နေပြည်တော် ဖေဖော်ဝါရီ ၈
ရန်ကုန်မြို့တော်တွင် ယာဉ်ကြောကျပ်တည်းမှု များ၊ ယာဉ်ကြောပိတ်ဆို့မှုများကို တစ်ဖက်တစ်လမ်းမှ ကူညီဖြေရှင်း ပေးနိုင်ရေး၊ ရထားစီးပြည်သူများ သွားလာ ရေး အဆင်ပြေချောမွေ့စေရေးနှင့် သက်သောင့်သက်သာ စီးနင်းနိုင်ရေးအတွက် မြန်မာ့မီးရထားလုပ်ငန်းက လက်ရှိ ပြေးဆွဲနေသော ရထားတွဲအဟောင်းများကို ၂ဝ၁၅-၂ဝ၁၆ ဘဏ္ဍာနှစ်အတွင်း RBE ရထားတွဲသစ် ၂ဝ ဖြင့် အစား ထိုး ပြေးဆွဲနိုင်ရန် ဂျပန်နိုင်ငံမှ ဝယ်ယူထားပြီဖြစ်ကြောင်း သိရသည်။
၂ဝ၁ဝ ပြည့်နှစ်အတွင်းမှစတင်၍ မြို့ပတ်လမ်းများ အဆင့်မြှင့်တင်ရေးဆောင်ရွက်ခဲ့ရာ ပထမအဆင့်အနေဖြင့် လက်ရှိလမ်း ပိုင်းများကို ပြုပြင်ခြင်း၊ အဆင့်မြှင့်တင်ခြင်း များ စတင်ပြုလုပ်ခဲ့ပြီး ယခုလက်ရှိတွင်လည်း လမ်းများ အဆင့်မြှင့်တင်ရေး၊ ရထားတွဲသစ်များ အစားထိုး ပြေးဆွဲ နိုင်ရန်ဝယ်ယူရေးတို့အတွက် ဂျပန်နိုင်ငံအပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ (JICA)အကူအညီဖြင့် ဆောင်ရွက်နေပြီဖြစ်ကြောင်း မြန်မာ့မီးရထားလုပ်ငန်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
မြန်မာ့မီးရထားကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် မီးရထားလမ်းပိုင်းများ အဆင့်မြှင့်တင်ဆောင်ရွက်ခြင်း ကို JICA နှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိပြီး နည်းပညာ ပိုင်းအရလည်း သင်တန်းများ ပို့ချပေးလျက်ရှိကြောင်း သိရသည်။ ယခုအခါ မြို့ပတ်လမ်းများကို အဆင့်မြှင့်တင်ပြီး လက်ရှိ ပြေးဆွဲနေသော မြို့ပတ်ရထား တွဲဆိုင်းအဟောင်းများကို အသစ် ဝယ်ယူထားသော RBE ရထားတွဲသစ် ၂ဝ ရောက်ရှိပါက အများပြည်သူ သွားလာမှုအဆင်ပြေစေရေး၊ ရထား စီးပြည်သူများ စိတ်ချမ်းမြေ့စေရေး ကိုရည်ရွယ်၍ ၂ဝ၁၅ ခုနှစ်အတွင်း အပြီးသတ် အစားထိုးပြေးဆွဲသွား မည်ဖြစ်သည်။
''RBE ရထားတွဲတွေက ဝယ်ပြီး တာနဲ့ ရောက်ရောက်ချင်း အသုံးပြု လို့တော့မရပါဘူး၊ ဘာဖြစ်လို့လဲဆို တော့ ဂျပန်နိုင်ငံက ထုတ်တာဖြစ်တဲ့ အတွက် ဂျပန်က သူတို့နိုင်ငံက လမ်း တွေနဲ့ကိုက်ညီတဲ့ ဘီးအရွယ်အစား တွေကို ချိန်ညှိပြီး ထုတ်လုပ်တာ ဖြစ်တယ်၊ ဒါကြောင့် ဒီတွဲသစ် ၂ဝ မြန်မာနိုင်ငံရောက်တာနဲ့ စတင်ပြီး မြန်မာနိုင်ငံမှာရှိတဲ့ သံလမ်းတွေနဲ့ အဆင်ပြေကိုက်ညီမယ့် ရထားသံ ဘီးမျိုးဖြစ်အောင် မြစ်ငယ်မှာရှိတဲ့ ရထားတွဲပြင်စက်ရုံမှာ ပြန်လည်ပြုပြင် ရမှာဖြစ်ပါတယ်၊ အဲဒါတွေပြီးမှ ရထားတွေအကုန်လုံးကို အသုံးပြု လို့ရမှာဖြစ်ပါတယ်''ဟု မြန်မာ့ မီးရထားလုပ်ငန်းတာဝန်ရှိသူတစ်ဦး က ပြောပြသည်။
