မန္တလေး ဖေဖော်ဝါရီ ၁ဝ
မန္တလေးတိုင်းဒေသကြီး
ပြင်ဦး လွင်မြို့နယ် ရဲရွာဓာတ်အားပေးစက်ရုံ ၏ အောက် ၁၂ မိုင်ခန့်အကွာတွင် တည်ဆောက် အကောင် အထည်ဖော်
မည့် ဒီးဒုတ်(အနိမ့်တမံစနစ်) ရေအား လျှပ်စစ်စီမံကိန်း စတင်ခြင်းအခမ်း အနားကို အဆိုပါစက်ရုံ တည်ဆောက်
မည့်နေရာတွင် ယနေ့နံနက် ၁ဝ နာရီ ၌ကျင်းပရာ သမ္မတရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်း၊
သဘာဝပတ်ဝန်း ကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာ ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းထွန်း၊
စွမ်းအင်ဝန်ကြီး ဌာနဝန်ကြီး ဦးဇေယျာ အောင်၊ မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသ
ဖွံ့ဖြိုးရေးဝန်ကြီး ဌာနပြည်ထောင်စုဝန်ကြီး ဦးအုန်းမြင့်၊ လျှပ်စစ်စွမ်းအား ဝန်ကြီးဌာန
ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်စိုး၊ သတ္တုတွင်းဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာမြင့်အောင်၊
မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးရဲမြင့်နှင့် တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမောင်၊
မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝင်ဝန်ကြီးများ၊ သြစတြီးယားနိုင်ငံမှ ANDRITZ
HYDRO GmbH မှ တာဝန်ရှိပုဂ္ဂိုလ်များ၊ လျှပ်စစ်စွမ်းအား ဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊
ဒေသခံ များ တက်ရောက်ကြသည်။
အခမ်းအနားတွင်
ပြည်ထောင်စု ဝန်ကြီး ဦးခင်မောင်စိုးက အဖွင့်အမှာ စကားပြောကြားရာတွင် နိုင်ငံတော် အနေဖြင့်
ပြည်သူလူထု၏ လူမှုစီးပွား လိုအပ်ချက်များကို အဓိကဖြည့်ဆည်း ပေးနိုင်ရန် ဦးစားပေးလုပ်ငန်းစဉ်
(၇)ရပ်ကို ဖွံ့ဖြိုးတိုးတက်စေရန် ဆောင်ရွက်ပေးလျက်ရှိရာ လျှပ်စစ် ကဏ္ဍကို အဓိကဦးစားပေးအနေ
ဖြင့် ဆောင်ရွက်ပေးလျက်ရှိ သည်ကို တွေ့ရမည်ဖြစ်ကြောင်း၊ ယင်းသို့ ဆောင်ရွက်ရာတွင် အမျိုးသား
စွမ်းအင် စီမံခန့်ခွဲမှုကော်မတီကို ဖွဲ့စည်းပြီး အမျိုးသားစွမ်းအင်မူဝါဒ ချမှတ်ခြင်းဖြင့်
