Sunday, February 8, 2015

၂၀၁၅ ခုနှစ် မြန်မာနိုင်ငံ ဖွံ့ဖြိုးတိုးတက်မှု ပူးပေါင်းဆောင်ရွက်ရေးဖိုရမ် ပူးတွဲကြေညာချက်



နေပြည်တော် ဖေဖော်ဝါရီ  
၂၀၁၅ ခုနှစ် ဖေဖော်ဝါရီလ ၇ ရက်နှင့် ၈ရက်တို့တွင် “အခြေခံအုတ်မြစ်များ တည်ဆောက်လို့   - အားလုံးအကျုံးဝင် သည့် အနာဂတ်ဖွံ့ဖြိုးမှုဆီသို့” ခေါင်းစဉ်ဖြင့် ကျင်းပပြုလုပ်သည့် တတိယအကြိမ် မြန်မာနိုင်ငံ ဖွံ့ဖြိုးတိုးတက်မှု ပူးပေါင်း ဆောင်ရွက်ရေး ဖိုရမ်သို့ မြန်မာနိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်ရေးနှင့် သက်ဆိုင်သူ အားလုံး ပါဝင်တက် ရောက်ခဲ့ကြပါသည်။
အဆိုပါတက်ရောက်သူများတွင် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် အစိုးရ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ နိုင်ငံရေး ပါတီများမှ ကိုယ်စားလှယ်များ၊ နိုင်ငံတကာ ဖွံ့ဖြိုးမှုမိတ်ဖက်များ၊ ပြည်တွင်းပြည်ပမှ အရပ်ဖက် လူမှုအဖွဲ့ အစည်းများ၊ ပုဂ္ဂလိကကဏ္ဍ မှ ကိုယ်စားလှယ်များနှင့် အသိပညာရှင်၊ အတတ်ပညာရှင်များပါဝင်ပါသည်။