ယခုလက်ရှိ တင်ဒါအောင်မြင်ပြီး ဝယ်ယူထားသော RBE ရထားတွဲသစ် ၂ဝကို ဧပြီလအတွင်း ဂျပန်နိုင်ငံမှ သင်္ဘောတင်မည်ဖြစ်ပြီး မေလဆန်း ပိုင်းတွင် မြန်မာနိုင်ငံသို့ ရောက်ရှိ မည်ဖြစ်သည်။ ယခင် စက်ခေါင်းသစ် များဖြင့် ရန်ကုန်မြို့ ပတ်အတွင်း အသုံးပြုသွားမည့်အပြင် ဆက်လက် ပြီး အသစ်ဖွင့်လှစ်ထားသော လမ်း ပိုင်းများ၌လည်း ကုန်ပစ္စည်းများ သယ်ယူပို့ဆောင်ရေး၊ ပြည်သူများ သွားလာမှုအဆင်ပြေစေရန် ခရီးစဉ် များတိုးချဲ့ပြေးဆွဲနိုင်ရေး၊ မြို့ပတ် ရထားလမ်းများကိုလည်း ဆက်လက် ချဲ့ထွင်ပြီး ကွန်ရက်သဖွယ် တည် ဆောက်သွားကာ လမ်းသစ်များ ဖောက်လုပ်သွားရန် စီစဉ်ဆောင် ရွက်နေကြောင်း သိရသည်။ ထို့အပြင် ကျောင်းသား ကျောင်းသူများအတွက် လည်း ရထားချိန်ကို ကျောင်းတက် ချိန်၊ ကျောင်းဆင်းချိန်များနှင့် အဆင် ပြေအောင် ချိန်ညှိပေးသွားမည်ဖြစ် ကြောင်း သိရသည်။
''RBE စက်ခေါင်းတွေရဲ့ အားသာချက်တွေက တွဲဆိုင်းတိုင်း မှာ စက်ခေါင်းတွေ ပါတာဖြစ်တဲ့ အတွက် အခြားရထား တွဲကြီးတွေလို ရှေ့မှာတင်စက်ခေါင်းပါတာမဟုတ်တော့ တွဲတစ်တွဲမှာ ချို့ယွင်းမှုဖြစ် တာနဲ့ ရထားတွဲဆိုင်းကြီးတစ်ခုလုံးကို ဒုက္ခမပေးနိုင်တော့ဘူး၊ အဲဒီချို့ယွင်း တဲ့ အတွဲကိုဖြုတ်ချပြီး ကျန်တဲ့အတွဲ တွေကို ဆက်ပြီးသွားလို့ရတဲ့ အားသာ ချက်တွေရှိ တယ်၊ နောက်ပြီးတော့ လေအိတ်ပါရှိတဲ့အတွက်ကြောင့်မို့ စီးရတာ သက်သောင့်သက်သာရှိ တယ်၊ နောက်တစ်ခု က တော်ရုံတန် ရုံနဲ့ ရထားလမ်းချော်တာတို့၊ ဘာတို့ မဖြစ်နိုင်တော့ မတော်တဆမှုတွေ ကိုလည်း လျှော့ချနိုင်မှာဖြစ်ပါတယ်''ဟု ၎င်းကဆက်လက်ပြောကြားသည်။
မြန်မာ့ မီးရထားလုပ်ငန်းက ရန်ကုန်မြို့တွင်း ရထားလမ်းများ အဆင့်မြှင့်တင်ခြင်း၊ ရထားတွဲသစ် များ အစားထိုးပြေး ဆွဲခြင်းဖြင့် ယာဉ် ကြောကျပ်တည်းမှုများကို တစ်ဖက် တစ်လမ်းက ကူညီဖြေရှင်းသွားမည့် အပြင် နိုင်ငံတော်မှ အကောင် အထည် ဖော်ဆောင်ရွက်လျက်ရှိသည့် သီလဝါ ဆိပ်ကမ်း တည်ဆောက်ပြီးစီးပါက ကုန်စည်စီးဆင်းမှု အဆင်ပြေစေ ရေး၊ သယ်ယူပို့ ဆောင်ရေးနှင့်ပြည်သူ များ သွားလာရေးအတွက် ရထား ခရီးစဉ်များ တိုးချဲ့သွားမည်ဖြစ် ကြောင်း၊ ထိုသို့ ရထားလမ်း သစ်များ တိုးချဲ့ရေးအတွက်ကိုလည်း ယခုအခါ JICA မှ ပညာရှင်များ လာရောက်၍ တိုင်းတာခြင်းများ၊ ကုန်ကျစရိတ် တွက်ချက်ခြင်းများ စတင်ဆောင်ရွက် နေပြီဖြစ်ကြောင်း သိရသည်။ နောက် ထပ် တိုးချဲ့မည့်လုပ် ငန်းများအတွက် JICA မှ အမေရိကန် ဒေါ်လာ သန်း ၂ဝဝ ကို ချေးငွေအဖြစ် ရယူဆောက် ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
ယခုလက်ရှိ ကမ်းနားလမ်းဘက် ၌ ပြေးဆွဲလျက်ရှိသော RBE ရထားတွဲ နှစ်စင်းနေရာတွင် လျှပ်စစ် ရထားတွဲ နှစ်စင်း ပြေးဆွဲနိုင်ရေး တင်ဒါခေါ်ယူထားပြီ ဖြစ်ကြောင်း သိရသည်။ ထို့သို့ လျှပ်စစ်ရထား ပြေးဆွဲနိုင်ပါက မြန်မာနိုင်ငံ၌ ပထမဆုံး စတင်ပြေးဆွဲမည့် လျှပ်စစ်ရထားခရီးစဉ် ဖြစ်လာမည် ဖြစ်ပြီး ကမ်းနားလမ်း၌ စတင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ အဆင်ပြေပါက ဆက်လက်တိုးချဲ့ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

No comments:
Post a Comment