နေပြည်တော် ဖေဖော်ဝါရီ ၃
ပထမအကြိမ် ပြည်ထောင်စုလွှတ်တော် (၁၂)ကြိမ်မြောက်ပုံမှန်အစည်းအဝေး (၁၁)ရက်မြောက်နေ့
ကို ယနေ့မွန်း လွဲပိုင်းတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ ပြည်ထောင်စုလွှတ်တော်
အစည်း အဝေးခန်းမ၌ အစီ အစဉ်(၁၃)ခုဖြင့် ကျင်းပသည်။
အစည်းအဝေးတွင် နိုင်ငံတော်သမ္မတထံမှ သဘောထားမှတ်ချက်ဖြင့် ပြန်လည်ပေးပို့လာသော
ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈ ခုနှစ်)ကို ပြင်ဆင်သည့်
ဥပဒေကြမ်းအတည်ပြုရေး ပြည်လုံး ကျွတ်ဆန္ဒခံယူပွဲဥပဒေကြမ်းနှင့်စပ်လျဉ်း၍ လွှတ်တော်ကိုယ် စားလှယ်များ ဆက်လက်ဆွေးနွေးကြပြီး
တစ်ပိုဒ်ချင်း စီအလိုက် လွှတ်တော်၏အဆုံးအဖြတ်ရယူ အတည်ပြုသည်။
အဆိုပါဥပဒေကြမ်းအား လွှတ်တော်က ဆုံးဖြတ်ထားသည့်အတိုင်း ပြင်ဆင်ပြီး
ပြည်ထောင်စု လွှတ်တော်ဆိုင်ရာ နည်းဥပဒေနှင့်အညီ နိုင်ငံတော်သမ္မတထံသို့ ပြန်လည်ပေးပို့သွားမည်ဖြစ်ကြောင်း
သိရသည်။
ထို့နောက် ဒဂုံမြို့သစ်(မြောက်ပိုင်း)မဲဆန္ဒနယ်မှ ဒေါ်တင်နွယ်ဦးတင်သွင်းသည့်
ဝင်ငွေခွန် ဥပဒေကို ပြင်ဆင်သည့် ဥပဒေ (၁၅/၂၀၁၄)ဖြင့်ပြင်ဆင်ပြီး ဝင်ငွေခွန်ဥပဒေပါ
ပြဋ္ဌာန်းချက်များကို ဆန့်ကျင်လျက် ပြည်တွင်း အခွန်များဦးစီးဌာနက စီမံခန့်ခွဲ အခွန်ကောက်ခံခြင်းများကို
ရပ်ဆိုင်းစေ၍ လိုအပ်မှုရှိသည်များကို ပြည်ထောင်စုအစိုးရအဖွဲ့ ဘဏ္ဍာရေး ဝန်ကြီးဌာနက ပြည်ထောင်စုလွှတ်တော်
သို့ ဥပဒေကြမ်းထပ်မံတင်သွင်းရန်၊ ပြည်ထောင်စုအစိုးရအဖွဲ့ လုပ်ပိုင်ခွင့် ဘောင်အတွင်း
နည်းဥပဒေ များ၊ စည်းမျဉ်းများ အသစ်ရေးဆွဲသတ်မှတ် ပြင်ဆင်ခြင်းပြုလုပ်၍ အကောင် အထည်ဖော်ဆောင်ရွက်
ရန် ပြည်ထောင်စုအစိုးရအဖွဲ့သို့တိုက်တွန်းကြောင်း အဆိုနှင့်စပ်လျဉ်း၍ ဘဏ္ဍာရေး ဝန်ကြီးဌာန
ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်က စားသောက်ဆိုင်များက ထုတ်ပေးသော ပြေစာများအပေါ် အခွန်
အမှတ် တံဆိပ် ကပ်နှိပ်စေခြင်းကို ကုန်သွယ်လုပ်ငန်းခွန်စည်းမျဉ်း ၄၀ ပါ ပြဋ္ဌာန်းချက်များနှင့်အညီ