ဤအခါသမယတွင် ကျွန်ုပ်တို့သည် မြန်မာနိုင်ငံနှင့် ပြည်သူပြည်သားများ အတွက် အကျိုးကျေးဇူး အမြင့်မား ဆုံး ဆောင်ကြဉ်းပေးနိုင်ရန် ထိရောက်၍ စွမ်းဆောင်ရည်ရှိပြီး အားလုံးအကျုံးဝင်သည့် ဖွံ့ဖြိုးမှု ပူးပေါင်းဆောင်ရွက်ရေး ဖြစ်ပေါ် စေမည့်ကျွန်ုပ်တို့၏ ပူးတွဲအောင်မြင်ရရှိမှုများကို အတူတကွ ဆွေးနွေးကြ ပါသည်။ ထိုသို့ဆွေးနွေးရာတွင် ကျွန်ုပ်တို့သည် ကမ္ဘာလုံးဆိုင်ရာ ဖွံ့ဖြိုးမှုထိရောက်မှုရှိရေး စည်းမျဉ်းများကို မြန်မာနိုင်ငံ၏ အခြေအနေနှင့်အညီ ချမှတ်ခဲ့ သည့် ထိရောက် မှုရှိသော ဖွံ့ဖြိုးမှု ပူးပေါင်းရေးအတွက် နေပြည်တော် သဘောတူညီချက်ပါ ကျွန်ုပ်တို့၏ ပူးတွဲကတိ ကဝတ်များ ကို ပြန်လည်အမှတ်ရ၍ ထပ်လောင်း အတည်ပြုပါ သည်။
ကျွန်ုပ်တို့သည် ၂၀၁၄ ခုနှစ် မြန်မာနိုင်ငံဖွံ့ဖြိုးတိုးတက်မှုပူးပေါင်းဆောင် ရွက်ရေးဖိုရမ်အပြီးတွင် ထုတ်ပြန်ခဲ့သည့် ပူးတွဲကြေညာချက်ပါ အားနည်းထိခိုက်လွယ်သူများအပါအဝင် အသိုက်အဝန်းအားလုံးကို အကျိုးကျေးဇူး ဖြစ်ထွန်းရေးအ တွက်မြန်မာနိုင်ငံတွင် ဖွံ့ဖြိုးမှုပူးပေါင်းဆောင်ရွက်ရေးကို ထိရောက်စွာ ဆောင်ရွက်သွားရန် နှိုးဆော်သည့် ကျွန်ုပ်တို့၏ ထပ်လောင်း ကတိ ကဝတ်ကိုလည်း ပြန်လည်အမှတ်ရကြပါသည်။
ဖွံ့ဖြိုးမှုမိတ်ဖက်များ၏ စီမံကိန်းများနှင့် အစီအစဉ်များ များပြားလာသည်နှင့်အတူ ၎င်းတို့ကို ထိရောက်စွာစီမံခန့်ခွဲခြင်းသည် ကျွန်ုပ်တို့၏တူညီသည့် ဦးစားပေးလုပ်ငန်းဖြစ်လာပါသည်။ နေပြည်တော်f သဘောတူညီချက် လုပ်ငန်းအစီအ စဉ်(၂၀၁၄)  နှင့်အညီ အကူအညီအထောက်အပံ့ သတင်းအချက်အလက် စီမံခန့်ခွဲရေးစနစ်ကို တည်ထောင်ထားရှိပါသည်။ ယင်းသည် အကူအညီအလိုအပ်ဆုံးနေရာများသို့ ပိုမိုထောက်ပံ့ ပေးနိုင်ရန် အကူအညီအထောက်အ ပံ့များထိရောက်မှု ရှိ-မရှိနှင့် ထပ်မံအလေး ထားရမည့် နယ်ပယ်များ၊ လုပ်ဆောင်ချက်များကို စဉ်းစားသတ်မှတ်နိုင်ရေးတွင် အထောက်အကူပြု  စေမည်ဖြစ်ပါသည်။ ဖွံ့ဖြိုးမှု မိတ်ဖက်များသည် ၎င်းတို့၏ လုပ်ဆောင်မှုများနှင့် အောင်မြင်ရရှိမှုများကို အသေးစိတ် ကို ဖော်ပြသွားရန် ကတိကဝတ်ထားသကဲ့သို့ မြန်မာနိုင်ငံအစိုးရသည်လည်း" နိုင်ငံတကာအကူအညီပွင့်လင်းမြင် သာမှုရှိစေ ရေး အစီအစဉ်” တွင် အဖွဲ့ဝင်ဖြစ်လာခြင်း "ပွင့်လင်းအစိုးရမိတ်ဖက်နိုင်ငံများ အဖွဲ့” နှင့်” သယံဇာတအရင်း အမြစ် တူးဖော်ရေးလုပ်ငန်းများ ပွင့်လင်းမြင်သာမှု ဖော်ဆောင်ရေး အစီအစဉ်” တို့တွင် အဖွဲ့ဝင်ဖြစ်လာရန် ဆောင်ရွက် ခြင်းဖြင့် အစိုးရ၏ပွင့်လင်းမြင်သာမှုရှိစေရေး ကတိကဝတ်များကို တိုးမြှင့်ဆောင်ရွက်လျက်ရှိပါသည်။
ဤဖိုရမ်တွင် တက်ရောက်သူများအားလုံးသည် “ထိရောက်မှုရှိသော ဖွံ့ဖြိုးမှုပူးပေါင်းရေးအတွက် နေပြည်တော် သဘောတူ ညီချက်” ပါ ကတိကဝတ်များ နှင့်အညီ မြန်မာနိုင်ငံ၏ဖွံ့ဖြိုးတိုးတက်မှု အလားအလာ များကို အမှန်တကယ်ဖြစ် လာစေရန် အတွက် ပွင့်လင်း၍ အားလုံးအကျုံးဝင်ပြီး တီထွင်ဆန်းသစ်သည့် မိတ်ဖက်ပြုမှုပုံစံဖြင့် မြန်မာနိုင်ငံနှင့်  ဆက်လက် လုပ် ဆောင်သွားရန် ထပ်လောင်းကတိကဝတ်ပြုကြပါသည်။ ထို့ပြင် ကျွန်ုပ်တို့သည်ဖွံ့ ဖြိုးမှုထိရောက်မှုရှိရေး ခရီးလမ်းကြောင်း မှ သင်ခန်းစာများကို မျှဝေရယူသည့် တာဝန်သိသော နိုင်ငံတစ်နိုင်ငံအဖြစ်” ထိရောက်သည့် ဖွံ့ဖြိုးမှု ပူးပေါင်း ဆောင်ရွက်ရေးအတွက် ကမ္ဘာလုံးဆိုင်ရာ မိတ်ဖက်ပြုမှု လုပ်ငန်းစဉ်” တွင်လည်း ပါဝင်ဆောင်ရွက်သွားရန် ရည်ရွယ် ပါသည်။
ဤပူးတွဲကြေညာချက်ကို ၂၀၁၅ ခုနှစ် ဖေဖော်ဝါရီလ ၈ ရက်နေ့တွင် ကျင်းပပြုလုပ်သည့် မြန်မာနိုင်ငံဖွံ့ဖြိုးတိုးတက်မှု ပူးပေါင်းဆောင်ရွက်ရေးဖိုရမ်၌ တခဲနက်အတည်ပြုခဲ့ပါသည်။

No comments:

Post a Comment