Thursday, February 5, 2015

မြန်မာနှင့် ဗီယက်နမ် အကျိုးတူပူးပေါင်း၍ သင်္ဘောကျင်း လုပ်ငန်း ဖက်စပ်ကုမ္ပဏီ တည်ထောင်

ရန်ကုန် ဖေဖော်ဝါရီ ၎
မြန်မာနိုင်ငံ ပို့ဆောင်ရေးဝန်ကြီး ဌာန မြန်မာ့သင်္ဘောကျင်းလုပ်ငန်းနှင့် ဗီယက်နမ်နိုင်ငံ Dong A Shipbuilding Joint Stock Company တို့ အကျိုးတူပူးပေါင်း၍ သင်္ဘောကျင်းလုပ်ငန်း ဖက်စပ်ကုမ္ပဏီ တည်ထောင် သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်၏ ခွင့်ပြုချက်ရရှိပြီးဖြစ်၍ မြန်မာ-ဗီယက်နမ် အကျိုးတူပူးပေါင်း သည့် သင်္ဘောကျင်းလုပ်ငန်း ဖက်စပ် ကုမ္ပဏီတည်ထောင်ရန် သဘောတူညီ ချက် လက်မှတ်ရေးထိုးခြင်းကို ဇန်န ဝါရီ ၃၁ ရက် ညပိုင်းက ရန်ကုန်မြို့ ကမာရွတ်မြို့နယ် ပြည်လမ်းရှိ Novotel Yangon Max ဟိုတယ် တွင် ပြုလုပ် ခဲ့သည်။


မြန်မာ-ဗီယက်နမ် ပူးတွဲဖက်စပ် တည်ထောင်မည့် သင်္ဘောကျင်းလုပ် ငန်းကို မြန်မာ့သင်္ဘောကျင်းလုပ်ငန်းမှ ထည့်ဝင်ငွေ အမေရိကန်ဒေါ်လာ ၈၉ ဒသမ ၅ သန်း (၅၁ ရာခိုင်နှုန်း)၊Dong A Shipbuilding Industry JSC၏ ထည့်ဝင်ငွေ အမေရိကန် ဒေါ်လာ ၈၅ ဒသမ ၉ သန်း (၄၉ ရာခိုင်နှုန်း) စုစုပေါင်း ရင်းနှီးမြှုပ်နှံမှု ပမာဏ အမေရိကန်ဒေါ်လာ ၁၇၅ ဒသမ ၄ သန်းဖြင့် Myanma Ship- yards-Dong A Joint Venture Company Limited ဖွဲ့စည်း ဆောင်ရွက်သွားမည်ဖြစ်သည်။
မြန်မာ့သင်္ဘောကျင်း လုပ်ငန်း၏ လျောလမ်းသုံးလွန်းကျင်းအား ခေတ် မီစက်ကိရိယာများ တပ်ဆင်အဆင့် မြှင့်တင်ခြင်းနှင့် ရေယာဉ်အရွယ် အစား တန်ချိန် ၂၂ဝဝဝ အထိ တည်ဆောက်နိုင်သော လွန်းကျင်း သစ်တစ်ခု တည်ဆောက်ရေး လုပ်ငန်းများ ဆောင်ရွက်သွားမည်ဖြစ်ပြီး စီးပွားရေးလုပ်ငန်းအဖြစ် ၂၂ဝဝဝdwt ရေယာဉ်သစ်များ တည်ဆောက်ခြင်းနှင့် ၃ဝဝဝdwt ရေယာဉ်များ ပြင်ဆင်ခြင်းလုပ်ငန်း၊ သင်္ဘောကျင်း လုပ်ငန်းနှင့် ဆက်စပ် လျက်ရှိသော အခြားစီးပွားရေး လုပ်ငန်းများကို ဆောင်ရွက်သွားမည် ဟု သိရသည်။
ယင်းကဲ့သို့ ဖက်စပ်ကုမ္ပဏီတည် ထောင်ဆောင်ရွက်ရန် သဘောတူ လက်မှတ်ရေးထိုးခဲ့ရာတွင် ရေယာဉ် တည်ဆောက်ရေး လုပ်ငန်းအတွက် ကန်ထရိုက်စာချုပ်များနှင့် နားလည်မှု စာချွန်လွှာ လက်မှတ်ရေးထိုးခြင်းကို လည်း ဆက်လက်ဆောင်ရွက်ခဲ့ပြီး Uniteam Marine Yangon Limited နှင့် 110 Ft Clinic Boat တစ်စင်း တည်ဆောက်ရေးစာချုပ်၊ လင်းစန္ဒာအောင် ကုမ္ပဏီလီမိတက် နှင့် 90 Ft Fish Trawler တစ်စင်း တည်ဆောက်ရေး စာချုပ်တို့ကို လက်မှတ်ရေးထိုးခဲ့ကြပြီးBravely (Myanmar) Transport & Logistics Co.,Ltd နှင့် Container Vessel? General Cargo Vessel၊ Tanker များ အစင်း ၃ဝ တည်ဆောက် ရေးအတွက် နားလည်မှုစာချွန်လွှာ ကိုလည်း ရေးထိုးခဲ့ကြသည်။ အဆိုပါ အခမ်းအနားသို့ ပို့ဆောင်ရေးဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဦးဥာဏ်ထွန်းအောင်၊ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင် ဒုတိယ ဥက္ကဋ္ဌနှင့် ဟိုတယ်နှင့် ခရီးသွားလာရေး လုပ်ငန်းဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးဌေးအောင်၊ ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးများနှင့် မြန်မာနိုင်ငံဆိုင်ရာ ဗီယက်နမ်နိုင်ငံ သံအမတ်ကြီး၊ ရင်းနှီးမြှုပ်နှံမှုများနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန၊ ပို့ဆောင်ရေး ဝန်ကြီးဌာနတို့မှ တာဝန်ရှိသူများနှင့် Dong A Shipbuilding Industry JSC မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

No comments:

Post a Comment