စွမ်းအင်ကဏ္ဍနှင့် လျှပ်စစ်ကဏ္ဍတို့ အချိုးညီညီပေါင်းစပ် ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊
နိုင်ငံတော်၏ လျှပ်စစ်ဓာတ်အား လိုအပ်ချက်သည် နှစ်စဉ် ၁၅ ရာခိုင် နှုန်းခန့်တိုးတက်နေကြောင်း၊
တိုးတက် လာသည့်နှုန်းအတိုင်း ဆက်လက်၍ အသုံးပြုသွားမည်ဆိုပါက နိုင်ငံတော် ၏ ဓာတ်အားလိုအပ်ချက်သည်
၂ဝ၂ဝ ပြည့်နှစ်တွင် ၄၅၃၁ မဂ္ဂါဝပ်၊ ၂ဝ၂၅ ခုနှစ်တွင် ၈၁၂၁ မဂ္ဂါဝပ်၊ ၂ဝ၃ဝ ခုနှစ်တွင် ၁၄၅၄၂
မဂ္ဂါဝပ်ခန့် အထိ ရောက်ရှိမည်ဖြစ်ပါကြောင်း၊ မိမိတို့နိုင်ငံတွင် လက်ရှိကာလ၌ ရေအား၊
သဘာဝဓာတ်ငွေ့နှင့် ကျောက်မီးသွေးသုံး ဓာတ်အားပေး စက်ရုံ ၄၃ ရုံ စက်တပ်ဆင်အင်အား ၄၉၈၇
မဂ္ဂါဝပ်ရှိပြီး ယခုနှစ်အတွင်း အများဆုံး ၂၂၃၂ မဂ္ဂါဝပ်အထိသာ ထုတ်လုပ်ဖြန့်ဖြူးပေးနိုင်ကြောင်း။
လျှပ်စစ်စွမ်းအားဝန်ကြီးဌာန
အနေဖြင့် စွမ်းအင်အရင်းအမြစ် အမျိုးမျိုးမှ လျှပ်စစ်ဓတ်အား ထုတ် လုပ်ပေးနိုင်မည့် နည်းလမ်းများ
ရှာဖွေဆောင်ရွက်လျက်ရှိရာ လျှပ်စစ် ဓာတ်အား ထုတ်ယူနိုင်ရေးကိုသာ အလေးပေးစဉ်းစားခြင်းမဟုတ်ဘဲ
စီမံ ကိန်းကြောင့် လူမှုပတ်ဝန်းကျင်နှင့် သဘာဝပတ်ဝန်းကျင်အပေါ် သက် ရောက်မှုများရှိနိုင်သည့်အတွက်
သက် ဆိုင်ရာပညာရပ်အလိုက် လျော့ပါး သက်သာစေရန် အစီအမံများကို လည်း နိုင်ငံတကာစံချိန်စံညွှန်းများ
နှင့်ညီညွတ်စေရန် ထည့်သွင်းစဉ်းစား ဆောင်ရွက်လျက်ရှိပါကြောင်း၊ လျှပ်စစ် ဓာတ်အားကို
တိုးတက်ထုတ်လုပ်နိုင် ရေးရှာဖွေဆောင်ရွက်ရာတွင် မြန်မာ နိုင်ငံ၏ပေါကြွယ်ဝလှသည့် ရေအရင်း
အမြစ်ကို ရယူအသုံးချခြင်းသည်လည်း အဓိကကျသည့် နည်းလမ်းတစ်ခုဖြစ် ပါကြောင်း၊ ရေအရင်းအမြစ်ကို
အသုံးချပြီး လျှပ်စစ်ထုတ်လုပ်ရန် စီမံဆောင်ရွက်ရာတွင်လည်း သဘာဝ ပတ်ဝန်းကျင်ထိခိုက်မှုကို
နည်းပါး အောင်၊ စီမံကိန်းကြောင့် ဒေသခံ ပြည်သူလူထုစီးပွားဘဝ ပိုမိုမြင့်မား လာစေရေးကို
မျှော်ကိုးစီစဉ်သွားမည် ဖြစ်ကြောင်း၊ ယခုတည်ဆောက်မည့် ဒီးဒုတ် (အနိမ့်တမံစနစ်) ရေအား