ဆောင်ရွက် ခြင်းဖြစ်ပါကြောင်း၊ အရက်၊ စီးကရက် အစရှိသည့် အထူးကုန်စည်များအပေါ် အခွန်အမှတ်
တံဆိပ်ကပ် နှိပ်ရောင်း ချစေခြင်းကိုလည်း ကုန်သွယ်လုပ်ငန်းခွန်ဥပဒေပုဒ်မ ၃၃၊ ၂၀၁၄ ခုနှစ်၊
ပြည်ထောင်စု၏ အခွန် အကောက်ဥပဒေ ပုဒ်မ ၁၁၊ ပုဒ်မခွဲ(ခ)နှင့် ကုန်သွယ်လုပ်ငန်းခွန် စည်းမျဉ်း
၄၁-က တို့ပါ ပြဋ္ဌာန်းချက်များနှင့်အညီ ဆောင်ရွက်ခြင်း ဖြစ်ပါကြောင်း၊ ပြည်တွင်းထုတ်လုပ်သည့်
အရက်အမျိုးမျိုးနှင့် ပတ်သက်ပြီး လက်လီရောင်းဈေးကို အခြေပြု၍ စက်ရုံ ရောင်းဈေး ချိန်ဆတွက်ချက်
စေခြင်းကိုလည်း ကုန်သွယ်လုပ်ငန်းခွန်ဥပဒေ ပုဒ်မ ၂၉၊ ကုန်သွယ်လုပ်ငန်းခွန်စည်းမျဉ်း
၄၁-ခ တို့ပါ လုပ်ပိုင်ခွင့်နှင့်အညီ ညွှန်ကြားချက် ထုတ်ပြန်ဆောင်ရွက်ခဲ့ခြင်းဖြစ်ပါကြောင်း။
တံဆိပ်ခေါင်းခွန်နှင့် ပတ်သက်ပြီး ၁၉၉၇ ခုနှစ် ဇူလိုင် ၂၇ ရက်စွဲပါ
ဘဏ္ဍာရေးနှစ် အခွန်ဝန်ကြီး ဌာန၏ အမိန့်ကြေငြာ စာအမှတ် ၁၄၅/၁၉၉၇ ဖြင့် ဘဏ္ဍာတော်မင်းကြီး၏
လုပ်ပိုင်ခွင့်များကို ပြည်တွင်း အခွန်များဦးစီးဌာန ညွှန်ကြားရေးမှူး ချုပ်သို့ အပ်နှင်းထားသည်နှင့်အညီ
လိုက်နာဆောင်ရွက်နေခြင်းဖြစ် ပါကြောင်း။
ဥပဒေအသီးသီးပါ ကော်လိတ္တော်အရာရှိများ၏ လုပ်ပိုင်ခွင့်များနှင့်အညီ အိမ်၊
မြေအစရှိသည့် အခြေပစ္စည်းများကို လုပ်ငန်း ဆက်စပ်ဌာနများ ပါဝင်သော ပူးပေါင်းအဖွဲ့ဖြင့်
သက်ဆိုင်ရာတိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် အစိုးရ အဖွဲ့တို့က သတ်မှတ်ပေးထားသည့် စံနှုန်းများနှင့်အညီ
ပွင့်လင်းမြင်သာစွာ ဆောင်ရွက်ခြင်းအား ဖွဲ့စည်းပုံ အခြေခံ ဥပဒေပုဒ်မ ၄၄၇ ပါ ပြဋ္ဌာန်းချက်အရ
ဆက်လက်ဆောင်ရွက် နေခြင်းဖြစ်ပါကြောင်း။
ဝင်ငွေနှစ်အတွင်း စည်းကြပ်မှုပြုလုပ်နိုင်ရေးအတွက် ဝင်ငွေခွန်ဥပဒေ ပုဒ်မ
၂၉နှင့်အညီ ဝင်ငွေနှစ်အား စည်းကြပ်နှစ် အဖြစ် သတ်မှတ်ဆောင်ရွက်သွားရန် ဘဏ္ဍာရေးဝန်ကြီးဌာနအနေဖြင့်
အမိန့်ကြော်ငြာစာထုတ်ပြန်ပြီးဖြစ်ပါကြောင်း၊ ကုမ္ပဏီများ အပေါ် အခွန်စည်းကြပ်ရာတွင် တင်ပြတောင်းခံသည့်
