Saturday, February 7, 2015

ကျေးရွာချင်းဆက်လမ်းများ ကောင်းမွန်ရေးဆွေးနွေး


နေပြည်တော် ဖေဖော်ဝါရီ ၆

လယ်ယာစိုက်ပျိုးရေးနှင့် ဆည် မြောင်းဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးမြင့်လှိုင်သည် ဖေဖော်ဝါရီ ၄ ရက် နံနက် ၈ နာရီခွဲက ဒက္ခိဏ သီရိမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပသော ဒက္ခိဏသီရိမြို့နယ်လုံး ကျွတ် လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက် ရေးနှင့် တောင်သူလယ်သမားများ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေး အစည်းအဝေးသို့ တက်ရောက်၍ ကျေးရွာသစ်စီမံကိန်းဖွံ့ဖြိုးတိုးတက် ရေး ရှင်းလင်းဆွေးနွေးသည်။


ထို့နောက် လယ်ယာကဏ္ဍဖွံ့ဖြိုး တိုးတက်ရေးဆိုင်ရာလုပ်ငန်းအကောင် အထည်ဖော်ဆောင်ရွက်နေမှုများကို ဒေသခံများနှင့် တာဝန်ရှိသူများက ပါဝင်ဆွေးနွေးတင်ပြကြသည်။

ပြည်ထောင်စုဝန်ကြီးက နိုင်ငံ တော်၏ဂုဏ်သိက္ခာကို ကမ္ဘာ့အလယ်တွင် ဂုဏ်ရှိန်မြင့်မားစွာဖြင့် ခံ့ညား တင့်တယ်စေရေးအတွက် ပြည်ထောင်စု အစိုးရအပိုင်း၊ ဒေသဆိုင်ရာ အုပ်ချုပ် ရေးအပိုင်း၊ နိုင်ငံ့ဝန်ထမ်းများအပိုင်း နှင့် ပြည်သူများ၏အင်အားကို ရယူ၍ ရည်မှန်းချက်တူ၊ ဆန္ဒတူဖြင့် နိုင်ငံ၏ အမျိုးသားရေးအကျိုးစီးပွား၊ ပြည်သူ များ၏ အမျိုးသားရေးအကျိုးစီးပွားကို ကြိုးပမ်းဖော်ဆောင်ရန် လိုအပ်ချက် များကို အသေးစိတ်တိုက်တွန်းဆွေး နွေးပြောကြားခဲ့သည်။


ယင်းနောက် နေပြည်တော် ကောင်စီနယ်မြေ ဆည်မြောင်းဦးစီး ဌာနမှ အင်ဂျင်နီယာမှူးကြီး ဦးစိုးတင့် က အင်းနီကန်ဆည်ရေသောက်စနစ် အတွက် ရေပေးမြောင်းများ တူးဖော် ဖောက်လုပ်ပြီးစီးမှုများကို ရှင်းလင်း တင်ပြရာ ပြည်ထောင်စုဝန်ကြီးက ဆည်ရေသောက်လယ်မြေများကို စက်မှုလယ်ယာစနစ်ကူးပြောင်းရေး အတွက် ယခု ပွင့်လင်းရာသီကာလတွင် အချိန်မီ မြေယာပြုပြင်ဖော်ထုတ် အကောင်အထည်ဖော်ရန် လိုအပ် ချက်များနှင့် ကျေးရွာသူ ကျေးရွာ သားများက တောင်းဆိုဆန္ဒပြုထား သည့် ကုန်ထုတ်လမ်းများ၊ ကျေးရွာ ချင်းဆက်လမ်းများ ကောင်းမွန်ရေးကို ကူညီဆောင်ရွက်ပေးရန် ဆွေးနွေး မှာကြားကာ တမံတည်ဆောက်ပြီးစီး မှု၊ ဆည်ရေသောက်မြောင်းများ ဖောက်လုပ်ဆောင်ရွက်နေမှုများကိုကွင်းဆင်းစစ်ဆေးကြည့်‌ရှုခဲ့ကြောင်း သိရသည်။ 

No comments:

Post a Comment