လျှပ်စစ်စီမံကိန်းသည် လူမှုပတ် ဝန်းကျင်နှင့် သဘာဝပတ်ဝန်းကျင် ထိခိုက်မှု အနည်းဆုံး ရေလှောင်တမံ
အမျိုးအစားဖြစ်ပါကြောင်း၊ ဥရောပ တိုက်ရှိ ဒင်းညုမြစ်၊ ရိုင်းမြစ်များပေါ် တွင်လည်း အနိမ့်တမံစနစ်သုံးရေအား
လျှပ်စစ်ဓာတ်အားပေးစက်ရုံများ တည်ဆောက်၍ ဓာတ်အားထုတ်ပေး လျက်ရှိပါကြောင်း၊ မြန်မာနိုင်ငံရှိ
ဧရာဝတီမြစ်၊ ချင်းတွင်းမြစ်နှင့် မြစ်ငယ်မြစ်တို့တွင် အနိမ့်တမံစနစ် များ တည်ဆောက်နိုင်ကြောင်းဖြင့်
ပြောကြားသည်။
ဆက်လက်ပြီး
ဝန်ကြီးချုပ် ဦးရဲမြင့်က ဒီးဒုတ်(အနိမ့်တမံစနစ်) ရေအားလျှပ်စစ်စီမံကိန်းသည် မြန်မာ
နိုင်ငံတွင် ပထမဦးဆုံးဆောင်ရွက် သည့် အနိမ့်တမံစနစ် စီမံကိန်း ဖြစ်ပြီး မန္တလေးတိုင်းဒေသကြီးအတွင်း
ဆောင်ရွက်ခွင့်ရ သည့်အတွက် အထူး ဂုဏ်ယူရပါကြောင်း၊ တိုင်းဒေသကြီး အတွင်းတွင် နိုင်ငံတော်၌
အကြီးဆုံး ဖြစ်သည့် ရဲရွာရေအားလျှပ်စစ်စက်ရုံ၊ ဆည်တော်ကြီးရေအားလျှပ်စစ်စက်ရုံ၊ ကင်းတားရေအားလျှပ်စစ်
စက်ရုံနှင့် ကျောက်ဆည် သဘာဝဓာတ်ငွေ့သုံး အင်ဂျင်များမှ လျှပ်စစ်ဓာတ်အား ၉၅၁ မဂ္ဂါဝပ်ထုတ်ပေးလျက်ရှိ
ကြောင်း၊ မကြာမီကာလတွင် သဘာဝ ဓာတ်ငွေ့သုံးစက်ရုံ (မြင်းခြံ)နှင့် နေရောင်ခြည်စွမ်းအင်သုံး
လျှပ်စစ် ဓာတ်အားများလည်း ထုတ်လုပ်နိုင် ရေးစီစဉ်ထားပြီးဖြစ်ပါကြောင်း၊ ယခု လက်ရှိ
နိုင်ငံတော်လျှပ်စစ်ထုတ်လုပ် မှု၏ ၂၅ ရာခိုင်နှုန်းကို မန္တလေး တိုင်းဒေသကြီးက ထုတ်လုပ်ပေးလျက်
ရှိပါကြောင်း၊ တိုင်းဒေသကြီးအတွင်း လျှပ်စစ်သုံးစွဲမှု ၃၅၈ မဂ္ဂါဝပ်ရှိနေပြီး ယခုနှစ်
နွေရာသီကာလတွင် ၄၇ဝ မဂ္ဂါဝပ်အထိ တိုးတက်မည်ဟု မျှော်မှန်းထားပါကြောင်း၊ တိုင်းဒေသ ကြီးအတွင်းရှိ
မြို့သာစက်မှုဥယျာဉ် စီမံကိန်း၊ တံတားဦးစီမံကိန်း၊ ကျောက် စိမ်းဥယျာဉ် စီမံကိန်းများပြီးမြောက်
ပါက လျှပ်စစ်ဓာတ်အားနောက်ထပ် ၄ဝဝ မဂ္ဂါဝပ်ခန့် ထပ်မံတိုးတက်လာ မည်ဖြစ်ပါကြောင်း၊ အသေးစားစက်မှု
လုပ်ငန်းများနှင့် မြို့ရွာများ၏ ဓာတ် အားအသုံးပြုမှုများလည်း ပိုမို တိုးတက်လာမည် ဖြစ်ပါကြောင်း၊
ယနေ့လုပ်ငန်း စတင်ဆောင်ရွက် သည့် ဒီးဒုတ်(အနိမ့်တမံစနစ်) ရေအားလျှပ်စစ် စီမံကိန်းသည်