လှူဒါန်းငွေအားလုံးကို ခွင့်မပြုဘဲ ဝင်ငွေခွန် ဥပဒေပုဒ်မ ၆-ကပါ ဥပဒေပြဋ္ဌာန်းချက်နှင့်အညီ
ခွင့်ပြုနုတ်ပယ်တွက်ချက်ပေးမည်ဖြစ်ပါကြောင်း၊ ပို့ကုန်သွင်း ကုန်းများ အပေါ် ကြိုတင်ဝင်ငွေ
ခွန် ၂ ရာခိုင်နှုန်း ထမ်းဆောင်စေခြင်းကို အခွန်ထမ်းပြည်သူများ၏ ဆန္ဒနှင့်အညီ ဝင်ငွေခွန်
ဥပဒေ ပုဒ်မ ၁၆-ခ အရ ပြည်ထောင်စုအစိုးရအဖွဲ့၏ သဘောတူညီချက်ဖြင့် ဆောင်ရွက်ခြင်းပါကြောင်း။
ဘဏ္ဍာရေးဝန်ကြီးဌာနအနေဖြင့် နိုင်ငံတော်နှင့်ပြည်သူများအတွက် အခွန်ကောက်ခံမှု
လုပ်ငန်းများကို ဆောင်ရွက် ရာတွင် နိုင်ငံတော်၏ စီးပွားရေးဝန်းကျင်နှင့် လိုက်လျောညီထွေစွာ
နိုင်ငံ တကာအခွန်စနစ်များ၏ ကောင်းမွန်သော စံများနှင့်အညီ ဆောင်ရွက်ပေးနိုင်ရန် ကြိုးပမ်းဆောင်ရွက်
လျက်ရှိပါကြောင်း၊ ကြိုးပမ်းဆောင်ရွက်မှုများအားလုံးကို ဥပဒေနှင့်အညီဖြစ်စေရန် လိုအပ်သော
ဥပဒေ၊ နည်းဥပဒေများ၊ စည်းမျဉ်းများ ပြင်ဆင်ပြဋ္ဌာန်းမှုကို ဆောင်ရွက်လျက်ရှိပါကြောင်းဖြင့်
ရှင်းလင်းဆွေးနွေး သည်။
ယင်းဝင်ငွေခွန် ဥပဒေဆိုင်ရာကိစ္စနှင့်စပ်လျဉ်း၍ သက်ဆိုင်ရာ ပြည်ထောင်စုအဆင့်
အဖွဲ့အစည်းဝင်နှင့် လွှတ်တော် ကိုယ်စားလှယ်များ၏ ရှင်းလင်းဆွေးနွေးတင်ပြချက်များကို
လွှတ်တော်က မှတ်တမ်းတင်ဆောင်ရွက်ခဲ့သည်။
ယင်းနောက် ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးမှပေးပို့သော ၂၀၁၃-၂၀၁၄ ဘဏ္ဍာရေးနှစ်
ဒုတိယ(၆)လ နိုင်ငံတော်၏ အရအသုံးစာရင်းများကို စစ်ဆေးရာတွင် တွေ့ရှိရသည့် စစ်ဆေးတွေ့ရှိ
ချက်များ၊ စာရင်းစစ်ကန့်ကွက်ချက်များ အရေးယူဆောင်ရွက်ပြီးစီးမှု အခြေအနေများနှင့်စပ်လျဉ်း
သည့် ပြည်သူ့ငွေစာရင်းပူးပေါင်းကော်မတီ၏ လေ့လာ သုံးသပ်ချက်အစီရင်ခံစာ (၁/၂၀၁၅) နှင့်စပ်လျဉ်း၍
လွှတ်တော်ကိုယ်စားလှယ် (၅)ဦးတို့က ဆွေးနွေးကြသည်။
ရွှေပြည်သာမဲဆန္ဒနယ်မှ ဦးတင်မောင်ဦးက ပြည်ထောင်စုအစိုးရနှင့် တိုင်းဒေသကြီး
အစိုးရတို့က လုပ်ငန်းတင်ဒါများ ခေါ်ယူရာတွင် ကြန့်ကြာမှုရှိသည်ကို တွေ့ရှိရပါကြောင်း၊
