Thursday, February 5, 2015

ပြည်ထောင်စု လွှတ်တော် နာယက ပြည်သူ့ လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်း စင်ကာပူ သမ္မတနိုင်ငံ ဂုဏ်ထူးဆောင် ဝါရင့်ဝန်ကြီး မစ္စတာ ဂိုချောက်တောင် ဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့အား လက်ခံတွေ့ဆုံ



နေပြည်တော်  ဖေဖော်ဝါရီ 
ပြည်ထောင်စု လွှတ်တော် နာယက ပြည်သူ့ လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းသည် စင်ကာပူ သမ္မတနိုင်ငံ ဂုဏ်ထူးဆောင် ဝါရင့်ဝန်ကြီး မစ္စတာ ဂိုချောက်တောင် ဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့အား ယနေ့ညနေ (၃)နာရီတွင် နေပြည်တော်ရှိ လွှတ်တော် အဆောက်အအုံ ဇမ္ဗူသီရိ ဧည့်ခန်းမဆောင်၌ လက်ခံ တွေ့ဆုံသည်။

 
ထိုသို့ တွေ့ဆုံရာတွင် ပြည်ထောင်စု လွှတ်တော် နာယကနှင့်အတူ ပြည်သူ့ လွှတ်တော် ကော်မတီ ဥက္ကဋ္ဌများ ဖြစ်ကြသော ဦးစိုးသာ၊ ဦးဌေးဦး၊ ဦးမောင်မောင်သိမ်းနှင့် ဦးလှမြင့်ဦး၊ ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာ ဆန်းစစ် သုံးသပ်ရေး ကော်မရှင် အဖွဲ့ဝင် ဒေါ်အေးအေးမူနှင့် ပြည်သူ့ လွှတ်တော်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ကြပြီး ဧည့်သည်တော် ဂုဏ်ထူးဆောင် ဝါရင့်ဝန်ကြီး ဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့နှင့်အတူ မြန်မာနိုင်ငံ ဆိုင်ရာ စင်ကာပူ သမ္မတနိုင်ငံ သံအမတ်ကြီး မစ္စတာ ရောဘတ်ချူဝှာလည်း တက်ရောက်ခဲ့သည်။

No comments:

Post a Comment