နိုင်ငံတော် စီမံကိန်းတစ်ခုဖြစ်ပြီး နိုင်ငံတော် အတွက်ရော တိုင်းဒေသကြီး အတွက်ပါ လိုအပ်သည့်
လျှပ်စစ်ဓာတ်အားများ ဖြည့်ဆည်း ပေးနိုင်တော့မည် ဖြစ်သည့် အတွက် တိုင်းဒေသကြီး အနေဖြင့်
အားပေးကူညီမှုများ ပြုလုပ်ပေးသွား မည်ဖြစ်ပါကြောင်းဖြင့် ပြောကြား သည်။
ယင်းနောက်
လုပ်ငန်းစတင်ခြင်း အခမ်းအနားကို ဆက်လက်ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်စိုး၊
ဝန်ကြီးချုပ် ဦးရဲမြင့်နှင့် သြစတြီးယား နိုင်ငံမှ Mr. Alexander
Bihlm-ayer(Vice-President) Business Dep; (ANDRITZ HYDRO) တို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ပြီး
လုပ်ငန်းများ စတင်ခြင်းအတွက် ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်းက စက်ခလုတ်နှိပ် ဖွင့်လှစ်ပေးသည်။
ယခုတည်ဆောက်
အကောင် အထည်ဖော်မည့် ဒီးဒုတ် (အနိမ့်တမံ စနစ်) ရေအားလျှပ်စစ်စီမံကိန်းသည် ရဲရွာရေလှောင်တမံ၏
အောက်ဘက် ၁၂ မိုင်ခန့်အကွာ မြစ်ငယ်မြစ်ပေါ် တွင်တည်ရှိပြီး ရဲရွာဓာတ်အားပေး စက်ရုံမှ
စက်မောင်းနှင်ထုတ်လွှတ် လိုက်သည့်ရေများကို ပြန်လည် အသုံးချပြီး စက်တပ်ဆင်အင်အား ၆၆
မဂ္ဂါဝပ်ရှိ အနိမ့်တမံစနစ်သုံး ( Low Head ) ရေအားလျှပ်စစ်စက်ရုံ တည်ဆောက်ပြီး နှစ်စဉ်
ကီလိုဝပ်နာရီ ၂၇၉ ဒသမ ၆ သန်းခန့် ထုတ်လုပ် ပေးနိုင်မည်ဖြစ်ကြောင်း သိရသည်။
အနိမ့်တမံစနစ်သုံး
ရေအား လျှပ်စစ်နည်းပညာများ ရရှိရေး အတွက် လျှပ်စစ်စွမ်းအားဝန်ကြီး ဌာနနှင့် သြစတြီးယားနိုင်ငံ
ပို့ဆောင် ရေး၊ တီထွင်ရေးနှင့် နည်းပညာဝန်ကြီး ဌာနတို့ ၂ဝ၁၄ ခုနှစ် မေလ ၇ ရက် က နားလည်မှုစာချွန်လွှာကို
လက်မှတ်ရေးထိုးခဲ့ပြီး သြစတြီးယား နိုင်ငံအစိုးရ၏ချေးငွေကို ရယူဆောင် ရွက်မည်ဖြစ်ပြီး
စီမံကိန်းအတိုင်ပင်ခံ အင်ဂျင်နီယာအဖြစ် ဆွစ်ဇာလန်နိုင်ငံ မှ STUCKY SA ကုမ္ပဏီက ဆောင်
ရွက်မည်ဖြစ်ကာ စီမံကိန်းကာလ လေးနှစ်ခန့် ကြာမြင့်နိုင်မည်ဖြစ် ကြောင်း သိရသည်။ (အောင်သူရ)

No comments:
Post a Comment