အဆိုပါ ကြန့်ကြာသည့် ကာလများတွင် စီမံကိန်းအတွက် ခွင့်ပြုထားသော နိုင်ငံပိုင်ငွေကြေးများအား
ဘဏ်များတွင် အပ်နှံ၍ မသမာမှုများဖြစ်ပေါ်လာနိုင်ပါကြောင်း၊ ဘဏ္ဍာရေးနှစ် ကုန်ဆုံးပြီးသည့်တိုင်
ဘဏ္ဍာငွေထုတ်ယူသုံးစွဲ နေခြင်းများ တွေ့ရှိရပါကြောင်းဖြင့် ဆွေးနွေးသည်။
ဧရာဝတီတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၁၀)မှ ဦးသိမ်းဆွေက ပြည်သူ့ဘဏ္ဍာငွေများ
သုံးစွဲရာ တွင် ပြည်သူ များအတွက် ထိရောက်ရန်၊ အကျိုးရှိရန်လိုအပ်ပါကြောင်း၊ ငွေကြေးများကို
ငွေစုစာအုပ်များ တွင် ထည့်၍သုံးစွဲခြင်း၊ လက်ဝယ် ကိုင်ဆောင်ထားခြင်း၊ ဘဏ္ဍာရေးနှစ်ကုန်ပြီးမှ
သုံးစွဲခြင်းများရှိသည်ကို ပြည်သူ့ငွေစာရင်း ပူးပေါင်းကော် မတီ၏ အစီရင်ခံစာအရ သိရှိရပါကြောင်းဖြင့်
ဆွေးနွေးသည်။
ယင်းလေ့လာသုံးသပ်ချက်အစီရင်ခံစာနှင့်စပ်လျဉ်း၍ ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စု
ဝန်ကြီး ဦးဝင်းရှိန်နှင့် ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး ဒုတိယစာရင်းစစ်ချုပ် ဦးမျိုးမြင့်တို့က
ပြန်လည် ရှင်းလင်းဆွေးနွေးကြသည်။
ထို့နောက် ပြည်သူ့ငွေစာရင်းပူးပေါင်းကော်မတီ အတွင်းရေးမှူး ဦးမောင်တိုးက
ယင်းအစီ အရင်ခံစာ(၁/၂၀၁၅)ကို ပြည်ထောင်စုလွှတ်တော်က သဘောတူလက်ခံရန် အဆိုတင်သွင်းရာ လွှတ်တော်က
သဘောတူအတည်ပြုကြောင်း ဆုံးဖြတ်ခဲ့သည်။
ယင်းနောက် ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးမှပေးပို့သော ၂၀၁၃-၂၀၁၄ ဘဏ္ဍာရေးနှစ်
ပြည်ထောင်စု လွှတ်တော် ဆိုင်ရာ ဖွံ့ဖြိုးရေးရန်ပုံငွေနှင့်စပ်လျဉ်းသည့် စစ်ဆေးတွေ့ရှိချက်
အစီရင် ခံစာအပေါ် ပြည်သူ့ငွေစာရင်း ပူးပေါင်း ကော်မတီ၏ လေ့လာသုံးသပ်ချက်အစီရင်ခံစာ
(၂/၂၀၁၅) ကို ပြည်ထောင်စုလွှတ်တော်က လက်ခံရန် ပြည်သူ့ ငွေစာရင်းပူးပေါင်းကော်မတီဝင်
ဦးမိုးဇော်ဟိန်းက အဆိုတင်သွင်းရာ လွှတ်တော်က သဘောတူအတည်ပြုကြောင်း ဆုံးဖြတ်ခဲ့သည်။
No comments:
Post a Comment