နေပြည်တော် ဖေဖော်ဝါရီ ၂၅
နိုင်ငံတော်သမ္မတဦးသိန်းစိန်သည် ယနေ့ညနေ
၎နာရီတွင် နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိမိုးလုံလေလုံ အားကစားရုံ (ဘီ)နှင့် ဝဏ္ဏသိဒ္ဓိဘောလုံးအားကစားကွင်း၌
ကျင်းပပြုလုပ်သောအမျိုးသားအားကစားပွဲတော် အားကစားပြိုင် ပွဲများကို ကြည့်ရှုအား ပေးသည်။
အဆိုပါပြိုင်ပွဲများသို့ နိုင်ငံတော်သမ္မတနှင့်အတူ
မြန်မာနိုင်ငံအမျိုးသား အားကစားကော်မတီ ဥက္ကဋ္ဌ အားကစား ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး
ဦးတင့်ဆန်း၊ ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ အားကစား ဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊
ပြိုင်ပွဲဝင် အသင်းများမှ အသင်းအုပ်ချုပ်သူများ၊ နည်းပြများ၊ အားကစား သမားများနှင့်
အားကစားဝါသနာရှင်များ တက်ရောက်ကြည့်ရှုအားပေးကြသည်။
ရှေးဦးစွာ နိုင်ငံတော်သမ္မတသည် ဝဏ္ဏသိဒ္ဓိမိုးလုံလေလုံအားကစားရုံ(ဘီ)၌
ကျင်းပပြုလုပ်သည့် ပိုက်ကျော်ခြင်း အမျိုးသား (၃)ယောက်တွဲ အဖွဲ့လိုက်ပြိုင်ပွဲ ဗိုလ်လုပွဲပွဲစဉ်ဖြစ်သည့်
မန္တလေးတိုင်းဒေသကြီးအသင်းနှင့် ရခိုင်ပြည် နယ်အသင်းတို့ ယှဉ်ပြိုင်ကစားနေမှုအား ကြည့်ရှုအားပေးသည်။
ထို့နောက် နိုင်ငံတော်သမ္မတသည် ဝဏ္ဏသိဒ္ဓိဘောလုံးအားကစားကွင်း၌
ကျင်းပ ပြုလုပ်သော ကရင်ပြည် နယ်နှင့် ချင်းပြည်နယ်ဘောလုံးအသင်း၊ မန္တလေးတိုင်းဒေသ ကြီးနှင့်
ပဲခူးတိုင်းဒေသကြီးဘောလုံးအသင်းတို့ ဆီမီးဖိုင် နယ်ပွဲစဉ်များ ယှဉ်ပြိုင်ကစား နေမှုတို့ကို
ကြည့်ရှုအားပေးသည်။
ပိုက်ကျော်ခြင်း အမျိုးသား(၃)ယောက်တွဲ
အဖွဲ့လိုက်ပြိုင်ပွဲ ဗိုလ်လုပွဲစဉ်တွင် မန္တလေးတိုင်းဒေသကြီးနှင့် ရခိုင်ပြည်နယ် အသင်းတို့
ယှဉ်ပြိုင်ကစားခဲ့ကြရာ ရခိုင် ပြည်နယ်အသင်းမှ အနိုင်ရရှိကာ ပထမဆုကို ဆွတ်ခူး သွားသည်။
ထို့အတူ ဝဏ္ဏသိဒ္ဓိဘောလုံးအားကစားကွင်း၌
ကျင်းပပြုလုပ်သည့် ကရင်ပြည် နယ်နှင့် ချင်းပြည်နယ် ဘောလုံးအသင်း၊ မန္တလေးတိုင်းဒေသကြီးနှင့်
ပဲခူးတိုင်း ဒေသကြီး ဘောလုံးအသင်းတို့ ဆီမီးဖိုင်နယ်ပွဲစဉ်များ ယှဉ်ပြိုင် ကစားခဲ့ကြရာ
ကရင်ပြည်နယ် အသင်းနှင့် မန္တလေးတိုင်းဒေသကြီးအသင်းတို့ အနိုင်ရရှိကာ နောက်ဆုံး ဗိုလ်လုပွဲစဉ်သို့
တက်ရောက်သွားကြသည်။


No comments:
Post a Comment