သီပေါ ဖေဖော်ဝါရီ ၁ဝ
ရှမ်းပြည်နယ်
(မြောက်ပိုင်း) ကျောက်မဲခရိုင် အလုပ်သမားညွှန်ကြား မှုဦးစီးဌာန ဦးစီးမှူး ဦးမြင့်အောင်၊
အဖွဲ့ခေါင်းဆောင် သီပေါမြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဦးယုမင်းထိန်နှင့်
အဖွဲ့ဝင်များသည်
အနည်းဆုံးအခ ကြေးငွေသတ်မှတ် နိုင်ရေးအတွက် အိမ် ထောင်စုများ၏ နေထိုင်
စားသုံးစရိတ် များ အခြေအနေကို စစ်တမ်းကောက်ယူ ရန် ဇန်နဝါရီ ၃ဝ ရက်မှ ဖေဖော်ဝါရီ ၈ ရက်အထိ
သီပေါမြို့နယ်နှင့် ရပ်ကွက် များသို့ ကွင်းဆင်းပြီးလုပ်ငန်းများ ဆောင်ရွက်ကြသည်။
အဆိုပါ
စစ်တမ်းကောက်ယူ ရေးအဖွဲ့သည် သီပေါမြို့ပေါ်သုံး ရပ်ကွက်နှင့် ကျေးရွာအုပ်စု သုံးအုပ်စု
ရှိကျေးရွာခြောက်ရွာမှ အိမ်ထောင်စု ပေါင်း ၂ဝ၄ အိမ်ကို အနည်းဆုံး အခကြေးငွေ သတ်မှတ်နိုင်ရေးအတွက်
အိမ်ထောင်စုများ၏ နေထိုင်စားသုံး စရိတ်များအခြေအနေကို စစ်တမ်း ကောက်ယူကြရာ သီပေါမြို့နယ်
စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးမျိုးတင့်ဇော်နှင့် တာဝန်ရှိသူများ၊
လူမှုရေးအသင်းအဖွဲ့ များက လိုအပ်သည်များကို ကူညီဖြည့် ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရ
သည်။

No comments:
Post a Comment