ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော် အစိုးရ
ပညာရေးဝန်ကြီးဌာန
မြန်မာနိုင်ငံ စာစစ်ဦးစီးဌာန
တက္ကသိုလ်ဝင် စာမေးပွဲ စာမေးပွဲဝင်ခွင့်
ကတ်ပြားထုတ်ယူခွင့်နှင့် ပတ်သက်သော သတင်းကြေညာချက်
၂၀၁၅- ခုနှစ်၊ မတ်လ (၁၁) ရက်နေ့မှ မတ်လ
(၂၀) ရက်နေ့အထိ ကျင်းပမည့် တက္ကသိုလ်ဝင် စာမေးပွဲကို ဖြေဆိုခွင့် တောင်းထားကြသော ကျောင်းသား/သူများ
သိရှိရန် အောက်ပါအတိုင်း ကြေညာအပ်ပါသည်-
(၁) ရန်ကုန်တိုင်း ဒေသကြီးမှ အပ ကျန်
(တိုင်းဒေသကြီး/ပြည်နယ်) များရှိ စာစစ်ဌာန အသီးသီးတွင် ဖြေဆိုကြမည့် ကျောင်းသား/သူများသည်
မိမိတို့၏ ဓာတ်ပုံကပ်ထားသည့် ခုံအမှတ်စဉ်ပါသော စာမေးပွဲဝင်ခွင့် ကတ်ပြား (Identity
Card) များကို ၂၀၁၅-ခုနှစ်၊ ဖေဖော်ဝါရီလ (၂၃) ရက်၊ တနင်္လာနေ့ မှစ၍ လည်းကောင်း၊
(၂) ရန်ကုန်တိုင်း ဒေသကြီးအတွင်းမှ ကျောင်းသား/သူများသည်
မိမိတို့၏ စာမေးပွဲဝင်ခွင့် ကတ်ပြား (Identity Card) များကို ၂၀၁၅-ခုနှစ် ဖေဖော်ဝါရီလ
(၂၅) ရက်၊ ဗုဒ္ဓဟူးနေ့ မှစ၍ လည်းကောင်း၊ စာမေးပွဲရက် မတိုင်မီ အောက်ပါ အစီအစဉ်အတိုင်း
ထုတ်ယူကြရန် ဖြစ်ပါသည်-
(က) အခြေခံပညာ အထက်တန်းကျောင်း၊ (ကျောင်းခွဲ)
နှင့် (တွဲဖက်) အခြေခံပညာ အထက်တန်းကျောင်းမှ ကျောင်းသား/သူများသည် မိမိတို့၏ စာမေးပွဲဝင်ခွင့်
ကတ်ပြား (Identity Card) များကို မိမိတို့ ကျောင်းအုပ်ကြီးများ ထံမှ လည်းကောင်း၊
(ခ) ပြင်ပမှ ဖြေဆိုသူများသည် စာမေးပွဲဝင်ခွင့်
ကတ်ပြား (Identity Card) များကို မိမိတို့ ဖြေဆိုရမည့် စာစစ်ဌာန ကြီးကြပ်ရေးမှူးများထံမှ
လည်းကောင်း အသီးသီး ထုတ်ယူနိုင်ကြ ပါသည်။
(၃) ကျောင်းသား/သူများ အနေဖြင့် စာမေးပွဲဝင်ခွင့်
ကတ်ပြား (Identity Card) များ ထုတ်ယူရာတွင်အခက် အခဲရှိပါက သက်ဆိုင်ရာ စာစစ်ဌာန ကြီးကြပ်ရေးမှူးများ၊
မြို့နယ် ပညာရေးမှူးများနှင့် မြန်မာနိုင်ငံ စာစစ် ဦးစစ်ဌာနထံ တိုက်ရိုက်စုံစမ်း မေးမြန်းနိုင်ပါသည်။
ညွှန်ကြားရေးမှူးချုပ်
မြန်မာနိုင်ငံ စာစစ်ဦးစီးဌာန။
ရက်စွဲ။ ၂၀၁၅-ခုနှစ်၊ ဖေဖော်ဝါရီလ (၉)
ရက်။
No comments:
Post a Comment