Tuesday, February 3, 2015

ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းနှင့် မှုခင်းကျဆင်းရေး၊ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများ အန္တရာယ် အသိပညာပေး ဟောပြောပွဲ မိုင်းဆတ်၌ ကျင်းပ

မိုင်းဆတ် ဖေဖော်ဝါရီ ၂
ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းနှင့် မှုခင်းကျဆင်းရေး၊ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများ အန္တရာယ် အသိပညာပေးဟောပြောပွဲကို ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ မိုင်းဆတ်မြို့၊ အခြေခံပညာ အထက်တန်းကျောင်း သံလွင်ဆောင်ဟောခန်းမ၌ ဖေဖော်ဝါရီလ ၃ ရက်၊ နံနက် ၁၀ နာရီခွဲက ကျင်းပရာ



ရှေးဦးစွာ ကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်ညိုဝင်းက အဖွင့်အမှာ စကားပြောကြားသည်။    ထို့နောက် မိုင်းဆတ်မြို့မရဲစခန်း၊ စခန်းမှူး ဒုရဲမှူး သန့်ဇော်ဦးက ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း နှင့် မှုခင်းကျဆင်းရေးဆိုင်ရာ အချက်အလက်များအား လည်းကောင်း၊ မူးယစ်တပ်ဖွဲ့စု (၂၉)မိုင်းဆတ်၊ ဒုရဲမှူး မြင့်နိုင်ဦး က မူးယစ်ဆေးဝါးဆိုးကျိုးများ၊ မူးယစ်ဆေးဝါးဖြစ်ပေါ်လာပုံ၊ သုံးစွဲမှုဖြစ်ပေါ်လာပါက ဆိုးကျိုးအမျိုးမျိုး၊ မူးယစ်ဆေးဝါး၏ ပုဒ်မပြစ်ဒဏ်များ၊ မူးယစ်ဆေးဝါးအမျိုးမျိုးအကြောင်း၊ ဘိန်းအစားထိုးသီးနှံ စိုက်ပျိုးခြင်းနှင့် တိုက်ဖျက်နည်း အမျိုးမျိုးတို့ကို ပါဝါပွိုင့်ဖြင့် ပြသပြီး ရှင်းလင်းဟောပြောသည်။  

အဆိုပါဟောပြောပွဲသို့ အခြေခံပညာအထက်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူ ၃၅၀ ဦး တက်ရောက် ခဲ့ကြောင်းသိရသည်။

No comments:

Post a Comment