Monday, February 23, 2015

ရုရှား-ယူကရိန်းအရေးနှင့် ပတ်သက်၍ အမေရိကန်ပြည်ထောင်စု၏ ရပ်တည်ချက်အပေါ် ရှက်မိကြောင်း ဥပဒေပြုလွှတ်တော်အမတ် ဂျွန်မက်ကိန်းပြောဆို


ရှေ့မတိုးနောက်မဆုပ်သာ ဖြစ်နေတဲ့ ရုရှား-ယူကရိန်းအရေးနဲ့ ပတ်သက်ပြီး အမေရိကန်အစိုးရရဲ့ ကိုယ်တွယ်ပုံအပေါ် ရှက်မိတယ်လို့ CBS သတင်းဌာနနဲ့ တွေ့ဆုံမေးမြန်းခန်းတစ်ခုမှာ အယ်ရီဇိုးနားပြည်နယ် ဥပဒေပြုအမတ်တစ်ဦးဖြစ်တဲ့ ဂျွန်မက်ကိန်းက ယမန်နေ့ကပဲ ထုတ်ဖော် ပြောဆိုလိုက်ပါတယ်။


နိုင်ငံကိုယ်စားရော၊ သမ္မတကိုယ်စားပါ ရှက်မိသလို၊ မိမိကိုယ်မိမိလည်းရှက်မိပါတယ်၊ ယူကရိန်း ပြည်သူတွေကို ဘာမှထပ်ပြီး မကူညီနိုင်တော့တာ တကယ့်ကိုကြေကွဲစရာ ဖြစ်မိပါတယ်လို့ ဥပဒေပြု လွှတ်တော်အမတ် ဂျွန်မက်ကိန်းကပြောဆိုလိုက်တာ ဖြစ်ပါတယ်။

အမေရိကန်ပြည်ထောင်စုအပါအဝင် ပြင်သင်နဲ့ဂျာမနီလို ဥရောပအင်အားကြီး နိုင်ငံတွေအနေနဲ့ ရုရှားသမ္မတ ပူတင်ရဲ့ ယူကရိန်းအပေါ် ဆက်လက်ကျူးကျော်နေတာတွေ ရပ်တန့်အောင် မလုပ်နိုင် တာဟာ အတော်ကို စိတ်ပျက်စရာကောင်းတယ်လို့လည်း ၄င်းက ပြောဆိုခဲ့တာ ဖြစ်ပါတယ်။

ဥရောပဘက်ကသာ လိုက်လျောမှုတွေ ပြုလုပ်နေရပြီးတော့ ရုရှားဘက်ကဘာတစ်ခုမှ လိုက်လျောခဲ့ တာမျိုးမရှိခဲ့တာဟာ ရှက်စရာကောင်းကြောင်းလည်း မစ္စတာ ဂျွန်မက်ကိန်းက ဆက်လက်ပြောဆိုခဲ့ပါ တယ်။

ရုရှားနဲ့ ရုရှားလိုလားတဲ့ ခွဲထွက်ရေးသမားတွေကိုတိုက်ခိုက်ဖို့ အမေရိကန်အစိုးရအနေနဲ့ ယူကရိန်း တပ်ဖွဲ့တွေဆီ လက်နက်တွေ ပေးပို့ထောက်ပံ့ရေး အစီအစဉ်နဲ့ပတ်သက်လို့ ထောက်ခံပါတယ်၊ ရုရှားတပ်ဖွဲ့တွေရဲ့ အပြင်းအထန်တိုက်ခိုက်မှုကို ယူကရိန်းတပ်ဖွဲ့တွေအနေနဲ့ လက်နက်ငယ်လေးတွေ နဲ့ပဲ ခုခံကာကွယ် တိုက်ခိုက်နေရကြောင်းလည်း ၄င်းက ဆက်လက်ပြောဆိုခဲ့ကြောင်း Yahoo news သတင်းတစ်ရပ်ကို ကိုးကားတင်ပြလိုက်ရပါတယ်။ 

No comments:

Post a Comment