် အဦများ တည်ဆောက်ရာတွင်မြေနေရာ ရှားပါးလာမှုသက်သာစေရန် ဖြစ်နိုင်သမျှ အထပ်မြင့်များဖြင့် ဆောက်လုပ်သင့်ပါ ကြောင်း၊ တိုင်းဒေသကြီးနှင့်ပြည်နယ် များ၏ ဆေးရုံများတွင် လိုအပ်သည့် ဆေးရုံများကို အဆင့်မြှင့် တင်တိုးချဲ့ရန်စီစဉ်ဆောင်ရွက်လျက်ရှိပါကြောင်း၊ အရေး ပေါ်ဌာနနှင့် အရေး ပေါ် လူနာတင် ယာဉ်စနစ်တို့ကို ကောင်းစွာဆောင်ရွက်ထားရှိရန် လိုအပ်ပါကြောင်းဖြင့် မှာကြား သည်။
ထို့နောက် ဒုတိယသမ္မတသည် ဖျားနာကုသဆောင်၊ ကျောက်ကပ်ဆေးစက်၊ ဖျားနာ ကုသနှစ် ထပ်ဆောင် သစ်ဆောက် လုပ်နေမှု၊ သားဖွားမီးယပ်ဆောင်နှင့် သားဖွား ခန်း၊ ဆေးရုံအုပ်ကြီးနေအိမ်နှင့် လေးခန်းတွဲ လေးထပ် ၀န်ထမ်းအိမ်ရာ အဆောက်အဦ သစ်တည်ဆောက်နေမှုတို့ကိုလိုက်လံကြည့်ရှုစစ်ဆေးပြီး  လိုအပ် သည်များကို မှာကြား သည်။
ဆက်လက်၍ ဒုတိယသမ္မတသည် လားရှိုးမြို့ကောက်ကွေ့ရေလှောင်တမံသို့ ရောက်ရှိပြီး  ဆည်ရေ သိုလှောင်နိုင် မှုနှင့်မြို့ရေပေးဝေရေးအတွက် ရေတွန်းစက်ရုံတည် ဆောက်ထားရှိမှုကိုတမံပေါ်မှ ကြည့်ရှု စစ်ဆေးသည်။
ထို့နောက်ဒုတိယသမ္မတအား ရေလှောင်တမံရှင်းလင်းဆောင်၌ ဆည်မြောင်းဦး စီးဌာနမှ ဒုတိယ ညွှန်ကြား ရေးမှူး ဦးကျော်နိုင်ဦးက ရေလှောင်တမံဆိုင်ရာအချက် အလက်များ၊ နှစ်စဉ်မိုးရေချိန်၊ လက်ရှိမြို့ရေ ပေးဝေနေ မှုတို့ကို ရှင်းလင်း တင်ပြရာ ဒုတိယသမ္မတက ဆည်ပတ်ဝန်းကျင်းအားရေဝေရေလဲထိန်းသိမ်းရန်နှင့် ဆည် ပတ်ဝန်း ကျင်အနီးကျေးရွာများမှ ထင်းခုတ်မှုသက်သာစေရေးအတွက် စီမံစိစစ်ညှိနှိုင်း ဆောင် ရွက်ပေး သွား ရန်တို့ကိုမှာကြားခဲ့သည်။
ယင်းနောက် ဒုတိယသမ္မတသည် လားရှိုးမြို့အား ကောက်ကွေ့ဆည်မှ ကမ္ဘောဇ ခင်လှိုင်ကုန်း သို့မြို့ရေ ပေးဝေရေးအတွက် သွယ်တန်းမည့်ရေသွယ်ပိုက်များအားကြည့်ရှု စစ်ဆေးရာ တာဝန်ရှိသူများကမြို့ရေ ပေးဝေး ရေး လုပ်ငန်းများနှင့် စပ်လျဉ်း၍ ရှင်းလင်း  တင်ပြသည်။
တင်ပြချက်အပေါ်ဒုတိယသမ္မတက မြို့ရေပေးရေးလုပ်ငန်းမှာရေရှည်ဆောင်ရွက် ရမည့် လုပ်ငန်းဖြစ် သည့် အတွက် အဆင့်မြှင့်ရေရှည်ခံ နိုင်ရည်ရှိသော ရေသွယ်ပိုက်များ ကို သုံးစွဲကြရန်နှင့် လုပ်ငန်းများ ဆောင်ရွက်ရာ တွင်စနစ် တကျ ဆောင်ရွက်ကြရန်တို့ကို မှာကြားခဲ့သည်။
အဆိုပါလုပ်ငန်းပြီးစီးပါက မြို့ပေါ်ရပ်ကွက် (၅)ရပ်ကွက်ကို တစ်ရက်လျှင်ရေ ဂါလံ (၄)သိန်း ပေးဝေနိုင် မည်ဖြစ်ကြောင်း သိရသည်။

ထို့နောက် ဒုတိယသမ္မတသည် မွန်းလွဲပိုင်းတွင် လားရှိုးမြို့မှ မြန်မာအမျိုးသား လေကြောင်းဖြင့် ထွက်ခွာခဲ့ရာ ညနေ (၃) နာရီခွဲတွင် နေပြည်တော်သို့ ပြန်လည်ရောက်ရှိ ကြသည်။      

No comments:

Post a Comment